BREAKING
October 29, 2025

မြိတ်

ပုလောတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်

diz_admin

January 7, 2022

ပုလောမြို့နယ်၊ ဒူးရင်းပင်ရှောင်ကျေးရွာအုပ်စု၊ ဆားခဲကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ် (Palaw-PDF) တို့ ယနေ့ ညနေပိုင်းတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၆ ရက်မှ စတင်ကာ ပဝတ်ကုန်း၊ ပုလောကုန်း၊ ဇရပ်ဆိပ်၊ ကျောင်းနိမ့်ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်း သုံးကြောင်းခွဲကာ စစ်ကြောင်းထိုးလာကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ ယနေ့ (ဇန်နဝါရီ ၇) ညနေပိုင်းတွင် ကျောင်းနိမ့်ရွာမှတစ်ဆင့် KNU တပ်မဟာ ၄ တပ်ရင်း (၇) တပ်ခွဲ (၂) ၏ ထိန်းချုပ်နယ်မြေဖြစ်သော ဆားခဲကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် Palaw-PDF တို့ ညနေ ၃ နာရီ ၃၅ မိနစ်မှ စတင်ကာ မိနစ် ၂၀ ခန့်ကြာ […]

ငါးမဖမ်းရ ရာသီ ယခင်အတိုင်း ပြန်သတ်မှတ်ပေးရန်တင်ပြ

diz_admin

January 7, 2022

ငါးမဖမ်းရ ရာသီကို လှေရှင်များ၏ တောင်းဆိုချက်အရ ယခင်အတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်တို့ကို ပြန်လည် သတ်မှတ်ပေးရန် တင်ပြထားကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။ တနင်္သာရီတိုင်း ငါးလုပ်ငန်းဦးစီးဌာနက တိုင်းအတွင်းရှိ ရေလုပ်သားများ၏ အခက်အခဲကို တင်ပြရန် တောင်းဆိုလာသဖြင့် ရေလုပ်ငန်းရှင်များအား အဖွဲ့ချုပ်က ပြီးခဲ့သည့် ဒီဇင်ဘာလတွင် လှေရှင်များကို ခေါ်ယူဆွေးနွေးခဲ့ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။ ယင်းသို့ ဆွေးနွေးရာ ရေလုပ်သားများ၏ ဆန္ဒအတိုင်း ဇွန်၊ ဇူလိုင်၊ ဩဂုတ်အား ငါးမဖမ်းရ ရာသီအဖြစ် ပြန်လည်သတ်မှတ်ရန် လှေရှင်များက တောင်းဆိုသည့်အတွက် တင်ပြခြင်းဖြစ်ကြောင်း တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။ ငါးသားပေါက်ရာသီဖြစ်သည့် ဇွန်၊ ဇူလိုင်၊ ဩဂုတ်လများတွင် ငါးမဖမ်းရ ရာသီအဖြစ် နှစ်စဉ်ပုံမှန်သတ်မှတ် ထားသည်ကို စစ်ကောင်စီက […]

မြိတ်တွင် စစ်ကောင်စီတပ်သားကို ခဲဖြင့်ပစ်သည့် စိတ်ဝေဒနာရှင် သေနတ်ဖြင့် ပစ်ခတ်ခံရ

diz_admin

January 5, 2022

မြိတ်မြို့တွင် ကင်းစောင့်နေသည့် စစ်ကောင်စီတပ်သားကို ခဲဖြင့်ပစ်သည့် စိတ်ဝေဒနာရှင် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇန်နဝါရီ ၅) မွန်းလွဲ ၂ နာရီခွဲဝန်းကျင်က စစ်ကောင်စီတပ်သားတစ်ဦး လေယာဉ်ကွင်းအနီး လေ တပ်ရှေ့ကင်းပုန်းတွင် ကင်းစောင့်နေစဉ် အမျိုးသားတစ်ဦးက ခဲဖြင့်ပစ်ကာ ထွက်ပြေးခဲ့ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။ ခဲဖြင့်ပစ်ခံရသဖြင့် အဆိုပါတပ်သား ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က ၎င်းအား သေနတ်နှစ်ချက် ပစ်ကာ ဖမ်းဆီးခဲ့ကြောင်း အခင်းဖြစ်နေရာ အနီးဝန်းကျင်က ဒေသခံတို့ထံမှ သိရသည်။ “ခြေသလုံးနဲ့ လက်ဖျံကို အပစ်ခံရပြီး စစ်ဆေးရုံမှာ ကုသနေပါတယ်။ မစိုးရိမ်ရပါဘူး” ဟု အပစ်ခံရသည့် အမျိုးသား၏မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောသည်။ ခဲဖြင့်ပစ်သူသည် အတွင်းရေပုန်းရပ်နေ အသက် ၃၀ ကျော်အရွယ် […]

