ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး အသတ်ခံရ
diz_admin
January 3, 2022မောတောင်နယ်စပ်မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သွားရောက်လုပ်ကိုင်သည့် နေရာ တစ်ခု ဖြစ်သည့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း ကန်ချနဘူရီဒေသတွင်းသတင်းများက ရေးသားဖော်ပြ သည်။ ကန်ချနဘူရီခရိုင် စံခဘူရီမြို့နယ်ရှိ အပန်းဖြေစခန်းတခု၏ ရေချိုးခန်းတွင် အသက် ၂၉ နှစ်ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ အဆိုပါ မြန်မာအမျိုးသမီးသည် ၎င်း၏သမီး၊ မောင်ဖြစ်သူနှင့် အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့နှင့်အတူ လွယ်အစ်ခရိုင်တွင် အလုပ်လုပ်ကိုင်ကြပြီး စံခဘူရီမြို့နယ်ရှိ အပန်းဖြေစခန်းသို့ အလည်အပတ်ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ အပန်းဖြေစခန်း၏ အခန်းတစ်ခုတွင် အတူပါလာသည့် အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား အမျိုးသားက အမျိုးသမီး၏ […]


