BREAKING
October 28, 2025

မြိတ်

မြိတ်တွင် အိမ်စီးကား နေအိမ်ကို ဝင်တိုက်၊ လူ ၁၀ ဦးဒဏ်ရာရ

diz_admin

December 17, 2021

မြိတ်မြို့နယ် ကန်သာယာကျေးရွာတွင် ယနေ့ (ဒီဇင်ဘာ ၁၇) အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ နေအိမ်တစ်အိမ်အတွင်း ဝင်တိုက်သဖြင့် ကားပေါ်လိုက်ပါလာသူ ၁၀ ဦး ဒဏ်ရာရကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ မြိတ်ဘက်မှ တနင်္သာရီမြို့ဘက်သို့ မောင်းနှင်လာသည့် VIGO အမျိုးအစား အဖြူရောင်ကားသည် အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ ကားတိုက်မှုကြောင့် ကားပေါ်တွင် လိုက်ပါလာသူ အမျိုးသား သုံးဦးနှင့် အမျိုးသမီးခုနှစ်ဦးတို့ ဒဏ်ရာ ရရှိသဖြင့် မြိတ်မြို့ရှိ အမှတ် (၅) ခုတင် ၁၀၀ ဆံ့ စစ်ဆေးရုံသို့ တင်ပို့ထားပြီး ဒဏ်ရာများမှာ မစိုးရိမ်ရကြောင်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ကန်သာယာကျေးရွာသည် အင်္ဂမော်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး မြိတ်-တနင်္သာရီ ကားလမ်းမဘေးတွင် တည်ရှိသည်။ ယင်း ယာဉ်တိုက်မှုတွင် […]

တနင်္သာရီ လယ်သစ်ရွာတွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ

diz_admin

December 17, 2021

တနင်္သာရီမြို့နယ် လယ်သစ်ကျေးရွာ၌ ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီအချိန်တွင် ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ဒလန်ဟု သတင်းထွက်နေသည့် လယ်သစ်အရှေ့ကမ်းတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ် ကိုဝေဖြိုးအောင်နှင့် ၎င်း၏ဇနီးဖြစ်သူ အသက် ၃၂နှစ်အရွယ် မလှဝင်းတို့အား လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်ခြင်းဖြစ်ကြောင်း အဆိုပါရွာသားများက ပြောသည်။ “ရှစ်ချက်လောက် ရှိတယ်။ သေနတ်သံကြားရတာ။ ဘယ်သူတွေ လာပစ်သွားတယ်လို့တော့ မသိရ သေးဘူး” ဟု လယ်သစ်ရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ အဆိုပါဇနီးမောင်နှံသည် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆက်အသွယ်ရှိပြီး မူးယစ်ဆေးဝါးလည်း ရောင်းချသည်ဟု ဒေသခံအချို့က ပြောဆိုသည်။ ဒလန်လုပ်ခြင်း၊ မူးယစ်ဆေးရောင်းချခြင်း စသည့် ဒေသခံအချို့၏ ပြောဆိုချက်များနှင့် ပတ်သက်၍ Dawei […]

မြိတ်ရော်ဘာဈေး အနည်းငယ်ကျ

diz_admin

December 15, 2021

မြိတ်ရော်ဘာဈေးကွက်အတွင်း ရာသီစအဖွင့်ထက် ဈေးနှုန်းအနည်းငယ် ကျဆင်းနေကြောင်း ရော်ဘာခြံ လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။ လက်ရှိတွင် ရော်ဘာနေလှမ်းပြား တစ်ပိဿာလျှင် သုံးရာကျပ်အထိနှင့် ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် တစ်ပိဿာလျှင် ၃၅၀ ကျပ်အထိ ဈေးနှုန်းကျဆင်းနေကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့က ပြောသည်။ ရော်ဘာ ခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ် တစ်ပိဿာလျှင် ၂၀၀၀ ကျပ်ဈေးရှိရာမှ ၁၆၅၀ ကျပ်အထိ ဈေးကျခဲ့ခြင်း ဖြစ်ကြောင်း ရွှေဒူးရွာနေ ရော်ဘာခြံ လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ “တစ်ခါ ရောင်းရင် ပိဿာငါးရာဆိုတော့ နှစ်သိန်းနီးပါးအထိ လျော့သွားတာ” ဟု ၎င်းကဆိုသည်။ အဆိုပါ ရွှေဒူးရွာနှင့် အနီးတဝိုက်ကျေးရွာတို့ရှိ ရော်ဘာခြံတို့တွင် ရော်ဘာခွက်လုံး၊ ခွက်ခဲ၊ ခွက်ကပ်တို့ကို အများဆုံး ပြုလုပ်ရောင်းချလေ့ရှိကြကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူများထံမှ သိရသည်။ မြိတ်ဒေသထွက် ရော်ဘာတို့အား […]

ပုလော CDM လက်ထောက်ပညာရေးမှူးနှင့် နှစ်ဦး ကားတိုက်ခံရပြီး သေဆုံး

diz_admin

December 13, 2021

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၏ CDM လက်ထောက်ပညာရေးမှူးနှင့် အမျိုးသမီးငယ်နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးကာ အခြားအမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် ပုလောပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ပုလောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အသက် ၂ဝ မှ ၂၅ နှစ် ကြားအရွယ်ရှိ မိန်းကလေးငယ် သုံးဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီခန့်တွင် ကားတိုက် ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။ အသက် ၅၇ နှစ်အရွယ် ဦးသာဝင်းနှင့် မိန်းကလေးငယ် နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ နောက်အမျိုးသမီးငယ်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရသဖြင့် ပုလောဆေးရုံတွင် ဆေးကုသမှုခံယူ နေရပြီး […]

