ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

မြိတ်ဒေသထွက် ကင်းမွန်ဈေး ယခင်နှစ်ထက် ဈေးကောင်းရ

diz_admin

November 3, 2022

မြိတ်မြို့ရှိ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် ကင်းမွန်ဈေးသည် ယခင်နှစ်ထက် ဈေးကောင်းရရှိနေကြောင်း ကင်းမွန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှသိရသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်းရာသီမှာ နှစ်စဉ် ( သီတင်းကျွတ်ကာလပြီးနောက်) နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။ ပြီးခဲ့သည့်နှစ် ကင်းမွန်ရာသီစဖွင့်ချိန်တွင် နံပါတ် ၁၊ ၂၊ ၃ ဆိုဒ်ရှိ ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဗန်းလျှင် တစ်သိန်းနှစ်သောင်းကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် ရှစ်သောင်းကျပ်၊ နံပါတ် ၅ ဆိုဒ် ခြောက်သောင်းကျပ်၊ နံပါတ် ၆ ဆိုဒ် လေးသောင်းကျပ်နှုန်း ရှိခဲ့ကြောင်း ကင်းမွန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပြသည်။ ယခုနှစ်တွင် ကီလိုနှစ်ဆယ်ပါ နံပါတ် ၁၊ ၂၊ ၃ ဆိုဒ် ကင်းမွန်တစ်ဗန်းလျှင် နှစ်သိန်းတစ်သောင်းကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် တစ်သိန်းငါးသောင်းကျပ်၊ နံပါတ် […]

ပလမြို့ထွေအုပ်ရုံး ဒုတိယအကြိမ် ဗုံးဖြင့်ပစ်ခတ်ခံရပြီး မီးလောင်ဟုဆို

diz_admin

November 2, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်ခွဲတစ်ခုဖြစ်သည့် ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်ခံရပြီး မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၂ နာရီဝန်းကျင်က ပလမြို့ထွေအုပ်ရုံးနှင့် ယင်းနှင့်ကပ်လျက်ရှိသည့် မီးသတ်ရုံးတို့ မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ဗုံးနှစ်လုံး ကွဲသံကြားရတယ်။ ပြီးတော့တော်တော်လေးကြာမှ သေနတ်ပစ်သံတွေ၊ လက်နက်ကြီးအသံတွေ ထပ်ကြားရတယ်” ဟု ပလ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် မီးသတ်ရုံးမှာ မီးလောင်ကျွမ်းသွားပြီး ထွေအုပ်ရုံးသည်လည်း ပျက်စီးသွားသည်ဟု ဒေသခံများက ပြောဆိုသည်။ “မီးသတ်ရုံးထဲမှာက စစ်သား၊ ပျူစောထီး လေးငါးခြောက်ယောက်က စုအိပ်ပြီး ထမင်းချက်စားနေတယ်လို့ ပြောကြတယ်။ ဂစ်အိုးတွေလည်းရှိနေတော့ ထပေါက်ပြီး မီးလောင်တယ်လို့ သိရတယ်” ဟု ဒေသခံနောက်တစ်ဦး က ပြောသည်။ […]

မြိတ် တုံးဗျောရွာတွင် တိုက်ပွဲဖြစ်၊ အုပ်ချုပ်ရေးမှူးအပါအဝင် သေဆုံးထိခိုက်သူအချို့ရှိဟုဆို

diz_admin

November 2, 2022

မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာတွင် ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက်က တိုက်ပွဲဖြစ်ပွားပြီး ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု သိရကြောင်း ဒေသခံများထံမှ သိရသည်။ တုံးဗျောကျေးရွာရှိ စစ်ကောင်စီကင်းစခန်းနှင့် အုပ်ချုပ်ရေးမှူး တည်းခိုနေသည့် နေအိမ်တို့အား ယနေ့ နံနက် ၅ နာရီခွဲခန့်က ပြည်သူ့ကာကွယ်ရေးတပ်များက လာရောက်ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများက ဆိုသည်။ “အုပ်ချုပ်ရေးမှူး ဦးစိန်သန်းက အိမ်ကနေ ကားထဲအဝင်မှာ ပစ်ခံရပြီးသေတယ်။ အခုတုံးဗျောငယ်ရွာက သူ့အိမ်မှာပဲ အလောင်းကို ထားထားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးစိန်သန်းမှာ ရွာတွင်မနေဘဲ ရှောင်တိမ်းနေရာမှ ယခုရက်ပိုင်းအတွင်း ပြန်လည်ရောက်ရှိလာပြီး စစ်ကောင်စီတပ်များနှင့် သွားအတူလာအတူ နေထိုင်နေသည်ဟု ဒေသခံများက ပြောဆိုသည်။ ယင်းနောက် စစ်ကောင်စီကင်းစခန်းကိုလည်း ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒုအရာခံဗိုလ်တစ်ဦး […]