မြိတ်ဒေသထွက် ရှပ် ရှားပါးသဖြင့် ဈေးတက်

diz_admin

January 5, 2022

မြိတ်ဒေသ ရေထွက်စားသောက်ကုန်တစ်ခုဖြစ်သည့် ရှပ် (ဂုံးချော) များ ရှားပါးလာပြီး သယ်ယူစရိတ်လည်း ကြီးမြင့်လာခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်နေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အသိုင်းအဝိုင်းထံမှ သိရသည်။ ရှပ်များကို ယခင်က မြိတ်အနီးအနား တောနောက်လယ်ရွာ၊ သရင်ကမ်းနှင့် ယောကြီးဝ မြစ်တို့ရှိ သဘာဝ ရှပ်သောင်တွင် လှေငယ်များဖြင့်သွားရောက်ကာ ရေငုပ်ပြီး ကောက်ယူလေ့ရှိကြသည်။ ယခုအခါ အဆိုပါရှပ်သောင်တွင် ရှပ်များရှားပါးလာပြီး သွားရောက် ငုပ်ယူသူလည်း နည်းပါးလာကြောင်း ၎င်းတို့ထံမှ သိရသည်။ “မြိတ်ဘက်မှာ ရှပ်သိပ်မထွက်တော့ ပုလောဘက်ကပဲ ဝယ်ရောင်းနေရတယ်” ဟု မြိတ်မြို့တပ်ပြင်ဈေးတွင် ရှပ်ဝယ်ယူရောင်းချသည့် မခင်မိုးက ပြောသည်။ ရှပ်ရှားပါးလာသည့်အတွက် ပြီးခဲ့သည့်နှစ်က ဆယ်ပြည်ဝင် ရှပ်တစ်ခြင်း (အလုံးကြီး) ကျပ်တစ်သောင်း လေးထောင်ခန့်ရှိရာမှ ယခုအခါ ကျပ်နှစ်သောင်းနီးပါးအထိ ဈေးတက်သွားကြောင်း ရှပ်ရောင်းဝယ်ကြသူ များက ပြောပြသည်။ […]

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် တစ်လလျှင် မြန်မာငါးရာနီးပါး အဖမ်းခံရ

diz_admin

January 5, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင်ရောက်သဖြင့် တစ်လလျှင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံအတွင်းသို့ မောတောင်နယ်စပ်တစ်လျှောက်ရှိ တောလမ်းတို့မှ တရားမဝင် ဝင်ရောက်ကြသဖြင့် ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလအတွင်းက ၄၅၁ ဦးနှင့် ဒီဇင်ဘာလတွင် ၄၇၀ ဦးတို့ကို ဖမ်းမိကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ထို့အပြင် ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦးအား ထပ်မံဖမ်းမိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့်အချိန်မှစပြီး လက်ရှိအချိန်အထိ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်နေကြဆဲဖြစ်သည်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် […]

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

diz_admin

January 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့သည့် PDF ရဲဘော်ဖြူဖွေး၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ ဆက်စပ်သတင်း ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

diz_admin

January 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတိုက်ပွဲတွင် ပုလော PDF အဖွဲ့က ရဲဘော်ဖြူဖွေး ကျဆုံးကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီက ကဒဲရွာရှိ ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲ တစ်နာရီခန့်ကြာကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲတွင် ပျူစောထီးအဖွဲ့ဘက်က တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရကာ ဒဏ်ရာမှာ စိုးရိမ်ရကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။ ပုလော PDF ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရကာ ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ထုတ်ပြန်ထားသည်။ ကျဆုံးခဲ့သည့် ရဲဘော်ဖြူဖွေးကို ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း […]

စစ်ကောင်စီတပ်ထံမှ ဆိုင်ကယ်နှစ်စီးကို သိမ်းပြီး ပြည်သူထံပြန်ပေးဟု PDF ထုတ်ပြန်

diz_admin

January 4, 2022

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်များ အသုံးပြုနေသည့် ဆိုင်ကယ် ငါးစီးအား သိမ်းပိုက်ပြီးနောက် ပိုင်ရှင်ပေါ်ပေါက်သည့် နှစ်စီးကို မူလပိုင်ရှင် ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ ကြောင်း တနင်္သာရီဘက်မလိုက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။ ဘက်မလိုက်ပြောက်ကျားအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် တကူရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး တကူဘုန်းကြီးကျောင်းတွင် ထားရှိသည့် စစ်ကောင်စီတပ်၏ ဆိုင်ကယ်များကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆိုင်ကယ်ငါးစီးအနက် နှစ်စီးမှာ ပိုင်ရှင်ပေါ်ပေါက်သဖြင့် ပြန်လည်ပေးအပ်လိုက်ပြီး စစ်ကောင်စီတပ် အသုံးပြုနေသည့် စက်လှေတစ်စီးနှင့် စက်နှစ်လုံးကိုမူ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တကူကျေးရွာတွင် ယခင်နေ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိခဲ့သော်လည်း ဇန်နဝါရီလ ၃ရက်နေ့တွင်မူ မရှိကြဘဲ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် သရဘွင်ရွာဘက်သို့ ရောက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က […]