ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်စက်မှုဇုန်တွင် ယနေ့နေ့လယ်က ဗုံးပေါက်

diz_admin

May 5, 2022

မြိတ်မြို့၊အင်းလေးမြိုင်စက်မှုဇုန်အတွင်း ယနေ့(မေ ၅) ညနေပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် လမ်းသွားလမ်းလာများထံမှသိရသည်။ ယနေ့ ညနေ ၃ နာရီခွဲဝန်းကျင်က ဗင်းတေ့ကုမ္ပဏီအနောက်လမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ခြင်းဖြစ်ပြီး လူထိခိုက်မှုမရှိကြောင်း၊ ဗုံးပေါက်သည့်အချိန် မိုးရွာနေကြောင်း ၎င်းတို့ကဆိုသည်။ “အသံလည်း တစ်အားမကြမ်းဘူး မီးခိုးလုံးကြီးတွေ ထွက်လာတယ်”ဟု မျက်မြင်တွေ့ရှိသူ တစ်ဦး ကပြောသည်။ အဆိုပါဖောက်ခွဲမှုနှင့် ပတ်သက်ပြီး  မည်သည့်အဖွဲ့က ပြုလုပ်သည်ကို မသိရှိသေးပေ။ ဗုံးပေါက်သည့်အနီးအနားတစ်ဝိုက်တွင် ဘိလပ်မြေစက်ရုံ၊ ရေခဲစက်၊ ငါးအမှုန့်ကြိတ်စက်ရုံနှင့် ရေထွက်ပစ္စည်း ထုတ်လုပ်သည့်ကုမ္ပဏီများရှိပြီး ခပ်လှမ်းလှမ်းတွင် မြိတ်မြို့နယ်ထွေအုပ်ရုံး( စုပေါင်ရုံး) နှင့် မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံးလည်းရှိသည်။ ဗုံးပေါက်ကွဲပြီးနောက် နာရီဝက်အတွင်းစစ်ကောင်စီတပ်များ လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း၊ ယခုညနေ ၆ နာရီခွဲတွင်လည်း ယင်းဗုံးပေါက်ရာနေရာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း မျက်မြင်တွေ့ရသူများက ပြောဆိုသည်။ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် […]

ပုလောမြို့ အစိုးရရုံးများအနီး ဗုံးပေါက်

diz_admin

May 4, 2022

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ပုလောမြို့ရှိ အစိုးရရုံးများရှိသည့် မြေစာရင်းဦးစီးဌာနရုံး အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောမြို့၊အမှတ် ၂ ရပ်ကွက်ရှိ မြေစာရင်းဦးစီးဌာနအနောက်ဖက်တွင် ယခုည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ပုလောဒေသခံများ ကပြောသည်။ “ပေါက်တဲ့အသံက ကြမ်းတယ် ကျွန်တော်တို့လည်း သွားမစပ်စုရဲဘူး”ဟု ပုလောဒေသခံ ကပြောသည်။ ဗုံးပေါက်ကွဲသည့်နေရာအနီးတွင် မြေစာရင်းဌာနရုံး၊ စိုက်ပျိုးရေးရုံး၊ သမဝါယမရုံး၊ စည်ပင်သာယာရေးရုံးနှင့် ဝန်ထမ်းအိမ်ရာများလည်းရှိကြောင်း ယင်းဒေသခံများ ကပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိခဲ့သည်ဟု ပြောဆိုသံမကြားရကြောင်း မြို့ခံများကပြောသည်။ ဗုံးဖေါက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရသေးဟု ဒေသခံများကဆိုသည်။ ပုလောမြို့အမှတ် ၂ ရပ်ကွက် စျေးအနီးတွင် ဧပြီလ ၂၃ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ယင်းအနီးနေအိမ်မှ အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ခဲ့သည်။ ပုလောမြို့ရှိ အစိုးရဌါနရုံးနှင့် အုပ်ချုပ်ရေးရုံးတို့တွင် […]

