မြိတ်တွင် ဆိုင်ကယ် မကြာခဏ အခိုးခံရ
diz_admin
March 27, 2022မြိတ်မြို့တွင် ယခုလပိုင်းအတွင်း မော်တော်ဆိုင်ကယ်များ မကြာခဏ အခိုးခံနေရကြောင်း ဆိုင်ကယ် ပျောက်ဆုံးသည့် ကာယကံရှင်များနှင့် တစ်ပတ်ရစ် ဆိုင်ကယ်အရောင်းအဝယ်ဆိုင်အချို့ထံမှ သိရသည်။ ဆိုင်ကယ်များ ညဘက်တွင်သာ အခိုးခံရခြင်း မဟုတ်တော့ နေ့ခင်းဘက်တွင်ပါ အခိုးခံရခြင်းဖြစ်ကြောင်း ဆိုင်ကယ်ပျောက်ဆုံးသည့် ကာယကံရှင်များက ပြောသည်။ မြိတ်တောင်နယ်မြေတွင် မတ်လ ၂၅ ရက်နေ့ နေ့ခင်းဘက်အချိန်က Click I အမျိုးအစား ဆိုင်ကယ်တစ်စီး ပျောက်ဆုံးခဲ့ကြောင်း အသက် ၅၀ နှစ်ကျော်ရှိ ကာယကံရှင် အမျိုးသားတစ်ဦးက ပြောသည်။ “အိမ်ရှေ့မှာရပ်ထားတာ။ ခဏလေးပဲ ပြန်ထွက်လာတော့ မရှိတော့ဘူး” ဟု ၎င်းက ဆိုသည်။ Click I အမျိုးအစား ဆိုင်ကယ်များမှာ အသစ်ဆိုလျှင် ကျပ်သိန်း ၄၀ ဝန်းကျင် ဈေးပေါက်ပြီး တစ်ပတ်ရစ်ဆိုလျှင် သိန်း ၂၀ […]


