BREAKING
October 30, 2025

မြိတ်

မြိတ်တွင် ရွှေတစ်ကျပ်သား ကျပ်သုံးသောင်းကျော် မြင့်တက်

diz_admin

February 15, 2022

မြိတ်မြို့တွင် ရွှေတစ်ကျပ်သားလျှင် ယခင်လ ဈေးနှုန်းထက် ကျပ် သုံးသောင်းလေးထောင် ဈေးနှုန်း မြင့်တက်သွားကြောင်း လက်ဝတ်ရတနာ အရောင်းဆိုင်အသိုင်းအဝိုင်းထံမှ သိရသည်။ ဇန်နဝါရီလ နောက်ဆုံးအပတ်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၁၈ သိန်းကျော် (၁,၈၇၀,၀၀၀ ကျပ်) ဈေးရှိရာမှ လက်ရှိတွင် ၁၉ သိန်းကျော် (၁,၉၀၄,၀၀၀ ကျပ်) အထိ ဈေးနှုန်းမြင့်တက်နေကြောင်း အဆိုပါအရောင်းဆိုင်များထံမှ သိရသည်။ ရွှေဈေးနှုန်းမြှင့်တက်လာခြင်းမှာ ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်းတို့ ပြန်လည်မြင့်တက်လာနေခြင်းကြောင့်ဖြစ်ကြောင်း လက်ဝတ်ရတနာအရောင်းဆိုင် ရှင် အချို့က ပြောပြသည်။ ရွှေဈေးနှုန်းများ မြင့်တက်နေသော်လည်း အဝယ်လိုက်နေသဖြင့် ရောင်းအားကောင်းနေကြောင်း ဆိပ်ငယ်ဈေးကြီးရှိ လက်ဝတ်ရတနာအရောင်းဆိုင်အချို့ထံမှ သိရသည်။ “ရွှေဆိုင်တန်းဘက်မှာ လူအပြည့်ပဲ။ ရောင်းလည်း ရောင်းနေကြရတယ်” ဟု ဆိပ်ငယ်ဈေးကြီးရှိ ရွှေထည်လက်ဝတ်ရတနာ အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။ လက်ရှိ ကမ္ဘာ့ရွှေဈေး […]

မြိတ်တွင် လူ ၁၂၀ ကျော် ကိုဗစ်ပိုးတွေ့

diz_admin

February 13, 2022

မြိတ်မြို့တွင် တစ်ရက်တည်း ကိုဗစ်ပိုးတွေ့သူ ၁၂၀ ကျော် ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ကျန်မာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ တိုင်းကျန်းမာရေးဦးစီးဌာနက ဖေဖော်ဝါရီလ ၁၂ ရက်နေ့အတွက် မြို့နယ်အလိုက် ကိုဗစ် ပိုးတွေ့/သေဆုံး လူနာစာရင်းကို ထုတ်ပြန်ရာတွင် မြိတ်မြို့၌ ကိုဗစ်ပိုး စစ်ဆေးသူ ၃၆၈ ဦးအနက် ၁၂၅ ဦးတွင် ပိုးတွေ့ရှိ ကြောင်း ဖော်ပြထားသည်။ မြိတ်တွင် ကိုဗစ်ပိုးတွေ့သူ ၁၂၅ ဦးအနက် စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ ပိုးတွေ့ရှိသူ ၄၂ ဦးလည်း ပါဝင်သည်။ ယင်းသတင်းကို Dawei Watch က ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဖော်ပြပြီးဖြစ်သည်။ ပုသိမ်မြို့ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာအဖွဲ့က မှန်လုံမော်တော်ယာဉ်ကြီးတို့ဖြင့် မြိတ်သဲအင်းဂူသို့ လာရောက်ကြခြင်းဖြစ်သည်။ ထို့အပြင် […]

ကမ်းဝေးငါးဖမ်းလှေ လေးရာကျော်ကို ငါးဖမ်းခွင့် တစ်လထပ်တိုးပေးရန် တောင်းဆို

diz_admin

February 13, 2022

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ လေးပုံတစ်ပုံနီးပါးဖြစ်သည့် လှေလေးရာကျော်ကို ငါးဖမ်းကာလ တစ်လ ထပ်တိုးပေးရန် တောင်းဆိုထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။ တိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိသည့်အနက် ကင်းမွန်မီးထွန်းလှေ အပါအဝင် လှေအစီးရေ လေးရာကျော်အား တစ်လထပ်တိုးပေးရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူက ပြောသည်။ ၂၀၂၁ – ၂၀၂၂ ခုနှစ် ငါး မဖမ်းရရာသီကို လာမည့် ဧပြီ၊ မေ၊ ဇွန်လကို သတ်မှတ်လိုက်ပြီး အမျိုးအစား မတူညီသည့် လုပ်ငန်းများအတွက်လည်း သတ်မှတ်ကာလကို သီးခြားဆောင်ရွက်သွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၃ ရက်တွင် ကျင်းပသည့် အစည်းအဝေးအပြီး ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းအစည်းအဝေးတွင် တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်က တိုင်းအတွင်းရှိ ကမ်းဝေးငါးဖမ်းလှေ […]