 မြိတ်တွင် ဗုံးပေါက်၊ စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဟုဆို

diz_admin

May 3, 2022

 မြိတ်တွင် ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်မှုရှိခဲ့ကြောင်း  မြိတ်ဒေသခံများ ထံမှသိရသည်။ ယနေ့ (မေ ၃) နံနက် ၈ နာရီဝန်းကျင်က  မြိတ်မြို့၊ကမ်းနားလမ်း We Love Myeik ဆိုင်းဘုတ်အနီးတွင် ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။ ဗုံးပေါက်ကွဲမှုကြောင့် We Love Myeik အနီး လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားတစ်ချို့ ထိမှန်ကာ ဒဏ်ရာပြင်းထန်ခဲ့သည်ဟု အငှားယာဉ်မောင်းများ ကပြောဆိုသည်။ “ပေါက်ကွဲတာက အသံတော်တော်ကျယ်တယ် စစ်ကောင်စီတပ်သားတွေထိတယ်လို့ ကြားရတယ် ကျွန်တော်တို့လည်း အနီးကပ်သွားမကြည့်ရဲဘူး”ဟု မျက်မြင် တက္ကစီမောင်းသူ ကပြောသည်။ ဗုံးပေါက်ကွဲပြီးနောက် ယင်းကမ်းနားလမ်းတစ်လျှောက်လုံးကို ပိတ်ဆို့ကာ ရှာဖွေစစ်ဆေးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများကဆိုသည်။ “ပေါက်ကွဲတဲ့အနီးတစ်ဝိုက်ကို ဘယ်သူမှပေးမဝင်တော့ ကျွန်တော်တို့လည်း အတိအကျမသိရဘူး” ဟု ယင်းရပ်ကွက်နေ အမျိုးသားတစ်ဦးကပြောသည်။ အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို People Defense Force Myeik အဖွဲက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ တပ်သားတစ်ချို့ ဒဏ်ရာပြင်းထန်ခဲ့ကြောင်း ၎င်းတို့ လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် […]

တစ်နှစ်ကျော်အတွင်း တနင်္သာရီတိုင်းတွင် နေအိမ် ၄၀ ကျော် မီးရှို့ဖျက်ဆီးခံရ

diz_admin

May 3, 2022

တနင်္သာရီတိုင်းတွင် တစ်နှစ်ကျော်ကာလအတွင်း မီးရှို့ခံရမူကြောင့် ပျက်စီးသွားသည့် အိမ်ပေါင်း အနည်းဆုံး ၄၅ အိမ်ရှိကြောင်း Data for Myanmar အဖွဲ့က ထုတ်ပြန်ထားသည်။  ယင်းအရေအတွက်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၂ ခုနှစ် ဧပြီလ ၃၀ ရက်အတွင်းကောက်ယူရရှိသော စာရင်းဖြစ်ကြောင်းယင်းအဖွဲ့ကဆိုသည်။  မီးရှို့ခံရပြီး ပျက်စီးသွားသည့်အိမ်များမှာ သရက်ချောင်းမြို့နယ်တွင် ၁၉ ဆောင်၊ တနင်္သာရီမြို့နယ်တွင် ၁၅ ဆောင်၊ ပုလောမြို့နယ်တွင် ၇ ဆောင်၊ ရေဖြူမြိုနယ်တွင် ၃ ဆောင်နှင့် မြိတ်မြို့နယ်တွင် တစ်ဆောင် စုစုပေါင်း ၄၅ ဆောင်ရှိကြောင်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။  သတင်းဌာနများနှင့် ဒေသခံလူ့အခွင့်အရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအပေါ် ပြန်လည်စိစစ်ကာ အဆိုပါမီးရှို့ခံရပြီး ပျက်စီးသွားသည့် နေအိမ်များစာရင်းကို စုဆောင်းထားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ကဆိုသည်။  အချက်အလက် […]

