တနင်္သာရီမြို့နယ် ထုံခါအကျဉ်းစခန်း တိုက်ခိုက်ခံရ
diz_admin
May 8, 2022တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ထုံခါအကျဉ်းစခန်း ယနေ့ (မေ ၈) နံနက် ၅နာရီခန့်က တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ထုံခါအကျဉ်းစခန်းကို မေလ ၈ ရက်နံနက်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီ ဒေသခံများက ပြောသည်။ “ကြက်တွန်ကြီး ဝင်ပစ်ကြတာ။ ရဲနှစ်ယောက်သေပြီး ဒဏ်ရာရကြတယ်လို့လည်းကြားတယ်။ အသေးစိတ် မသိရသေးဘူး” ဟု သိန်ခွန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ သိန်ခွန်းကျေးရွာအုပ်စုရှိ ဆင်ဖြူရှင် ၄ ထုံခါအကျဉ်းစခန်းအား ယနေ့ နံနက် ၅ နာရီအချိန်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မြိတ်ခရိင်တပ်ရင်း (၂) တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း Tanintharyi Defense Force အဖွဲ့က ထုတ်ပြန်သည်။ စခန်းအား ဝင်ရောက်စီးနင်းခဲ့စဉ် မိနစ် (၂၀) […]

                    
                    
                    
                    
                    
                    
                    
                    