ပုလော KNUထိန်းချုပ်နယ်မြေတွင်PRDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

December 11, 2021

ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ရွာအနီးတွင် ပုလောဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် (PRDF) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (ဒီဇင်ဘာ ၁၁) ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း အနီးဝန်းကျင်က ဒေသခံများထံမှ သိရှိရသည်။ နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် မိနစ် ၃၀ ခန့် ကြာမြင့်ကြောင်း ၎င်းတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဂျက်ဂါးရွာမှ မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးလာပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၄) ၊ တပ်ခွဲ (၇) ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးရင်းပင်ရှောင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိသည်ဟုကြားသိရပြီး […]

မောတောင်နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော်ကျဆင်း

diz_admin

December 10, 2021

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်(မြို့) နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော် ကျဆင်းနေဆဲဖြစ်ကြောင်း ယင်းနယ်စပ်နေသူတစ်ချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နှစ်လယ်ခန့်မှစပြီး ကိုဗစ်ကပ်ဘေးကြောင့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ထိုင်းဘက်မှ ပိတ်ခဲ့ပြီးနောက် အိမ်ခြံမြေအရောင်းအဝယ် စတင် ကျဆင်းလာရခြင်းဖြစ်ကြောင်း မောတောင်မြို့တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ဖူးသူ မြို့ခံအမျိုးသားတစ်ဦးက ပြောပြသည်။ “အရောင်းအဝယ်ကတော့ ပါးပါးလေး‌တော့ ဖြစ်နေကြသေးတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။ မောတောင်-စင်ခွန်းနယ်စပ်ဂိတ် မပိတ်မီအချိန်က တစ်လလျှင် အိမ်ခြံမြေအရောင်းအဝယ် ပျမ်းမျှ ခုနှစ်ခုခန့် ရှိနေရာမှ လက်ရှိတွင် သုံးခုခန့်သာ အရောင်းအဝယ်ဖြစ်နေရကြောင်း မောတောင်နေသူအချို့က ဆိုသည်။ နယ်စပ်ဂိတ်ပိတ်ထားသဖြင့် ထိုင်းသို့ လည်ပတ်ခွင့် မရှိခြင်း၊ ဒေသခံတို့သည် မောတောင်ဂိတ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ စင်ခွန်းဈေးတွင် ဒေသထွက်ကုန်တို့အား သွားရောက်ရောင်းချခွင့် မရှိခြင်းနှင့် […]

စစ်တပ်က ဖမ်းထားသည့် ပဝတ်ကုန်းရွာသား ၂၇ဦးအနက် ရှစ်ဦး ပြန်လွတ်

diz_admin

December 9, 2021

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ပုလောမြို့နယ် ပဝတ်ကုန်းရွာသား ၂၇ ဦးအနက် ရှစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းရွာသား ၂၇ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ နံက် ၁ နာရီခန့်တွင် စစ်တပ်က ရွာသို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး လေးရက်အကြာ ဒီဇင်ဘာလ ၇ရက်နေ့တွင် ရှစ်ဦးကို ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်သည်။ “ခံဝန်တွေထိုးပြီး ပြန်လွတ်လာတယ်လို့ပဲ သိရသေးတယ်။ ဘယ်လိုလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။ ပြန်လွတ်လာသူများအနက် အမျိုးသမီးများအပြင် အမျိုးသားအချို့ပါဝင်သည်သာ သိရသေးပြီး အမျိုသား၊ အမျိုးသမီးဦးရေ အတိအကျကိုမူ အတိအကျ မသိရသေးကြောင်း ပဝတ်ကုန်း ဒေသခံအချို့က ဆိုသည်။ ဖမ်းဆီးခံရသည့် ရွာသား ၂၇ […]

မြိတ်တွင် ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချ

diz_admin

December 9, 2021

မြိတ်မြို့တွင် ကျပ်ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချနေပြီဖြစ်ကြောင်း ရောင်းချသူထံမှ သိရသည်။ အဆိုပါထမင်းဆိုင်ကို ကားနှစ်စီးအသုံးပြု၍ မြိတ်မြို့ကမ်းနားလမ်းတစ်လျှောက် သင်္ဘောဆိပ်နှင့် ဈေးကြီးအနီးတစ်ဝိုက်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချပြီဖြစ်ကြောင်း စီစဉ်သူ ဦးကျော်ကျော်လွင်က ပြောသည်။ ငါးရာတန် ပါဆယ်ထမင်းတွင် ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ငါး၊ ပဲကုလားဟင်း စသည့် ဟင်းတစ်မယ်နှင့် အသီးအရွက်ကြော်၊ ဗာလချောင်တို့ ပါဝင်မည်ဖြစ်ပြီး တစ်နေ့လျှင် ပွဲငါးရာရောင်းချပေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ “ဘယ်အရောင်အသွေး ဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုမှ မပါဘူး။ ရောင်းချသူရဲ့ ကိုယ်ကျိုးအတွက်လည်း မပါဘူး။ အခက်အခဲဖြစ်နေသူတွေအတွက် စေတနာသန့်သန့်နဲ့ လုပ်တာပါ” ဟု ဦးကျော်ကျော်လွင်က ပြောသည်။ ကိုဗစ်ကာလအတွင်း အလုပ်အကိုင်အခက်အခဲ ဖြစ်နေသူများစွာရှိနေသဖြင့် ၎င်းတို့၏ အခက်အခဲကို နိုင်သလောက်ကူညီရန် သူငယ်ချင်းမိတ်ဆွေများနှင့် တိုင်ပင်ကာ ယခုကဲ့သို့ […]