ကျွန်းစုတွင် ကမာကောင် အထွက်နှုန်းကျ

diz_admin

May 3, 2022

မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှထွက်ရှိသည့် ကမာကောင်များမှာ ယခုနှစ်တွင် အထွက်နှုန်းကျဆင်းလာနေကြောင်း ကမာရောင်းဝယ်ရေး လုပ်ကိုင်သူများထံမှ သိရသည်။  ကမာကောင် နှစ်စဉ်ထုတ်ယူမှုများနေကြသဖြင့် အထွက်နှုန်းကျဆင်းလာခြင်းဖြစ်ပြီး ယခင်နှစ်ထက် ကမာကောင်ရာဂဏန်းအထိ ရရှိမှုနည်းပါးသွားကြောင်း ကမာရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ချို့က ပြောပြသည်။  ယင်းကဲ့သို့ ကမာထွက်ရှိမှုနည်းလာသဖြင့် ဈေးလည်း မြှင့်တက်သွားကြောင်း၊ ပြီးခဲ့သည့်နှစ်က ကမာသောင်းပြောင်း(ကြီး၊ငယ်၊လတ်) တစ်ကောင်လျှင် ငါးရာကျပ်မှ ယခုနှစ်တွင် တစ်ထောင်ကျပ်နှုန်းအထိ ပေးဝယ်‌ေနရကြောင်း ပဲ့တိုင်ရွာနေ ကမာရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦးက ပြောပြသည်။  “ကမာလည်းသေးသွားတယ် အကောင်ကြီးတွေများမှပဲ အမြတ်ပိုကျန်တာ” ဟု ၎င်းက ပြောသည်။  အဆိုပါ ကမာကောင်တို့အား မြိတ်နှင့် ရန်ကုန်မြို့တို့အပြင် ထိုင်းနိုင်ငံသို့ တင်ပို့ကြကြောင်း စျေးကွက်အတွင်းမှ သိရသည်။  လက်ရှိ မြိတ်ဈေးကွက်တွင် ကမာအကြီးတစ်ကောင်လျှင် နှစ်ထောင်ကျပ်အထိ ရောင်းချနေကြကြောင်း  သိရသည်။  “ကမာငုတ်ဖမ်းတာက စရိတ်တွေကများတယ် အထွက်လည်းနည်းတော့ တွက်ခြေမကိုက်တော့ဘူး” ဟု […]

မြိတ်ခရိုင်အတွင်းရှိ စစ်ရှောင်များအတွက် အမိုးအကာနှင့် ဆေးဝါးများ အရေးပေါ်လိုအပ်

diz_admin

May 2, 2022

တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရသည့် မြိတ်ခရိုင် ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့မှ စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် ဆေးဝါးအကူအညီများ အရေးပေါ် လိုအပ်နေကြောင်း စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အဖွဲ့များထံမှသိရသည်။ မြိတ်ခရိုင်အတွင်းရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးခိုလုံသူ ၃၅၀၀ ခန့်ရှိပြီး လက်ရှိအချိန်တွင် မိုးဦးရာသီကျရောက်လာပြီဖြစ်၍ အမိုးအကာများ လိုအပ်လာပြီဖြစ်သည်။ ပုလောမြို့နယ်စစ်ရှောင်စခန်းတွင် လူ ၁၅၀၀ နီးပါး နေထိုင်လာသည်မှာ ခြောက်လကျော်လာပြီဖြစ်ပြီး အမိုးများ ဟောင်းနွမ်းစုတ်ပြဲလာနေပြီ ဖြစ်သည့်အတွက် အသစ်လဲလှယ်ရန် တာလပတ်အမိုးများ လိုအပ်နေသည်ဟု အကူအညီပေးနေသည့် ခုနစ်စဉ်ကြယ်အဖွဲ့မှ တာဝန်ရှိသူကပြောသည်။ ယင်းအပြင် တနင်္သာရီမြို့နယ်ရှိ စစ်ရှောင်စခန်းနှစ်ခုတွင် ပြည်သူနှစ်ထောင်နီးပါး နေထိုင်နေကြပြီး ကလေးသူငယ်၊ သက်ကြီးရွယ်အို နာတာရှည်ရောဂါနှင့် နှလုံးရောဂါသည်များအတွက် ဆေးဝါးအကူအညီ လိုအပ်လျက်ရှိကြောင်း ၎င်းကဆိုသည်။ “ဒီမှာလည်း အခက်အခဲတွေက အများကြီးရှိနေတယ်။ အဓိကပြဿနာက ဆေးဝါးနဲ့ […]

