BREAKING
May 12, 2025

မြိတ်

တနင်္သာရီတိုင်းမှ ရေထွက်ကုန်တင်ပို့မှု ဒေါ်လာ ၃၅ သန်းကျော် လျော့ကျ

diz_admin

October 13, 2021

တနင်္သာရီတိုင်းအတွင်းမှ ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှာ ယခင်ဘဏ္ဍာနှစ်ထက် ဒေါ်လာ ၃၅ သန်းကျော် ကျသွားကြောင်း တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန စာရင်းအရ သိရသည်။ ပြီးခဲ့သည့် ဘဏ္ဍာနှစ်က အမေရိကန်ဒေါ်လာ ၃၄၈ သန်း တန်ဖိုးရှိ ရေထွက်ကုန်တင်ပို့နိုင်ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ၃၁၂ သန်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။ အထက်ပါ ပမဏမှာ တနင်္သာရီတိုင်းမှ ပြည်ပသို့ တိုက်ရိုက်တင်ပို့ခြင်းနှင့် ရန်ကုန်မှတစ်ဆင့် ပြည်ပသို့ တင်ပို့ခြင်းလည်း ပါဝင်သည်။ ယင်းကဲ့သို့ ရေထွက်ကုန်ပစ္စည်း တင်ပို့ကျသွားရခြင်းမှာ ပြီးခဲ့သည့် မေလမှစကာ ကမ်းဝေးငါးဖမ်းလုပ်ငန်းများ အချိန်စောရပ်နားလိုက်ခြင်းကြောင့်ဖြစ်ကြောင်း တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ကော့သောင်းဒေသတွင် ဝိုင်းကြီးချုပ်(ဝါတန်း) ငါးဖမ်းလှေနှင့် ကင်းမွန်လှေအများဆုံးဖြစ်ပြီး ယင်းလှေများက မေလတွင်အဓိက ငါးဖမ်းဆီးရမိမှုများကြောင်း ၎င်းက ရှင်းပြသည်။ “အဲဒီလမှာပိတ်လိုက်တော့ […]

မြိတ်လေတပ်မှ ဝေဟင်-ရေပြင် လက်တွေ့ ပစ်ခတ်

diz_admin

October 12, 2021

မြိတ်လေတပ်စခန်းဌာနချုပ်မှ ဝေဟင်မှ ရေပြင် လက်တွေ့ပစ်ခတ်ခြင်းအား အောက်တိုဘာလ ၁၁ ရက်နေ့မှစပြီး ကျွန်းစုရေပြင်ရှိ ကုလားကျွန်းနှင့် ကျွန်းဆင်းရဲအကြားတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါ လက်တွေ့ပစ်ခတ်ခြင်းအား အောက်တိုဘာလ ၁၁ ရက်မှ ၁၃ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ရာသီဥတုကောင်းမွန်ချိန် နေ့စဉ် နံနက် ရှစ်နာရီခွဲမှ ညနေသုံးနာရီခွဲ အထိ လေ့ကျင့်ပစ်ခတ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။ လေ့ကျင့်ပစ်ခတ်ရေးပြုလုပ်မည့် ကုလားကျွန်းနှင့် ကျွန်းဆင်းရဲအကြား ရေယာဉ်များ ဖြတ်သန်းခြင်း လုံးဝမပြုလုပ်ရန်၊ မြိတ်မှထွက်ခွာမည့် ရေယာဉ်များအနေဖြင့် ကော့စမွှေကျွန်းသို့ လက်ဝဲဘက်တွင်ထားပြီး ရေမိုင်တစ်မိုင်အကွာဖြင့်လည်းကောင်း၊ ကျွန်းစုမြို့မှ ထွက်ခွာမည့်ယာဉ်များအနေဖြင့် ကော့စမွှေကျွန်းအား လက်ယာရစ်ထားပြီး ရေမိုင်တစ်မိုင်အကွာဖြင့် ဖြတ်သန်းသွားလာကြရန် အသိပေးထုတ်ပြန်ထားသည်။ အဆိုပါ […]