မြိတ်တွင် လူ‌ ၄၀ ကျော် ကိုဗစ်ပိုးတွေ့

diz_admin

February 12, 2022

မြိတ်မြို့ စန္ဒဝတ်ကျေးရွာရှိ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာ၌ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လူ ၄၂ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း ကိုဗစ်လူနာများ သယ်ယူပို့ဆောင်ရေး ကူညီဆောင်ရွက်နေကြသည့် နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။ ပုသိမ်မြို့ သဲအင်းဂူ ဝိပဿနာ ဓမ္မရိပ်သာအဖွဲ့မှ မှန်လုံမော်တော်ယာဉ်ကြီး သုံးစီးခန့်ဖြင့် မြိတ်သဲအင်းဂူသို့ လာရောက်ကြသူတို့တွင် ကိုဗစ်ပိုး တွေ့ရှိခြင်းဖြစ်ကြောင်း သဲအင်းဂူရိပ်သာအနီးနေသူ အမျိုးသားတစ်ဦးက ပြောသည်။ “ရိပ်သာမှာ တရားစခန်းရှိလို့ လာကြတာဖြစ်မယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ သဲအင်းဂူဝိပဿနာ ဓမ္မရိပ်သာသည် မြိတ်-ကျွဲကူး ကားလမ်းမပေါ်တွင် တည်ရှိသည်။ မြိတ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကိုဗစ်ပိုးတွေ့သူ ၁၀ ဦး၊ ၁၀ ရက်နေ့တွင် ၂ ဦး၊ ၉ ရက်နေ့တွင် ၈ […]

ကာကွယ်ဆေးအကြိမ်ပြည့်ထိုးပြီးသော်လည်း လေကြောင်းဖြင့်လာလျှင် ၇၂ နာရီအတွင်း ကိုဗစ်စစ်ထားသည့် လက်မှတ်ပြရမည်

diz_admin

February 11, 2022

တနင်္သာရီတိုင်းအတွင်းသို့ လေကြောင်းခရီးဖြင့်လာပါက ကာကွယ်ဆေးအကြိမ်ပြည့်ထိုးထားသူများလည်း ၇၂ နာရီအတွင်း ကိုဗစ်ရောဂါ စစ်ဆေး အောင်မြင်ထားသည့် လက်မှတ် ပြရမည်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။ တိုင်းဒေသကြီး ကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်အသက်ဝင်ကြောင်း ထားဝယ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောသည်။ လေယာဉ်ဆိုက်ရောက် ခရီးသည်တွင် ၇၂ နာရီအတွင်း ကိုဗစ်စစ်ဆေးထားသည့် လက်မှတ် မပါရှိပါက လေယာဉ်ကွင်းတွင်ပင် RDT (နှာခေါင်းတို့ဖတ်ယူ) နည်းဖြင့် စစ်ဆေးမည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ပြောသည်။ ယခင်ကမူ ကိုဗစ်ကာကွယ်ဆေး အကြိမ်ပြည့် ထိုးပြီးကြောင်း လက်မှတ်ရှိက ၇၂ နာရီအတွင်း ကိုဗစ်စစ်ဆေးသည့် လက်မှတ် မလိုအပ်ပေ။ တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များသို့ […]

တနင်္သာရီတိုင်းတွင် တစ်ပတ်အတွင်း လူ ၈ဝနီးပါး ကိုဗစ်ပိုးတွေ့

diz_admin

February 11, 2022

တနင်္သာရီတိုင်းဒေသကြီးတွင် တစ်ပတ်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ရှစ်ဆယ်နီးပါးရှိလာကြောင်း တိုင်းဒေသကြီးကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ တိုင်းကျန်းမာရေး၏ ထုတ်ပြန်ချက်များအရ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၀ ရက်နေ့အထိ တစ်ပတ်တာကာလအတွင်း ကိုဗစ်လူနာ ၇၆ ဦးအထိ ရှိနေခြင်းဖြစ်သည်။ ထားဝယ်၊ ကော့သောင်းနှင့် မြိတ်မြို့တွင် ကိုဗစ်လူနာ အများဆုံးတွေ့ရခြင်း ဖြစ်သည်။ လက်ရှိ ပိုးတွေ့လူနာများမှာ ကိုဗစ်မျိုးကွဲများဖြစ်သည့် ဒယ်လ်တာ သို့မဟုတ် အိုမီခရွန် ကူးစက်ခံရခြင်း ဟုတ် မဟုတ် ထုတ်ပြန်ထားခြင်း မရှိပေ။ ထိုသို့ ကိုဗစ်ကူးစက်မှု ပြန်မြင့်လာသော်လည်း မည်သည့်မျိုးကွဲဖြစ်သည်ကို စစ်ဆေးနိုင်ခြင်း မရှိ‌သေးကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ဆိုသည်။ “ဒယ်လ်တာလား။ အိုမီခရွန်လား။ မျိုးရိုးဗီဇကွဲတွေကတော့ ဒီမှာလည်း မစစ်နိုင်ဘူး‌” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ ပြီးခဲ့သည့် […]

