တနင်္သာရီတွင် တိုက်ပွဲထပ်ဖြစ်ပြီး ရွာသုံးရွာက ပြည်သူများ ထွက်ပြေး
diz_admin
February 26, 2022တနင်္သာရီမြို့နယ်၊ ကျွဲထိန်းကုန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားသဖြင့် အနည်းဆုံး ကျေးရွာသုံးရွာက ပြည်သူ တစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ သကျက်ကျေးရွာအုပ်စု၊ ကျွဲထိန်ကုန်းရွာအနီးတွင် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မွန်းတည့်အချိန်က စပြီး စစ်ကောင်စီတပ်နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား သုံးနာရီကြာ အပြန်အလှန် ပစ်ခတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ခတ်သံများပါ ကြားရသောကြောင့် သကျက်ကျေးရွာအုပ်စုနှင့် တစ်ဆက်တည်းရှိသည့် သကျက်ရွာ၊ ဆင်ခေါင်းရွာ၊ ခြောက်မိုင်ဘန်လောရွာတို့က ပြည်သူများ ဘေးလွတ်ရာ ရွာများသို့ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံပြည်သူများက ပြောသည်။ လက်ရှိအချိန်တွင် ပစ်ခတ်သံများ ရပ်တန့်သွားပြီဖြစ်သော်လည်း ဒေသခံရွာသားများအနေဖြင့် ရွာကို မပြန်ရဲကြသေးကြောင်း ဒေသခံများထံမှ သိရသည်။ “တိုက်ပွဲက ဘယ်အချိန်ပြန်ဖြစ်ဦးမလဲ မသိဘူး။ ရွာမှာလည်း တပ်တွေက ရှိနေတယ်ဆိုတော့ မပြန်ရဲကြသေးဘူး” […]


