BREAKING
November 2, 2025

မြိတ်

တနင်္သာရီ ကိုးအင်းရွာအနီးတွင် တိုက်ပွဲဖြစ်

diz_admin

March 19, 2022

တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု ကိုးအင်းရွာအနီးတွင် ယနေ့ (မတ် ၁၉) နံနက်တွင် တိုက်ပွဲဖြစ်ပွားပြီး ယင်းရွာက ဒေသခံများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၆ နာရီဝန်းကျင်ကစပြီး စစ်ကောင်စီတပ်နှင့် PDF တပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖက်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ကြောင်း တကူရွာက ဒေသခံများက ပြောသည်။ “တစ်နာရီကျော်ကျော် လက်နက်ကြီးတွေနဲ့ ပစ်တယ်။ အခုတော့ အသံတွေ တိတ်သွားပြီ” ဟု အဆိုပါ ဒေသခံက နံနက် ၉ နာရီကျော်တွင် ပြောသည်။ တိုက်ပွဲမှာ တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး နံနက် ၇နာရီကျော်တွင် ပစ်ခတ်သံများ ရပ်တန့်သွားကြောင်း ဒေသခံများထံမှ သိရသည်။ နှစ်ဖက်ထိခိုက်သေဆုံးမှုကို မသိရသေးသော်လည်း တိုက်ပွဲကြောင့် ကိုးအင်းအပါအဝင်အနီးဝန်းကျင်က ပြည်သူများ ဘေးလွတ်ရာသို့ […]

မြိတ်တွင် ပစ်ခတ်ခံရသဖြင့် ရဲလေးဦးဒဏ်ရာရ ဟုဆို

diz_admin

March 18, 2022

မြိတ်မြို့နယ်တွင် ယနေ့ (မတ် ၁၈) ပစ်ခတ်ခံသဖြင့် ရဲလေးဦး ဒဏ်ရာရရှိကြောင်း အခင်းဖြစ်သည့် နေရာအနီးတွင်ရှိသည့် ခရီးသွားပြည်သူအချို့ထံမှ သိရသည်။ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ လသာကျေးရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် ယနေ့ညနေ ၄ နာရီဝန်းကျင်က ရဲတပ်ဖွဲ့တစ်ဖွဲ့ တိုက်ခိုက်ခံရခြင်းဖြစ် ကြောင်း ၄င်းတို့က ပြောသည်။ “ဒဏ်ရာရတဲ့ ရဲလေးယောက်လုံး မြိတ်ဆေးရုံကိုယူဆောင်သွားပြီ” ဟု ခရီးသွားပြည်သူတစ်ဦးက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိကြောင်း ခရီးသွားပြည်သူအချို့က ပြောသည်။ တုံးဗျာကျေးရွာအုပ်စု၊ လသာရွာသည် မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့နယ်ခြားဖြစ်ပြီး ယင်းနေရာသည် KNLA တပ်မဟာ(၄) လှုပ်ရှားသည့် နယ်မြေနှင့်နီးစပ်ကြောင်း ဒေသခံရွာသားများကပြောပြသည်။

မြိတ်တွင် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုဖြစ်

diz_admin

March 17, 2022

မြိတ်မြို့နယ် ပပြင်ကျေးရွာအုပ်စု ကြက်မအုပ်ရွာဟောင်းအနီးတွင် ယနေ့ (မတ် ၁၇) ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံက် ၇ နာရီခွဲခန့်တွင် ကြက်မအုပ်ရွာအနီး စစ်ကောင်စီတပ်နှင့် PDF တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်သည့် သေနတ်သံများကြားရပြီး ပေါက်ကွဲသံများလည်း ကြားရကြောင်း ပပြင်ကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။ “သေနတ်သံက ၁၀ မိနစ်လောက်ပဲ ကြားရတယ်။ စစ်ကောင်စီဖက်က အထိအခိုက်ရှိတယ်လို့ကြားရတယ်။ ဘယ်လောက်ထိတယ်ဆိုတာတော့ မသိရသေးဘူး” ဟု အဆိုပါ ဒေသခံက ဆိုသည်။ မြိတ်ဘက်က ခြေလျင်တက်လာသည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခြင်းဖြစ်ပွားသည်ဟု လတ်တလော ကြားသိရကြောင်း အဆိုပါဒေသခံက ပြောဆို သည်။ အဆိုပါကျေးရွာအုပ်စုအနီးတွင် မတ်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ် […]

