ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလော ပစ်ခတ်မှုအတွင်း အရပ်သားနှစ်ဦးဒဏ်ရာရ

diz_admin

October 29, 2022

ပုလောမြို့နယ်၊ မင်းထိန်၊ တပို၊ တန်းရှင်း စသည့်ကျေးရွာများအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် PDF တို့အကြား ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထားဝယ်မြို့မှ မြိတ်မြို့သို့ဆင်းလာသည့် စစ်ကောင်စီ ယာဉ် တန်းအား မင်းထိန်ကျေးရွာအနီး ကျောက်ပုဇွန်တောင်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီခွဲခန့်တွင်လည်း ကဒဲကျေးရွာအနီး တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၁ (ပုလော) က ထုတ်ပြန်သည်။ ယင်းနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန် ထားသည်။ “တပို တောင်ပေါ်ကနေပြီးတော့လည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်ခဲ့သေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းနောက် […]

မြိတ်အခြေခံရေလုပ်သားများ လုပ်ခလစာအနည်းငယ်တိုးလာ

diz_admin

October 29, 2022

မြိတ်ခရိုင်အတွင်းရှိ အခြေခံရေလုပ်သားများ လုပ်ခလစာအနည်းငယ်တိုးလာကြောင်း ရေလုပ်သားများ ထံမှသိရသည်။ ပြီးခဲ့သည့်နှစ်က အခြေခံရေလုပ်သားတစ်ဦး တစ်လလုပ်ခလစာ ကျပ်နှစ်သိန်းခွဲရှိရာမှ လက်ရှိတွင် ကျပ်သုံးသိန်းသို့တိုးလာသည်ဟု ရေလုပ်သား များကပြောသည်။ “လခကတိုးလာတယ်ဆိုပေမယ့် ခုခေတ်ကုန်စျေးနှုန်းနဲ့ မလောက်ငဘူး။ တစ်နေ့တစ်နေ့ အလျဉ်မီအောင် မနည်းကိုချွေတာပြီး စားနေရတယ်”ဟု မြိတ်မြို့နေ၊အခြေခံရေလုပ်သား တစ်ဦး၏ အိမ်ရှင်မကပြောသည်။ ပြီးခဲ့သည့်နှစ်က လစာနှစ်သိန်းခွဲရပြီး ဆန်ကြမ်းတစ်ပြည် တစ်ထောင်ကျပ်ဖြင့်ဝယ်စားရကာ လက်ရှိအချိန်တွင် ဆန်ကြမ်းတစ်ပြည်ကို နှစ်ထောင့်နှစ်ရာကျပ်ဖြင့် ဝယ်စားနေရသည်။ ယင်းအပြင် အခြားသော အခြေခံစားသောက်ကုန်များလည်း အလားတူ နှစ်ဆသုံးဆဈေးတက်နေသဖြင့် ရသည့်လစာ တစ်ခုတည်းဖြင့် မလုံလောက်ဟု အိမ်ရှင်မတစ်ချို့ ကပြောသည်။ “အိမ်လခ၊မီးဖိုး ရေဖိုး ကရှိသေးတော့ အဲဒီဖိုးလေးရအောင် မုန့်ပဲသရေစာလုပ်ပြီး ရောင်းချနေရသေးတယ်’ဟု ရေလုပ်သား၏ ဇနီးဖြစ်သူ နောက်အိမ်ရှင်မက ပြောသည်။ အခြေခံရေလုပ်သားများအား လစာတိုးပေးလိုက်ခြင်းသည် ရေလုပ်ငန်းတွင်အမြတ်ပိုမိုရရှိ၍ တိုးပေးခြင်းမဟုတ်ဘဲ […]

