မြိတ်တွင် တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်တစ်ယူနစ် ကျပ်ငါးရာကျော်တိုးလာ
diz_admin
April 11, 2022မြိတ်တွင် တစ်နှစ်ကျော်ကာလအတွင်း လျှပ်စစ်တစ်ယူနစ် သုံးစွဲခကျပ်ငါးရာကျော် ဈေးတက်လာကြောင်း မြို့ခံများထံမှ သိရသည်။ အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီလအထိ လျှပ်စစ်တစ်ယူနစ်ကို ၂၃၅ ကျပ်နှုန်း ပေးဆောင် နေရာမှ တစ်ဆယ့်လေးလအတွင်း တစ်ယူနစ်ကို ကျပ်ငါးရာကျော် တိုးကာ ပေးဆောင် နေကြရကြောင်း မြိုခံလျှပ်စစ်သုံးစွဲသူများက ပြောသည်။ လက်ရှိ ၂၀၂၂ ခုနှစ် မတ်လအတွက် တစ်ယူနစ်ကို ၇၆၅ ကျပ်နှုန်း ကုမ္ပဏီမှ ကောက်ခံလိုက်သဖြင့် အာဏာသိမ်းမတိုင်မီကထက် တစ်ယူနစ်ကို ကျပ် ၅၃၀ ပိုလာခြင်းဖြစ်သည်။ “အာဏာမသိမ်းခင်ကဆို တစ်လကို မီးဖိုးတစ်သောင်းကျော်ပဲကျတယ်။ အခုက တစ်လငါးသောင်းနီးပါး လောက်ပေးနေရတယ်” ဟု တစ်လလျှင် လျှပ်စစ်ယူနစ် ခြောက်ဆယ် ဝန်းကျင် ပုံမှန်သုံးခဲ့သည့် အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။ အလားတူ ထမင်းပေါင်းအိုးတစ်လုံးနှင့် မီးတစ်ခုတည်းသာ အသုံးပြုသည့် […]


