ပုလော ထွေအုပ်ရုံးတွင် ဗုံးပေါက်ကွဲပြီး ဝန်ထမ်းနှစ်ဦးဒဏ်ရာရ
diz_admin
March 13, 2022မြိတ်ခရိုင်၊ ပုလောမြို့ရှိ မြို့နယ်အထွေထွေအုပ်ရေးမှူးရုံးတွင် ယနေ့ (မတ် ၁၃) မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲပြီး ဝန်ထမ်းနှစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ မွန်းလွဲ ၃ နာရီခန့်က အဆိုပါရုံးအတွင်း ဗုံးတစ်လုံး ပေါက်ကွဲခြင်းဖြစ်ပြီး ဝန်ထမ်း အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိသွားကြောင်း ပုလော ဒေသခံများက ပြောသည်။ “ဗုံးပေါက်တဲ့အသံက တော်တော်ကြမ်းတယ်” ဟု ၎င်းက ပုလောမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။ အမျိုးသမီးတွင် ခြေထောက်တွင် ဒဏ်ရာရသည်ဟု သတင်းကြားရပြီး အမျိုးသားတွင် ဝမ်းဗိုက်တွင် ဒဏ်ရာရရှိသည်ဟု သတင်းကြားရကြောင်း ၎င်းက ဆိုသည်။ “နှစ်ဦးလုံး ဒဏ်ရာပြင်းတယ်။ နာရေးကားနဲ့ မြိတ်ခေါ်သွားပြီ” ဟု အထက်ပါ ပုလောမြို့ခံ အမျိုးသားက ဆက်လက်ပြောဆိုသည်။ အဆိုပါ ဗုံးဖောက်ခွဲမှုကို ပုလောပြည်သူ့ကာကွယ်ရေးတပ် […]