မြိတ်ဒေသတွင် ကွမ်းသီးတစ်ပိဿာ ကျပ် ၁၆၀၀ ဈေးကျဆင်း

diz_admin

March 17, 2022

မြိတ်ဒေသတွင် ကွမ်းသီးခြောက်ဈေး တစ်ပိဿာလျှင် ကျပ်ခြောက်ထောင်ကျော် ဈေးပေါက်ခဲ့ရာမှ လက်ရှိတွင် ၄၈၀၀ သို့ ဈေးပြန်ကျသွားကြောင်း ကွမ်းသီးခြံရှင်များနှင့် ကွမ်းသီးရောင်းဝယ်ရေး လုပ်ကိုင်သူများ ထံမှ သိရသည်။ မြန်မာနိုင်ငံက ကွမ်းသီးများကို အိန္ဒိယသို့ အဓိကတင်ပို့ရောင်းချနေပြီး လက်ရှိတွင် ကလေး-တမူး နယ်စပ် ဂိတ် ပိတ်ထားသဖြင့် ကွမ်းသီးဈေး ဆက်တိုက်ကျဆင်းနေခြင်းခြင်းဖြစ်ကြောင်း ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။ ကလေး-တမူးနယ်စပ်ဂိတ်အား ၂၀၂ဝ မတ်လ ၁၀ ရက်မှစပြီး အိန္ဒိယနိုင်ငံဘက်က ကိုဗစ်ကြောင့် ပိတ်ခဲ့ပြီးနောက် ၂၀၂၁ နိုဝင်ဘာတွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ဂိတ်အား ပြန်လည်ဖွင့်လှစ်ခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့က မြိတ်တွင် ကွမ်းသီးဈေးတစ်ပိဿာလျှင် ကျပ်ခြောက်ထောင်လေးရာအထိ ဈေးရရှိခဲ့ကြောင်း ကွမ်းခြံရှင်အချို့က ပြောပြသည်။ ယင်းနောက် မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်ပြန့်ပွားမှု မြင့်တက်လာချိန် ၂၀၂၂ […]

ပုလောတွင် တိုက်ပွဲဖြစ်သဖြင့် ရွာသားများ ထွက်ပြေးနေရ

diz_admin

March 16, 2022

ပုလောမြို့နယ်၊ ပုလောကုန်းရွာမှာ ယနေ့ (မတ် ၁၆) နံနက် ၄ နာရီခွဲအချိန်ကစပြီး တိုက်ပွဲဖြစ်နေသည့် အတွက် ဒေသခံရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ပုလောကုန်း ပျူစောထီးများနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်တို့ ထိပ်တိုက်တွေ့ကာ တိုက်ပွဲစတင် ဖြစ်ပွားပြီးနောက် နာရီအနည်းငယ်အကြာတွင် စစ်ကောင်စီတပ် ရောက်ရှိလာပြီး လက်နက်ကြီးများလည်း ပစ်သဖြင့် တိုက်ပွဲပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။ ပုလောကုန်းရွာရှိ ပျူစောထီးခေါင်းဆောင်ဆိုသူ၏ နေအိမ်တွင် ဗုံးဖြင့်ဖောက်ခွဲခံရပြီးနောက် တိုက်ပွဲစတင် ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်နေတာ ကြက်တွန်ကတည်းက၊ အခုထိလည်း အသံတွေ ကြားနေရ တုန်းပါ။ နည်းနည်းတော့ လျော့သွားပြီ” ဟု ပုလောကုန်းအုပ်စု၊ ဂျင်းဂါရွာသားတစ်ဦးက နံနက် ၉ နာရီခွဲ အချိန်က ပြောသည်။ ပစ်ခတ်သံများ နံနက် […]