မြိတ်အဝေးပြေးကားဝင်းတွင် ရွှေ့ပြောင်းအလုပ်သမား ၆၀ ဦးခန့်ဖမ်းဆီးခံရ

diz_admin

October 6, 2021

မြိတ်မြို့အဝင် ကလွင်ကျေးရွာအုပ်စုတွင်းရှိ အဝေးပြေးကားဝင်းဟောင်းတွင် အောက်တိုဘာလ ၄ ရက်နေ့က ရွေ့ပြောင်းအလုပ်သမား ၆၀ ဦးခန့်အား ဖမ်းဆီးခဲ့ကြောင်း အဝေးပြေးယာဉ်အသိုင်းအဝိုင်းထံမှ သိရသည်။ အဆိုပါ ရွေ့ပြောင်းအလုပ်သမားတို့သည့် ပွဲစားတို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် အလုပ်သွားရောက်လုပ်ကိုင်ကြရန် လာရောက်ကြခြင်းဖြစ်ကြောင်း မြိတ်-ထားဝယ် ခရီးသည်ယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောပြသည်။ “ဘောလုံးတွေပဲ ဖြစ်ဖို့များတယ်” ဟု အထက်ပါ ယာဉ်လိုင်းပိုင်ဆိုင်က ပြောသည်။ တနင်္သာရီတိုင်းတွင် ထိုင်းသို့ တရားမဝင်နည်းလမ်းဖြင့် သွားရောက်ကြသူတို့အား ဘောလုံးအဖြစ်ခေါ်ဆိုကြခြင်းဖြစ်သည်။ ထို့ပြင် အဝေးပြေးကားဝင်းထိပ်ရှိ ကားလက်မှတ်အရောင်းဆိုင်ရှင် လင်မယားတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း မြိတ်-ထားဝယ် ယာဉ်လိုင်းပိုင်ရှင်က ပြောပြသည်။ မြန်မာရွေ့ပြောင်းအလုပ်သမားတို့အား စစ်တပ်ဘက်မှလာရောက်ဖမ်းဆီးခြင်းဖြစ်ပြီး အကျိုးအကြောင်း သေချာမသိရကြောင်း မြိတ်တောင်ကျေးရွာအုပ်စုအတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

တနင်္သာရီတိုင်းက လူရှစ်ထောင်ကျော်ကို မှတ်ပုံတင်အသစ်ထုတ်ပေး

diz_admin

October 6, 2021

ပန်းခင်းစီမံချက်အမည်ဖြင့် တနင်္သာရီတိုင်းအတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း တိုင်းကောင်စီ လူမှုရေးဝန်ကြီး ဦးယာဉ်ထွေး ကပြောသည်။ မေလ ၃ ရက်မှစပြီး အသက် ၁၆ နှစ်နှင့်အထက် ပြည့်သူတိုင်းအား မှတ်ပုံတင်ကွင်းဆင်းပြုလုပ်ပေးခဲ့ရာ အောက်တိုဘာလ ပထမအပတ်အထိ မှတ်ပုံတင်အသစ်ထုတ်ပေးထားသူ ရှစ်ထောင်ကျော်၊ ပျောက်ဆုံး၊ ပျက်စီး လဲလှယ်သူ နှစ်ထောင်ကျော် စုစုပေါင်း လူဦးရေ တစ်သောင်းကျော်အား မှတ်တင်ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။ တိုင်းအတွင်းရှိ လူဦးရေ တစ်သိန်းကျော် (၁၁၅၈၉၇ ဦး) အား ၂၀၂၂ ခုနှစ် နိုဝင်ဘာလမတိုင်မီ ပြီးစီးအောင် မှတ်ပုံတင်ထုတ်ပေးနိုင်ရန် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက လျာထားသည်။ ယင်းကဲ့သို့လျာထားဆောင်ရွက်နေစဉ်အတွင်း ကိုဗစ်ကပ်ဘေးနှင့် နိုင်ငံရေးဖြစ်စဉ်တို့ကြောင်း ယင်းကိစ္စနှောင်းနှေးကြန့်ကြာမှုဖြစ်ပွားခဲ့ကြောင်းဆိုသည်။ “အခုတော့ ရွာတွေအထိကွင်းဆင်းပြီး လုပ်ပေးနေပါပြီ” ဟု ဦးယဉ်ထွေးက ဆိုသည်။ ပုံစာ – […]

