တကူနှင့် သရဘွင်ရွာတွင် တိုက်ပွဲလေးကြိမ်အတွင်း စစ်ကောင်စီဘက်က နှစ်ဦးသေဆုံးဟု PDF ထုတ်ပြန်
diz_admin
January 12, 2022တနင်္သာရီမြို့နယ်၊ တကူနှင့် သရဘွင်ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်နှင့် တနင်္သာရီဘက်မလိုက် ပြောက်ကျားအဖွဲ့တို့အကြား တိုက်ပွဲလေးကြိမ်ဖြစ်ပွားကြောင်း တနင်္သာရီဘက်မလိုက်ပြောက်ကျား အဖွဲ့က ယနေ့ (ဇန်နဝါရီ ၁၂) ထုတ်ပြန်သည်။ တိုက်ပွဲလေးကြိမ်တွင် စစ်ကောင်စီဘက်ဘ တပ်သားနှစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇန်နဝါရီ ၁၀ ရက်နှင့် ၁၁ ရက်အကြား တကူသံတိုက်လှေဆိပ်ရှိ စစ်ကောင်စီတပ်နှင့် မြစ်တစ်ဖက်ကမ်းက PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး သရဘွင်ကျေးရွာအုပ်စုရှိ ကျားခေါင်းတောင်တွင်လည်း တိုက်ပွဲဖြစ်ပွားကြောင်း ရေးသားထားသည်။ ယင်းတိုက်ပွဲများအတွင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းလည်း ဖော်ပြထားသည်။ ဒေသခံများ၏ ပြောဆိုချက်အရ သရဘွင်ကျေးရွာအုပ်စုရှိ ကျားခေါင်းတောင်နှင့် တစ်ပင်တိုင် ချောင်းဝတို့ တွင် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီခန့်မှ ညနေ ၅ နာရီအထိ […]


