မြိတ် ကလေးဆေးရုံအရှေ့ရှိ စားသောက်ဆိုင်တွင် ကိုဗစ်လူနာတွေ့
diz_admin
July 7, 2021မြိတ်မြို့ ကန်ခေါင်းရပ် မိခင်နှင့်ဆေးကုသဆောင်အရှေ့ရှိ The Best စားသောက်ဆိုင်တွင် ဇူလိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စားသောက်ဆိုင်ရှင်၏ မိသားစုဝင်သုံးဦး တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သဖြင့် ဆိုင်နှင့် နေအိမ်တို့အား Lock Down ချထားကြောင်း ကန်ခေါင်းရပ်နေ ဆိုင်ရှင်မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။ မိခင်နှင့် ကလေးဆေးကုသဆောင်ဝင်းရှိ မြိတ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် နယ်ကျော်ခရီးသွားသူတို့အား ကိုဗစ်ပိုး ရှိမရှိ စစ်ဆေးပေးနေပြီး ဝင်းအတွင်း အရန်သားဖွားသင်တန်းကျောင်းလည်း ရှိသည်။ ယင်းအပြင် မြိတ်တွင် ကိုဗစ်ပိုးတွေ့သည့် နေအိမ်အချို့အား အသွားအလာကန့်သတ်မှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။ မြိတ်တွင် နေ့စဉ်နီးပါး ကိုဗစ်နိုင်တီး လူနာ တွေ့ရှိနေပြီး ဇူလှိုင်လ ၅ ရက်နေ့က ကိုဗစ်ပိုးတွေ့ရှိသူ ၁၃ ဦး၊ ဇူလိုင်လ ၆ […]