မြိတ် ငါးလေလံဈေးကြီးစီမံကိန်း စတင်ရန် လအနည်းငယ် ကြာဦးမည်ဟုပြော
diz_admin
January 21, 2022မြိတ်မြို့နယ်တွင် အမေရိကန်ဒေါ်လာ သန်း ၃ဝဝ ရင်းနှီးမြှုပ်နှံမည့် ငါးလေလံဈေးကြီး စီမံကိန်း စတင်နိုင်ရန် ပြင်ဆင်ချိန် တစ်လနှစ်လခန့် အချိန်ယူရမည်ဖြစ်ကြောင်း စီမံကိန်း လုပ်ခွင့်ရရှိထားသည့် မြိတ်အများပိုင် ကော်ပိုရေးရှင်းလီမီတက်၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ စီမံကိန်းကို စန္ဒဝတ်ကျေးရွာအုပ်စု၌ မြေဧရိယာဧက ၂၀၀၀ ကျော်ပေါ်တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စီမံကိန်းအကောင်အထည်ဖော်ရန် လိုအပ်သည့် စာရွက်စာတမ်း အထောက်အထား ပြည့်စုံအောင်ဆောင် ရွက်ပြီးမှသာ ငါးလေလံဈေးအား တည်ဆောက်သွားမည်ဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောဆို သည်။ “တစ်လ နှစ်လခန့် ကြာဦးမယ်။ စာရွက်စာတမ်းတွေ လုပ်ရဦးမယ်” ဟု မြိတ်အများပိုင်ကော်ပိုရေးရှင်း၏ တာဝန်ရှိသူက ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ပြောသည်။ အဆိုပါ စီမံကိန်းမှာ ၂၀၂၈ ခုနှစ်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း […]