ရိတ်သိမ်းရာသီအစ စပါးဈေး ယမန်နှစ်ထက် ၂ ဆခန့် စျေးပိုရ

diz_admin

November 1, 2022

မြိတ်ခရိုင်အတွင်း မိုးစပါးရိတ်သိမ်းရာသီ စတင်နေပြီဖြစ်ပြီး စပါးဈေးများလည်း ယမန်နှစ်ထက် ထက်ဝက်ခန့်ဈေးကောင်းပေး ဝယ်ယူနေကြောင်း ဆန်စက်လုပ်ငန်းရှင်များ ထံမှသိရသည်။ ပြီးခဲ့သည့်နှစ်က စပါးတစ်တင်း ကျပ်ခြောက်ထောင်သာပေါက်ဈေးရှိခဲ့ရာမှ ယခုရိတ်သိမ်းရာသီတွင် စပါးတစ်တင်း ကျပ်တစ်သောင်းတစ်ထောင်မှ တစ်သောင်းနှစ်ထောင်အထိ ဈေးပေးကာဝယ်ယူနေသည်ဟု မြိတ်မြို့ရှိ အိုကေဆန်စက်လုပ်ငန်းရှင် ဦးမောင်ထွေး ကပြောသည်။ “ဒီနှစ်စက်သုံးဆီဈေး၊ဓါတ်မြေသြဇာဈေး စတဲ့စိုက်စရိတ်တွေ ကြီးမြင့်တဲ့အတွက် တစ်တင်းကို တစ်သောင်းတစ်ထောင် တစ်သောင်းနှစ်ထောင် ဒီထက်မကျပဲ ဈေးပေးပြီး ဝယ်ယူနေပါတယ်”ဟု ဦးမောင်ထွေး ကပြောသည်။ လက်ရှိအချိန်တွင် မြိတ်မြို့နယ်၊ဝန်ဖို့ရွာမှ စပါးတင်းတစ်သောင်းကျော် လာရောက်ရောင်းချခဲ့ပြီးဖြစ်ကာ ထပ်မံ၍ ရောင်းချမည့် ကျေးရွာများလည်း၊ မြိတ်မြို့နယ်နှင့်ပုလောမြို့နယ်အတွင်း အများအပြားရှိနေသေးကြောင်း ၎င်းကဆိုသည်။ “မိုးရွာနေလည်း ရိတ်သိမ်းလို့ရတယ်။ကျွန်တော့်ဆီမှာ အခြောက်ခံစက်နဲ့ အခြောက်ခံပေးပါတယ်”ဟု မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ လည်းဖြစ်သူ ဦးမောင်ထွေးကပြောသည်။ စပါးတစ်တင်း တစ်သောင်းနှစ်ထောင်အထိပေးကာ ဝယ်ယူနေသည်ကို ကြားသိရ၍ ဝမ်းသာမိကြောင်း မြိတ်မြို့နယ်၊သစ်ယာဝကျေးရွာနေ […]

ပုလောတွင် မှတ်ပုံတင်နှင့် ထောက်ခံစာကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေဆဲဟုဆို

diz_admin

November 1, 2022

မြိတ်ခရိုင် ပုလောမြို့ အဝင်အထွက်ဂိတ်နှစ်ခုတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား(မှတ်ပုံတင်)နှင့် ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး ထောက်ခံစာကို တင်းတင်းကျပ်ကျပ်စစ်‌ဆေးနေဆဲဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။ မှတ်ပုံတင်နှင့် ထောက်ခံစာနှစ်ခုစလုံးမပြသနိုင်ပါက မြို့ခံများကိုယ်တိုင်ပင် မြို့ဝင်ထွက်ဂိတ်ကို ဖြတ်သန်းသွားလာခွင့်မရဘဲဖြစ်နေကြောင်း ‌၎င်းတို့ကဆိုသည်။ တစ်ရက်သို့မဟုတ် နှစ်ရက်သက်တမ်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာတစ်ရွက်ကို တစ်ထောင်ကျပ်ဖြင့် သွားလုပ်နေရကြောင်း ၎င်းတို့ကဆိုသည်။ “ပုလောမြို့ပြင်ကိုထွက်မယ်ဆိုရင် နိုင်ငံခြားသွားသလိုဖြစ်နေတာ။ မှတ်ပုံတင်ရော၊ ထောက်ခံစာပါပြနေရတယ်။ အလှူတွေဘာတွေသွားဖို့ ထောက်ခံစာတစ်ချပ် တစ်ထောင်နဲ့သွားလုပ်နေရတာ” ဟု မြို့ခံတစ်ဦးကဆိုသည်။ မြို့ထဲတွင်ပါ ရှောင်တခင်စစ်ဆေးလေ့ရှိသဖြင့် ထောက်ခံစာရွက်ကို အမြဲတမ်းနီးပါး‌ ဆောင်ထားရကြောင်း မြို့ခံအချို့ကဆိုသည်။ ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းလောက်မှစပြီး  တနင်္သာရီတိုင်းအတွင်း ခရီးသွားလာသူများကို မှတ်ပုံတင်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာ၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံထားသည့် လက်မှတ်တို့ကို တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့သော်လည်း ယခုနှစ်အတွင်းမူ စစ်ဆေးမှုမရှိတော့ပေ။ ထားဝယ်၊ […]

တနင်္သာရီ တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်

diz_admin

November 1, 2022

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း၊ ဘန်လောနှင့် ခြောက်မိုင်ကျေးရွာတို့အနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် အရပ်သား နှစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါကျေးရွာများအနီးတွင် အောက်တိုဘာလ ၃၁ ရက် နေ့လယ်ပိုင်းမှ ညနေမိုးချုပ်သည်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၁)၊ တနင်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၂) တို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးကျည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ညောင်ပင်ကွင်းကျေးရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၁ နှစ် အရွယ်မိန်းကလေးတစ်ဦးတို့ လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “အမျိုးသားက […]

ပုလော ကျောင်းနိမ့်ရွာ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ နေအိမ်တစ်လုံးထိမှန်

diz_admin

October 31, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က ထုတ်ပြန်သည်။ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က စခန်းချလုံခြုံရေးယူပေးထားသည့် ကျောင်းနိမ့်ကျေးရွာအား ယနေ့ အောက်တိုဘာလ ၃၁ရက် မွန်းလွဲ ၃နာရီကျော်တွင် ပုလော ၂၈၅ တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီးခြောက်လုံး ချကာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ပြီး လူထိခိုက်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ကျောင်းနိမ့်ကျေးရွာနေ ပြည်သူများသည် နှစ်ဖက်တိုက်ပွဲများကြောင့် ရွာမှတိမ်းရှောင်နေသည်မှာ လအတန်ကြာနေပြီ ဖြစ်ပြီး လက်ရှိတွင် အနည်းအကျဉ်း ပြန်လည်နေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ “ရွာသားတချို့က သွားလိုက်လာလိုက်နဲ့ ပြန်လာနေ နေကြတယ်။ ခုဒီညနေ ၄ […]

တိုက်ပွဲကြောင့် ညောင်ပင်ကွင်းရွာသားများ ထွက်ပြေးနေရ

diz_admin

October 31, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံရွာသားများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ပင်ကွင်းကျေးရွာတွင် အောက်တိုဘာလ ၂၉ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်မှ ညနေ ၅ နာရီအထိ ပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင် ကြရကြောင်း ဒေသခံများက ပြောသည်။ “အိမ်ခြေ ငါးရာကျော်လောက်ရှိနေရာက ခုဆိုရင် လေးရာနီးပါးလောက်က ထွက်ပြေးကုန်ပြီ။ မပြေးဘဲ နေသူတွေလည်း အနည်းအကျဉ်း ကျန်ရစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်လေးလုံး ပျက်စီးခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ “ဗလီရှေ့က နေအိမ်နှစ်ဆောင်နဲ့ အခြားနှစ်ဆောင် လက်နက်ကြီးကျည်ကျပြီး ပျက်စီးသွားတယ်။ အရပ်သားတော့ ထိခိုက်တာမကြားရဘူး” ဒေသခံ […]