လယ်သစ်ရွာတွင် လက်နက်ကြီးကျ၍ ဘုန်းကြီးကျောင်းနှင့် နေအိမ်သုံးလုံးပျက်စီး
diz_admin
June 6, 2022တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာတွင် လက်နက်ကြီးကျည်ကျရောက်သဖြင့် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့်လူနေအိမ်သုံးလုံး ပျက်စီးသွားကြောင်း ဒေသခံများထံမှသိရသည်။ လယ်သစ်ကျေးရွာအနောက်ကမ်းရှိ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လယ်သစ်အရှေ့ကမ်းရှိ အဆိုပါဘုန်းတော်ကြီးကျောင်းနှင့် နေအိမ်သုံးလုံးမှာ အမိုးများ ပျက်စီးခဲ့ပြီး နေအိမ်တစ်လုံးမှာ တစ်ခြမ်းမီးလောင်သွားကြောင်း ဒေသခံများကပြောသည်။ “စာသင်ကျောင်းရှေ့လည်း တစ်လုံးကျတယ်။ လူတော့ထိခိုက်မှုမရှိဘူး။ ဒီမနက်အစောကြီးပဲ တပ်ပြန်ဆုတ်သွားပြီ”ဟု လယ်သစ်ရွာနေ အမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်များသည် ဇွန်လ ၄ ရက်ညနေက လယ်သစ်အနောက်ကမ်းသို့ ရောက်ရှိလာပြီး ဇွန်လ ၅ ရက်နေ့ နေ့လယ် ၂ နာရီမှညနေ ၆ နာရီဝန်းကျင်အချိန်အထိ အရှေ့ကမ်းဖက်သို့ လက်နက်ကြီး အချက်ရေ ၁၅ ချက်ခန့်ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ငယ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများ ကဆိုသည်။ “PDF တပ်ဖက်ကတော့ လက်နက်ငယ်နဲ့ လေးငါးချက်လောက်ပဲ ပြန်ပစ်တာကြားရတယ် “ဟု လယ်သစ်အရှေ့ကမ်းရွာနေ […]

 
                     
                     
                     
                     
                     
                    
