မြိတ်တွင် အိမ်ခြံမြေဈေးမြင့်တက်၊ အရောင်းအဝယ်အဖြစ်များ
diz_admin
April 2, 2022မြိတ်မြို့တွင် အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်နေပြီး အရောင်းအဝယ်လည်း အဖြစ်များနေကြောင်း မြို့ခံအချို့နှင့် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ မြိတ်မြို့ပေါ် ရပ်ကွက်တို့ရှိ အိမ်ခြံမြေဈေးနှုန်းတို့မှာ စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း အချိန်မှစပြီး အနည်းဆုံး ကျပ်သိန်းဆယ်ဂဏန်းမှ ရာဂဏန်းအထိ မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပြသည်။ “မြေဈေးလည်းတက်တယ်။ အရောင်းအဝယ်လည်း တော်တော်များနေတာ” ဟု မြိတ်တောင်နယ်မြေနေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်သူ အသက် ၅၀နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။ အိမ်ခြံမြေဝယ်ယူသူအများစုမှာ ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်လိုခြင်းနှင့် လက်ထဲငွေပမာဏများစွာ မထားလိုခြင်း တို့ကြောင့် ဝယ်ယူကြခြင်းဖြစ်ကြကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူအချို့က ဆိုသည်။ အာဏာသိမ်းပြီးနောက်တွင် ငွေသားအပေါ် စိတ်မချကြသဖြင့် ရွှေ၊ ဒေါ်လာ၊ အိမ်ခြံမြေ စသည်တို့တွင် ဝယ်ယူမှု မြင့်တက်လာကာ ဈေးနှုန်းများလည်း ဆက်တိုက်ဆက်တိုက် မြင့်တက်လာခြင်းဖြစ်သည်။ “ငွေကိုင်ထားတာ စိတ်မချလို့ မြေဝယ်တာ။ (ငွေစက္ကူ) အတုတွေလည်း […]


