ပုလောတွင် စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရပြီး ကားနှစ်စီးပျက်စီးဟုဆို
diz_admin
April 27, 2022မြိတ်ဘက်မှ ပုလောဘက်သို့ လာသည့် စစ်ကောင်စီတပ် ကားတန်း ဧပြီလ ၂၆ ရက်နေ့ ည ၈နာရီခွဲ ဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ကားနှစ်စီး ပျက်စီးကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ပုလော-မြိတ် ပြည်ထောင်စုလမ်းမကြီးပေါ် သင်္ကန်းတောရွာအဝင် မှော်ကွေ့တွင် ပေါက်ကွဲသံနှစ်ချက် စတင်ကြားခဲ့ရပြီး ပစ်ခတ်သံများ အဆက်မပြတ် ကြားရကြောင်း ဒေသခံများက ပြောသည်။ “ဂျိမ်း… ဂျိမ်း ဆိုပြီး နှစ်လုံးစကြားရတယ်။ ပြီးတော့ ပေါက်ကွဲသံတွေ ပစ်ခတ်သံတွေ ဆက်တိုက်ကြား ရတာပဲ” ဟု သင်္ကန်းတောရွာနေ အမျိုးသားတစ်ဦးက ပြောဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သင်္ကန်းတော၊ ကဒဲ၊ ပဝတ်ကုန်း၊ မင်းထိန်၊ ခမောင်းတော စသည့် ကျေးရွာများ တောက်လျှောက် ပစ်ခတ်မောင်းနှင်သွားကြောင်း အဆိုပါကျေးရွာ ဒေသခံများက ပြောသည်။ “တစ်ညလုံး ပစ်နေကြတာ။ […]