စက်သုံးဆီဈေးတက်ပြီး စားစရိတ်ကြီးသဖြင့် ကမ်းနီးလှေငယ်များ အရှုံးပေါ်ကာ ရပ်လုနီးဖြစ်

diz_admin

February 8, 2022

စက်သုံးဆီ ဈေးတက်ပြီး စားစရိတ်လည်း ကြီးမြင့်လာမှုကြောင့် ကမ်းနီးလှေငယ်များ အရှုံးပေါ်နေပြီး ရပ်ဆိုင်းလုနီးဖြစ်နေကြောင်း လှေလုပ်ငန်းရှင်များထံမှ သိရသည်။ အာဏာမသိမ်းမီက စက်သုံးဆီ တစ်ပေပါ ကျပ် တစ်သိန်းသုံးသောင်းရှိနေရာမှ လက်ရှိတွင် ကျပ်သုံးသိန်းသုံးသောင်းငါးထောင်အထိ ဈေးပေးဝယ်သုံးနေရကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းများသည်လည်း ယခင်နှစ်ကထက် ထက်ဝက်နီးပါး ဈေးမြင့် တက်လာသဖြင့် လှေလုပ်သားများ၏ စားစရိတ် ပိုမိုကုန်ကျလာကြောင်း လှေလုပ်ငန်းရှင်များက ပြောဆိုသည်။ ကမ်းနီးလှေငယ်တစ်စီးလျှင် လှေလုပ်သား ငါးဦးမှ ၁၅ ဦးအထိ လိုက်ပါကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းကြောင့် ငါးဖမ်းလှေများအနေဖြင့် စရိတ်မကာမိဘဲ အရှုံးဖြင့် ရင်ဆိုင်နေရကြောင်း မြိတ်မြို့နေ ငါးဖမ်းလှေလုပ်ငန်းရှင်များက ပြောသည်။ “လှေတစ်ခေါက်ဝင်လာရင် စရိတ်တောင် မကာမိဘူးဆိုတော့ တချို့ဆို မရယ်နိုင်၊ မပြုံးနိုင်ဖြစ်ကုန်ကြပြီ။ နားတဲ့ လှေတွေလည်း နားကုန်ကြပြီ” […]

မြိတ်တွင် ကြံဈေး ယမန်နှစ်ထက် ဈေးကောင်းရ

diz_admin

January 26, 2022

မြိတ်မြို့နယ်တစ်ဝိုက်က ထွက်ရှိသည့် ကြံများ ယမန်နှစ်ကထက် ယခုနှစ်တွင် ဈေးပိုရလာကြောင်း ကြံစိုက်တောင်သူများထံမှ သိရသည်။ ယမန်နှစ်က (၁၁ ချောင်းပါ) ကြံတစ်စည်းလျှင် ကျပ်သုံးထောင်ဝန်းကျင်ရှိခဲ့ရာမှ ယခုနှစ်တွင် ကြံတစ်စည်း ကျပ်ရှစ်ထောင်အထိ ဈေးနှုန်းမြင့်တက်လာကြောင်း ကြံစိုက်တောင်သူများက ပြောသည်။ ပြီးခဲ့သည့်နှစ်က ကိုဗစ်ကပ်ရောဂါကြောင့် မြို့ပေါ်တွင် ရောင်းချနေသည့် လဖက်ရည်ဆိုင်၊ အအေးဆိုင်များ ရပ်နား ပိတ်သိမ်းသည်အထိ ဖြစ်ခဲ့ရပြီးနောက် ဈေးကွက်အတွင်း ကြံဝယ်ယူသူနည်းပါးခဲ့ကြောင်း ကြံစိုက် တောင်သူများက ဆိုသည်။ “ကိုဗစ်ဖြစ်လိုက်တော့ ပုံမှန်ဈေးကွက်က ပျက်သွားပြီး ကြံစိုက်သူ တော်တော်များများ အရှုံးပေါ်ကြတယ်။ တချို့ဆို ရန်ကုန်သကြားစက်ရုံအထိ တင်ပို့ပြီး ရောင်းလိုက်ရတယ်။ စရိတ်စကနဲ့ မကိုက်ဘူး” ဟု မြိတ်မြို့နယ်၊ သစ်ယာဝကျေးရွာအုပ်စုမှ ကြံစိုက်တောင်သူ ကိုဇော်က ပြောသည်။ ယခုနှစ်တွင် အထက်ပါ လုပ်ငန်းများ ပြန်လည် […]