မောတောင်- စင်ခွန်းဂိတ် ပြန်ပိတ်
diz_admin
February 10, 2021လတ်တလောဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံရေး အပြောင်းအလဲကြောင့် မြိတ်ခရိုင် တနင်္သာရီမြို့နယ် မောတောင်- စင်ခွန်းနယ်စပ်ဂိတ်အား ဖေဖော်ဝါရီ လ ၆ ရက်နေ့မှစပြီး ရက်အကန့်မသတ်မရှိ ပြန်လည်ပိတ်ခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မဟာချိုင်ငါးဈေးတွင် လူရာချီကိုဗစ်ပိုး တွေ့ပြီးနောက် ထိုင်းဘက်မှ စင်ခွန်းဂိတ်အား ဒီဇင်ဘာလ ၂၄ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်ခဲ့ခြင်းဖြစ်သည်။ ယင်းနောက် ဖေဖေါ်ဝါရီလ ၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ရန် ကြေညာထားသည်။ သို့သော် ထိုရက်တွင်ပင် တပ်မတော် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ရက်ပိုင်း အကြာတွင် ပြန်ပိတ်ခဲ့ရခြင်း ဖြစ်သည်။ ဖွင့်လှစ်မည်ဟု ကြေညာထားသည့် ဖေဖော်ဝါရီ ၁ ရက်နေ့တွင်မြိတ်မှ ရေထွက်ကုန်များ ရောက်ရှိလာကြခဲ့သည့်အတွက် နှစ်ရက်တာ ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း မောတောင် မြို့မရပ်နေသူ အသက် ၄၀ ရှိ […]