မြိတ် Stay at Home အသက်ဝင်နေဆဲဖြစ်ကြောင်း ထပ်ကြေညာ

diz_admin

October 6, 2021

မြိတ်မြို့အား ကိုဗစ်ပိုးတွေ့ရှိမှုများနေသဖြင့် Stay at home မြို့နယ်ဖြစ်ကြောင်း သက်ဆိုင်ရာ ကိုဗစ်ကာကွယ်ရေး ကော်မတီက လိုက်လံ ကြေညာလျက်ရှိသည်။ မြိတ်တွင် လူအသွားအလာ များပြားလာခြင်း၊ ဆိုင်များ ဖွင့်လှစ်ရောင်းချနေခြင်းတို့ကြောင့် မြို့နယ် ကိုဗစ်နိုင်တီးကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေးကော်မတီက အမိန့်ထုတ်ပြန်ခြင်းနှင့် မော်တော်ယာဉ်ဖြင့် လှည့်လည် အသိပေးခြင်းတို့ပြုလုပ်လျက်ရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့မှစပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်နှင့် မြိတ်မြို့တို့အား Stay at home မြို့နယ်တို့အဖြစ်ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန် ကြေငြာထားပြီးဖြစ်သည်။ အဆိုပါ အမိန့်ထုတ်ပြန်ပြီး တစ်လကျော်အကြာ စက်တင်ဘာလ နောက်ဆုံးပတ်မှစပြီး ပြင်ပသို့ သွားလာမှုများလာခြင်းနှင့် စားသောက်ဆိုင်တစ်ချို့ ဖွင့်လှစ်ရောင်းချခြင်းတို့ ပြုလုပ်‌မှုများရှိနေကြောင်း သိရသည်။ Stay at home စတင်သက်ဝင်စဉ်က နေအိမ်ပြင်ပသို့ သွားလာရာခွင့်ကတ်ပြားများ ထုတ်ပေးသည့်ခဲ့ရာ […]

လောင်စာဆီဈေးကြောင့် ကျွန်းစုအမြန်ယာဉ် တွက်ခြေမကိုက်

diz_admin

October 5, 2021

ကျွန်းစုနှင့် မြိတ်မြို့သို့ခရီးသည်တင် ပြေးဆွဲနေသည့် အမြန်ယာဉ်အချို့ လောင်စာဆီဈေး မြင့်တက်လာမှုကြောင့် တွက်ခြေမကိုက်ဘဲ ပြေးဆွဲနေရကြောင်း အမြန်ယာဉ်ပိုင်ရှင် အချို့ထံမှသိရသည်။ ကိုဗစ်တတိယလှိုင်းကြောင့် နှစ်လကျော်အကြာရပ်နားထားသည့် အမြန်ယာဉ်များသည် အောက်တိုဘာလ ၂ ရက်နေ့မှစတင်ကာ ပြန်လည်ပြေးဆွဲနေပြီး လောင်စာဆီဈေးကြောင့် အရှုံးဖက်သို့ ဦးတည်နေသည်ဟု လှေပိုင်ရှင်များကပြောသည်။ “ဆီဈေးက သုံးသိန်းနှစ်သောင်းခွဲဆိုတော့ အရှုံးခံပြီးဆွဲနေရတယ်”ဟု ကျွန်းစုမြို့နှင့်မြိတ်မြို့သို့ပြေးဆွဲနေသည့် အမြန်ယာဉ်ပိုင်ရှင် တစ်ဉီးကပြောသည်။ ကျွန်းစုမှမြိတ်သို့ ယခင်ကလှေတစ်ခေါက်ပြေးဆွဲလျှင် ခရီးသည်တစ်ရာကျော် လိုက်ပါလာလေ့ရှိပြီး ယခုအခါ ခရီးသည် ငါးဆယ်နှင့်ခြောက်ဆယ်ကြားသာ ရှိတော့ကြောင်း သိရသည်။ “အမြန်ယာဉ်ခကတော့ အရင်အတိုင်းပဲ”ဟု ရွှေပင်ဂွင်းအမြန်ယာဉ် ပိုင်ရှင်ကပြောသည်။ ဆီဈေးမတက်မီ အချိန်ကတည်းကခရီးသည်တစ်ဦးလျှင် အမြန်ယာဉ်ခ ကျပ်သုံးထောင်ကျပ်ပေး ရပြီး လက်ရှိအချိန်တွင်လည်း ယခင်နှုန်းထားအတိုင်း ပြေးဆွဲနေရကြောင်း အမြန်ယာဉ်ပိုင်ရှင်များ ထံမှသိရသည်။ ကျွန်းစုမှမြိတ်သို့ ပြေးဆွဲနေသည့် အမြန်ယာဉ်သုံးစီးရှိပြီး လှေတစ်စီးလျှင် တစ်နေ့ […]

