မြိတ်ဒေသထွက် ကဏန်းမဲ ကိုဗစ်မတိုင်ခင် ဈေးနှုန်း ပြန်မရသေး
diz_admin
December 2, 2021မြိတ်ဒေသမှ ထွက်ရှိသည့် ကဏန်းမဲများ ကိုဗစ်ကပ်ဘေး မဖြစ်ခင်က ဈေးနှုန်းသို့ ပြန်လည် မရောက် သေးကြောင်း ကဏန်းအဝယ်ဒိုင်များထံမှ သိရသည်။ ကိုဗစ်ကပ်ဘေး မဖြစ်ခင်က တစ်ပိဿာ ကျပ်နှစ်သောင်းရှစ်ထောင်ဖြင့် ဝယ်ယူနေသည့် ကဏန်းမဲများမှာ ယခုအခါ တစ်သောင်းရှစ်ထောင်ကျပ်ဖြင့် ဝယ်ယူနေပြီး ဈေးငြိမ်နေကြောင်း ကဏန်းဝယ်ယူ ရောင်းချနေသူ များက ပြောသည်။ “ဈေးကတော့ ဒီအတိုင်းပဲ သွားနေတယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်မှ ကဏန်းအဝယ်ဒိုင်ပိုင်ရှင် ဦးအေးလွင် က ပြောသည်။ ဝယ်ယူရရှိသည့် ကဏန်းများကို ယခင်က တရုတ်နှင့် ထိုင်းသို့ တင်ပို့နေသော်လည်း ယခုအခါ ထိုင်း တစ်နိုင်ငံတည်းကိုသာ တင်ပို့နေရသဖြင့် ဈေးနှိမ်ဝယ်ယူနေသည့် အနေအထားဖြစ်နေသည်ဟု ကဏန်း ရောင်းဝယ်သူအချို့က မှတ်ချက်ပေးသည်။ “ကျွန်တော်တို့က ထိုင်းကို အကြွေးနဲ့ ပို့ပေးနေရတယ်။ ငွေက […]


