မောတောင်နယ်စပ်အနီး ထိုင်းတွင် ငါးရက်အတွင်း မြန်မာလုပ်သား ၄၀၀ နီးပါး ဖမ်းဆီးခံရ
diz_admin
December 7, 2021တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ ငါးရက်တွင်း မြန်မာရွှေ့ပြောင်း အလုပ် သမား ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့က ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီခရိုင်တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၉ ဦးတို့အား ဖမ်းမိခဲ့သည်။ ယင်းနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပရာကျွတ်ခီရီခန်ခရိုင်အတွင်း နေရာ သုံးနေရာတွင် စုစုပေါင်း အလုပ်သမား ၁၃၀ ဦး ထပ်မံဖမ်းမိကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။ ပရာကျွတ်ခီရီခန်ခရိုင်းအတွင်းပင် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ၄၉ ဦး (အမျိုးသား ၃၃ ဦး၊ […]