မြိတ်တွင် ရေတစ်ယူနစ် ၂၀၀၀ ကျပ်အထိ မြင့်တက်

diz_admin

March 15, 2022

မြိတ်မြို့ပေါ် ရပ်ကွက်အများစုတွင် အိမ်သုံးရေ တစ်ယူနစ်လျှင် ကျပ် ၂၀၀၀ အထိ ဈေးမြှင့်တက်နေကြောင်း ယင်းရပ်ကွက်များတွင် နေထိုင်သူတို့ထံမှ သိရသည်။ မြို့ပေါ်ရှိ အခြေခံလူတန်းစားအများစု နေထိုင်ကြသည့် မြိတ်တောင်နယ်မြေနှင့် မြိတ်တောင်ကျေးရွာအုပ်စု တို့ရှိ ရပ်ကွက်တို့တွင် မတ်လ ပထမပတ်မှစပြီး တစ်ယူနစ် ၂၀၀၀ ကျပ်အထိ ပေးဆောင်နေရကြောင်း ယင်းရပ်ကွက်နေသူများက ပြောသည်။ ရေတစ်ယူနစ်လျှင် ၁၂၀၀ ကျပ်မှ ၁၄၀၀ ကျပ်၊ ၁၇၀၀ ကျပ်နှင့် ၂၀၀၀ ကျပ်အထိ တဖြေးဖြေး ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း မြိတ်တောင်ကျေးရွာအုပ်စု ရာပြည့်ရပ်ကွက်နေသူအချို့က ပြောပြသည်။ “တစ်ယူနစ် နှစ်ထောင်ပေးရတာ ဆီဈေးတွေ တက်လာလို့တဲ့” ဟု ရာပြည့်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းကဲ့သို့ ရေမီတာခများ ဈေးတက်လာသဖြင့် […]

ပုလောတွင် ဇနီးမောင်နှံနှစ်ဦး အသတ်ခံရ

diz_admin

March 15, 2022

ပုလောမြို့နယ် ကဒဲကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦး အသတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ကဒဲကျေးရွာတွင် နေထိုင်သည့် ဦးမြင့်ဇော်နှင့် ဇနီးဖြစ်သူ မခင်မာဝင်းတို့အား မတ်လ ၁၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်သည့်အတွက် ပွဲချင်းပြီး သေဆုံးသွားကြောင်း ကဒဲရွာသားတစ်ဦးက ပြောသည်။ သေဆုံးသွားသူ ဦးမြင့်ဇော်သည် အသက် ၄၀ ဝန်းကျင်ရှိပြီး ကျေးရွာတွင် ဒလန်ဟု သတင်းထွက်နေသူ ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ အထက်ပါပြောဆိုချက်နှင့် ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပါ။ သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ (မတ် ၁၅) နံနက်က ပုလောမြို့သို့ သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး မည်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းက […]

မြိတ်ခရိုင် NLD ရုံး မီးလောင်

diz_admin

March 14, 2022

မြိတ်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရုံး ယနေ့ (မတ် ၁၄) ညနေ ၆နာရီခန့်က မီးလောင်ကြောင်း မြိတ်မြို့ခံများထံမှ သိရသည်။ မြိတ်မြို့ရှိ NLD ပါတီ မြိတ်ခရိုင်နှင့် မြို့နယ်ရုံး အဆောက်အအုံဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။ မိနစ် ၃၀ ခန့်အထိ လောင်ကျွမ်းပြီးနောက် မီးငြိမ်းသွားကြောင်း မြို့ခံများကပြောသည်။ “ရုံးထဲမှာ ကယ်ဆယ်ရေးအတွက်ပေးထားတဲ့ ဘေထုတ်နည်းနည်းရှိတယ်။ အရင်ပတ်ကတည်းက ပျောက်တာတွေရှိပြီး ကျန်တဲ့ဟာတွေ လောင်သွားတယ်လို့သိရတယ်” ဟု မြိတ်ခရိုင် NLD ပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါရုံးကို ပိတ်ထားသည်မှာ ကြာပြီဖြစ်ပြီး လျှပ်စစ်မီးများ ဖြတ်တောက်ထားသည်မှာလည်း ကြာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလက ဗုံးဖောက်ခွဲခံရပြီးနောက် ခြံစည်းရိုးနှင့် ပြတင်းပေါက်များလည်း ပျက်စီးလျှက်ရှိကာ မည်သူမဆို အလွယ်တကူဝင်ထွက်၍ […]