မောတောင် – စင်ခွန်းနယ်စပ် ကုန်သွယ်မှုပမာဏ ဆက်တိုက်ကျဆင်း

diz_admin

October 28, 2022

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင် – စင်ခွန်းနယ်စပ် ကုန်သွယ်မှုပမာဏမှာ ဆက်တိုက်ကျဆင်းလာ‌နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကုန်သွယ်မှု ပမာဏစာရင်းအရ သိရသည်။ အဆိုပါ ကုန်သွယ်မှုပမာဏစာရင်းအရ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၇၈ သန်း ရှိခဲ့ကြောင်း ဖေါ်ပြထားသည်။ ထို့ပြင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၈ ဒသမ ၇၁၀ သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဩဂုတ်လအထိ)တွင် ၂ ဒဿမ ၆၇၄ သန်း ရှိကြောင်း ရေးသားဖေါ်ပြထားသည်။ အထက်ပါ ကုန်သွယ်မှုပမာဏစာရင်းအရ ဘဏ္ဍာနှစ်သုံးနှစ်ဆက်တိုက်နီးပါး ကုန်သွယ်မှုပမာဏ ထိုးကျလာနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ မဟာချိုင်ငါးဈေးတွင် […]

ပုလော ကဒဲရွာတွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး ရွာသားတစ်ဦး ဒဏ်ရာရ

diz_admin

October 26, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ရွာသားတစ်ဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ ရက်ည ၉ နာရီဝန်းကျင်တွင် ကဒဲကျေးရွာထိပ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ရွာသားတစ်ဦး ခြေသလုံးထိမှန်သွားကြောင်း ဒေသခံများက ပြောသည်။ “နာမည်က ကရင်အိုလို့ ခေါ်တယ်။ ခြေသလုံးကြွက်သားမှာထိပြီး အသားကြေသွားတယ်။ အရိုးတော့ ထိခိုက်မှုမရှိဘူးလို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ကဒဲကျေးရွာတွင် ရွာသားအများစုနေထိုင်ခြင်းမရှိသည်မှာ လအတန်ကြာပြီဖြစ်သော်လည်း ဥယျာဉ်ခြံစောင့်အဖြစ် နေထိုင်နေကြသူအချို့လည်း နေထိုင်နေသေးကြောင်း ဒေသခံများက ပြောပြသည်။ “လက်နက်ကြီးက တစ်ချက်ပစ်ရင် နှစ်လုံးတွဲ၊ နှစ်လုံးတွဲနှင့် ခြောက်လုံးပစ်ခဲ့တယ်။ ရွာထိပ်မှာပဲ ကျတာ” ဟု ဒေသခံနောက်တစ်ဦးက ပြောသည်။ လက်နက်ကြီးဖြင့် မပစ်ခတ်ခင် နှစ်နာရီခန့်က ဇရပ်ဆိပ်ကျေးရွာရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် […]

ပုလော ဇရပ်ဆိပ်ရွာရပ်ကျေးရုံးနှင့် ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးခွဲမီးရှို့ခံရ

diz_admin

October 25, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ဇရပ်ဆိပ်ရွာ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံးနှင့် ပျူစောထီးခေါင်းဆောင်နေအိမ် ဗုံးခွဲမီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၄ရက် ည ၆ နာရီခွဲဝန်းကျင်တွင် ဗုံးခွဲခံရပြီး ရုံးမှာ ပျက်စီးသွားကာ ပျူစောထီးခေါင်းဆောင် နေအိမ်သည်လည်း မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ “ရုံးကိုဗုံးခွဲပြီး အိမ်တစ်ဆောင်ကို မီးတိုက် (ရှို့) သွားတယ်။ (ရုံး) ဘေးတစ်ဖက်တစ်ချက်မှာရှိတဲ့ အိမ်နှစ်လုံးလည်း (ဗုံးဆန်) ထိသွားသေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ မည်သည့်အဖွဲ့မှ လာရောက်ဗုံးခွဲ မီးရှို့သွားသည်ကို တိတိကျကျမသိရသော်လည်း ယင်းအဖွဲ့ ရွာအတွင်းသို့ မရောက်မီ မိနစ်ပိုင်းအလိုတွင် အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးများက ရွာမှ ထွက်ပြေးသွားကြကြောင်း ဒေသခံများက ပြောဆိုသည်။ “သတင်းကြိုရလိုက်တယ် ထင်တယ်။ သူတို့အုပ်စုက ပလ (မြို့နယ်ခွဲ) ဘက်ကို […]

