ပုလောတွင် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲခံရ
diz_admin
April 18, 2022ပုလောမြို့အဝင် အနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်း ဧပြီလ ၁၇ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း အနီးဝန်းကျင်ကျေးရွာများက ဒေသခံများထံမှ သိရသည်။ ဧပြီလ ၁၇ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်က ထားဝယ်ဖက်က ဆင်းလာသည့် စစ်ကောင်စီတပ် ယာဉ်တန်းသည် ပုလောမြို့ ၂၈၅ တပ်ရင်းအနီးအရောက်တွင် မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ကားခုနှစ်စီးအနက် နောက်ဆုံးသုံးစီး မိုင်းဆွဲခံရသည်ဟု ဒေသခံများက ဆိုသည်။ “တော်တော်ကို ထိသွားတယ်လို့ ကြားရတယ်။ (ကားလမ်းအနီး) တောင်ပေါ်ကိုလည်း သေနတ်တွေနဲ့ ပစ်ကြသေးတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းမိုင်းဆွဲတိုက်ခိုက်မှုကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် PPDF နှင့် ပုလော ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း PPDF က သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ တပ်သား နှစ်ဉီး […]