ဆလုံ ကျွန်းများအထိ ကိုဗစ်ပျံ့နှံ့

diz_admin

October 5, 2021

မော်ကင်းဆလုံလူမျိုးများ နေထိုင်သည့် တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းများအထိ ကိုဗစ်ပိုးပျံ့လာနေကြောင်းဒေသခံများ ထံမှသိရသည်။ မြိတ်ခရိုင်နှင့်ကော့သောင်းခရိုင်အတွင်းဆလုံလူမျိုးများနေထိုင်သည့် ကျွန်းရွာ ၁၁ ရွာ ရှိသည့်အနက် ထက်ဝက်နီးပါး ကိုဗစ်ရောဂါပိုးပျံ့နှံ့ခဲ့ကြောင်း ဒေသခံများကပြောသည်။ ဆလုံကျေးရွာများဖြစ်သည့် ဒုံးပုလဲအော်၊ ပရောဝါး၊ ဂျာအုံး၊ မကြုံဂလက်၊ လငန်း စသည့်ကျေးရွာများသို့ ရောဂါပိုးပျံ့နှံ့ကူးစက်ခံခဲ့ရပြီး တခြားလက်လှန်းမမီသည့် ဆလုံကျေးရွာများတွင်လည်း ကူးစက်နိုင်ခြေရှိကြောင်း လငန်းကျေးရွာနေ ဒေသခံရွာသား တစ်ဉီးကပြောသည်။ “ပြီးခဲ့တဲ့လ(စက်တင်ဘာ)ကစပြီး အနံ့တွေပျောက်ကြတယ်။ စားလို့မဝင်ဘူး အဖျားတွေတက်ကြတယ်။ ကိုက်ခဲတယ်။ ဒီလက္ခဏာတွေ ဖြစ်ကြတယ်”ဟု လငန်းကျေးရွာနေ အသက် ၆၀ အရွယ် ရွာသားတစ်ဦး ကပြောသည်။ ငါးဖမ်းရာသီစတင်သည့် သြဂုတ်လမှစကာ ကမ်းဝေးငါးဖမ်းလှေကြီးလှေငယ်များ ငါးဖမ်းရင်း ဆလုံရွာများသို့ ဝင်ထွက် သွားလာခြင်းများ ပြုလုပ်ခဲ့ကြသည်။ ယင်းသို့ဝင်ထွက်မှုမှတစ်ဆင့် ရောဂါကူးစက်ခံရမှု ဖြစ်နိုင်ဖွယ်ရှိကြောင်း ဒေသခံများက ပြောဆိုဝေဖန်ကြသည်။ “လှေကြီးလှေငယ် […]

ဒေါ်လာအတက် ကုန်ဈေးနှုန်းအခက်

diz_admin

October 1, 2021

လက်ရှိတွင် မြန်မာငွေဈေးနှုန်း ကျဆင်းကာ အမေရိကန်ဒေါ်လာငွေလဲနှုန်း အဆမတန်မြင့်လာသည်။ စက်တင်ဘာလ ၂၈ ရက်နေ့ ဈေးကွက်ပေါက်ဈေးအရ တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၇၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့သည်။ တပ်အာဏာမသိမ်းမီက တစ်ဒေါ်လာလျှင် မြန်မာငွေ ၁၄၀၀ ကျပ် ဝန်းကျင်သာရှိသည်။ ထို့အပြင် ထိုင်းငွေ တစ်ဘတ်လျှင် မြန်မာငွေ ၆၅ ကျပ်ဝန်းကျင်နှင့် တရုတ်ငွေတစ်ယွမ်လျှင် မြန်မာငွေ ၄၀၀ ကျပ်ဝန်းကျင်အထိ ဈေးမြောက်သွားသည်။ ထိုသို့ ငွေလဲဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များအပြင် လူထုလူတန်းစားပေါင်းစုံအပေါ် သက်ရောက်မှု ကြီးမားခဲ့သည်။ တနင်္သာရီတိုင်း အပါအဝင် တစ်နိုင်ငံလုံးက စားသောက်ကုန်မှအစ လူသုံးကုန်ပစ္စည်းအားလုံးနီးပါးမှာ အိမ်နီးချင်းနိုင်ငံထုတ် ပစ္စည်းများအပေါ်တွင် အဓိကမှီခိုနေသည်။ မြန်မာကျပ်ငွေဈေးကျဆင်းလာခြင်း၏ အကျိုးဆက်အနေနှင့် ပစ္စည်းအားလုံး၏ဈေးမှာ ယခင်ထက် နှစ်ဆခန့် နေ့ချင်းညချင်း ခုန်တက်သွားခဲ့သည်။ ယခင်က နိုင်ငံခြားမှ […]