တိုက်ပွဲကြောင့် ပုလောဒေသခံတစ်ထောင်ကျော် စစ်ဘေးရှောင်

diz_admin

May 2, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွါ ထွက်ပြေးနေရကြောင်း ဒေသခံများနှင့် စစ်ဘေးရှောင် အကူအညီပေးနေသည့်အဖွဲ့များ ထံမှသိရသည်။ ကျောင်းနိမ့်ကျေးရွာတွင် မတ်လ ၁ ရက်နေ့က စစ်ကောင်စီတပ်နှင့် ပုလောဒေသ ပြည်သူ့ကာကွယ်ရေးတပ်များ ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ယင်းရွာအတွင်းရှိ နေအိမ်လေးလုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများ ကပြောသည်။ “အိမ်တွေလည်း မီးလောင်တော့ ကရင်ရွာရော ဗမာရွာရော လူတွေအကုန် ထွက်ပြေးကုန်ကြပြီ”ဟု ကျောင်းနိမ့်ရွာနှင့် တစ်မိုင်ခန့်သာဝေးသည့် ဂျက်ဂါရွာဒေသခံ တစ်ဦးကပြောသည်။ တိုက်ပွဲဖြစ်သည့် ကျောင်းနိမ့်ရွာ အပါအဝင် ပိန္နဲတောင်၊ဆားခဲစသည့် ကျေးရွာသုံးရွာမှ လူဦးရေတစ်ထောင်ကျော် ထွက်ပြေးနေရပြီး စစ်ရှောင်ပြည်သူများအား ပုလောစစ်ဘေးရှောင် စီမံခန့်ခွဲရေးကော်မတီ(IDPCMC)အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုများက ဘေးကင်းလုံခြုံရာသို့ ပြောင်းရွှေ့ပေးခဲ့ကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)က ယနေ့ (မတ် ၂) ထုတ်ပြန်သည်။ အဆိုပါတိုက်ပွဲအတွင်း ကျောင်းနိမ့်ရွာရှိ နေအိမ်လေးလုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး […]

ပုလော၊ ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး အိမ်အချို့မီးလောင်၊ ရွာသားများထွက်ပြေး

diz_admin

May 1, 2022

မြိတ်ခရိုင် ပုလောမြို့နယ် ကျောင်းနိမ့်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေပြီး နေအိမ်အချို့မီးလောင်ကာ ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ ကျောင်းနိမ့်ကျေးရွာတွင် ယနေ့(မေ ၁) မွန်းလွဲ ၁ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။ တိုက်ပွဲပြင်းထန်နေချိန် စစ်ကောင်စီဖက်က လက်နက်ကြီးဖြင့် အချက်ပေါင်းများစွာပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။ “အိမ်တွေလည်း မီးတွေလောင်နေတာ မြင်နေရတယ်” ဟု ကျောင်းနိမ့်ကျေးရွာနှင့် တစ်မိုင်ခန့်သာဝေးသည့် ဂျက်ဂါရွာက ရွာသားတစ်ဦးကပြောသည်။ နေအိမ်မည်မျှလောက်ကျွမ်းခဲ့သည်ကိုမူ လတ်တလောတွင် မသိရသေးကြောင်း ဒေသခံတို့က ပြောဆိုသည်။ မွန်းလွဲ ၂ နာရီဝန်းကျင်တွင် မီးခိုးလုံးများ ထွက်ပေါ်လာပြီး ညနေ ၅ နာရီခန့်တွင် မီးခိုးများ တိတ်သွားကြောင်း ဂျက်ဂါကျေးရွာသားများကပြောပြသည်။ ည ၅ နာရီခွဲအချိန်တွင် လက်နက်သံများစဲသွားကြောင်း ဒေသခံများက ဆိုသည်။ […]