မြိတ်တွင် အခေါက်ရွှေ ဈေးပြန်ကျ၊ အရောင်းအဝယ် ပြန်ငြိမ်

diz_admin

October 24, 2022

တစ်ကျပ်သားလျှင် ကျပ် ၃၃ သိန်းအထိမြင့်တက်ခဲ့သည့် အခေါက်ရွှေဈေးနှုန်းသည် အောက်တိုလာလ ၂၄ ရက်နေ့တွင် ၂၇ သိန်းကျော်သို့ ပြန်လည်ကျဆင်းနေပြီဖြစ်ကြောင်း မြိတ်မြို့ရှိ လက်ဝတ်ရတနာအရောင်းဆိုင်တချို့က ပြောပြသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက်နေ့ မနက်ပိုင်းအချိန်က အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၅ သိန်းမှ မွန်းလွှဲပိုင်းတွင် ကျပ် ၂၆ သိန်းနီးပါးအထိ မြင့်တက်ခဲ့သည်။ ယင်းနောက် အောက်တိုဘာလ ၂၂ ရက်နေ့ မနက်ပိုင်းအချိန်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၃၃ သိန်းအထိ မြင့်တက်လာကြောင်း လက်ဝတ်ရတနာအရောင်းဆိုင်တချို့က ပြောပြသည်။ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့ (Financial Action Task Force – FATF)က မြန်မာနိုင်ငံအား အမည်ပျက်စာရင်းအဖြစ် ထည့်သွင်းကြောင်း အောက်တိုဘာလ ၂၁ ရက်က ကြေညာခဲ့သည်။ […]

ပုလော ပိတတ်တံတားတွင် မိုင်းပေါက်ကွဲ၊ ကားများသွားလာ၍ မရ

diz_admin

October 22, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတတ်ကျေးရွာရှိ ပိတတ်တံတားတွင် မိုင်းပေါက်ကွဲပြီး တံတားပျက်စီးသွားသဖြင့် ကားများ သွားလာ၍ မရတော့ကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၁ ရက် ညည့် (ယနေ့ နံနက်) ၁ နာရီဝန်းကျင်တွင် ပိတတ်တံတားဘက်မှ မိုင်းပေါက်ကွဲသံ၊ သေနတ် ပစ်ခတ်သံ၊ အော်ဟစ်ဆဲဆိုသံများကြားခဲ့ရပြီး မိုးလင်းချိန် သွားရောက်ကြည့်ရှုရာ တံတားပျက်စီးနေသည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ “အလယ်က သံမဏိပြားကြီးတွေ သုံးလေးပြား ကွာထွက်ကုန်တယ်။ ကားသွားလို့ မရတော့ဘူး။ လူနဲ့ ဆိုင်ကယ်ပဲ သွားလို့ ရတော့တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။ ယင်းတံတားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဖောက်ခွဲသွားသည်ကို သေသေချာချာ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။ ပိတတ်တံတားသည် ပုလောသို့ သွားသည့် လမ်းခွဲတစ်ခုပေါ်တွင် […]

တနင်္သာရီ ဘန်လောရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး အသတ်ခံရ

diz_admin

October 21, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဘန်လောရွာတွင် စစ်မှုထမ်းဟောင်းတစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်သူ အသက် ၄၀ ကျော်အရွယ် ဦးကျော်သူရအား အမည်မသိအဖွဲ့က အောက်တိုဘာလ ၁၈ ရက်က ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက်တွင် အသတ်ခံရသည်ဟု သတင်းကြားရကြောင်း ၎င်းတို့က ဆိုသည်။ “ဖမ်းသွားပြီတော့ သတ်ပစ်လိုက်ပြီလို့တော့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးကျော်သူရသည် စစ်တပ်တွင် ဆေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည်ဟု ကြားသိရပြီး ဘန်လောရွာသူနှင့် အိမ်ထောင်ကျကာ ကျေးရွာအတွင်း ဆေးကုနေသည့် ဆေးဆရာတစ်ဦးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ်နှင့် ထိတွေ့ဆက်ဆံလေ့ရှိသူဖြစ်သည်ဟုလည်း ဒေသခံအချို့က ပြောသည်။ ၎င်းကို တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က အောက်တိုဘာလ ၂၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ ၎င်းသည် […]