ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မြိတ်

ပုလောတွင် အဖမ်းခံ ရွာသား ၃၀ကျော်ပြန်လွတ်ပြီး ၂၀ကျော် မလွတ်သေး၊ တိုက်ပွဲပြင်းထန်နေ

diz_admin

November 10, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရွာသား ၃၀ကျော် ပြန်လွတ်လာပြီး ပိတပ်ကျေးရွာသား ၂၀ ကျော်မှာ လွတ်မြောက်လာခြင်း မရှိသေးကြာင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၎င်းတို့က ပြောသည်။ နိုဝင်ဘာလ ၉ ရက်နေ့က နံနက်က စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာတွင် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် ရွာသား ၃၀ ကျော်အား ညဦးပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ဆိုသည်။ “ရွာကဘုန်းကြီးပဲ လိုက်ပြီးသွားခေါ်လာပေးတယ်။ အယောက် ၃၀ ကျော်လောက်ရှိတယ်” ဟု မင်းထိန်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပြန်လွတ်လာသူများမှာ မင်းထိန်၊ ပဝတ်ဖျားနှင့် စစ်ကြောင်းထိုးရာ ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ပိတပ်ကျေးရွာတွင်လည်း နိုဝင်ဘာလ ၄ […]

ပုလော ထမင်းမစားရွာအနီး ပစ်ခတ်တိုက်ခိုက်မှုဖြစ်

diz_admin

November 9, 2022

ပုလောမြို့နယ်၊ ထမင်းမစားရွာအနီးတွင် ယနေ့ ညနေပိုင်းက ဗိုလ်ခေါင်းဖြူတပ်ဟု ခေါ်သည့် ကရင်ပြည်သူ့ ကာကွယ်ရေးတပ် (K-PDF) နှင့် စစ်ကောင်စီတပ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားကြောင်း K-PDF က ထုတ်ပြန်သည်။ ထမင်းမစားရွာနှင့် နန်းပရုပ်ရွာကြား လမ်းကင်းလာယူသည့် စစ်ကောင်စီတပ်အား ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ပြီး ၁၅ မိနစ်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက် တပ်သား ၃ ဦး သေဆုံးခဲ့ပြီး ဗိုလ်ခေါင်းဖြူစစ်ကြောင်းမှာ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “ကျွန်တော်တို့လည်း ညနေက အဲဒီရွာဖက် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ ကြားရတယ်” ဟု ပုလောဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ကရင်ပြည်သူ့ကာကွယ်ရေးတပ် (K-PDF) နှင့် ပျူစောထီးတို့ ပူးပေါင်းပါဝင်သည့် […]

ပုလောတွင် တိုက်ပွဲကြောင့် ရွာသားများထွက်ပြေးနေရပြီး နေအိမ်အချို့မီးရှို့ခံရဟုဆို

diz_admin

November 9, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး ကျေးရွာကိုးရွာက ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှ သိရသည်။ ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် ကဒဲ၊ ပဝတ်ကုန်း၊ သင်္ကန်းတော၊ တို၊ ပိတပ်၊ တန်းရှင်း၊ တပို၊ နန်းတောင်၊ မင်းထိန်စသည့် ကျေးရွာနေပြည်သူများ ထွက်ပြေးနေရကြောင်း ဒေသခံများက ပြောသည်။ ပြည်သူများ ထွက်ပြေးနေစဉ်အတွင်း နိုဝင်ဘာလ ၈ ရက်နှင့် ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့တို့တွင် တပို၊ တန်းရှင်း၊ တို၊ သင်္ကန်းတော၊ မင်းထိန် စသည့်ကျေးရွာများမှ နေအိမ်ခြောက်လုံးထက်မနည်း မီးရှို့ခံရကြောင်း ၎င်းတို့က ဆိုသည်။ ယင်းအပြင် ရွာသားအချို့လည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ “စစ်တပ်က ဒီမနက်ပဲ မင်းထိန်ရွာထဲကို သေနတ်ပစ်ဖောက်ဝင်လာပြီးတော့ ဘုန်းကြီးကျောင်းနံဘေးက […]

မြိတ်-ထားဝယ်ကားလမ်း ယခုရက်ပိုင်းအတွင်း အသုံးမပြုရန် ထုတ်ပြန်

diz_admin

November 8, 2022

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းအား ယခုရက်ပိုင်းအတွင်း အသုံးမပြုရန် ပြည်သူ့ကာကွယ်တပ်ရင်း (၁) ပုလောနှင့် မဟာမိတ်တပ်များက ထုတ်ပြန်လိုက်သည်။ မြိတ်-ထားဝယ်ကားလမ်းရှိရာ ပုလောမြို့နယ်၌ ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေပြီး နောက်ထပ်လည်း စစ်ရေးအရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ခရီးသွားပြည်သူများ ယင်းလမ်းကို အသုံးမပြုကြရန် နိုဝင်ဘာလ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ မိဘပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မေတ္တာရပ်ခံပန်ကြားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ နောက်ထပ် ထုတ်ပြန်ချက်တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ သွားလာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၇ ရက်နေ့က ပုလောမြို့နယ် မင်းထိန်ရွာအနီးဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အပြန်အလှန် ထိတွေပစ်ခတ်မှုများ ဖြစ်ခဲ့သည်။ ယနေ့ နံနက်တွင်လည်း ကဒဲ၊ သင်္ကန်းတော၊ နန်းတောင် စသည့် ကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး […]

ပုလော မင်းထိန်ရွာအနီးတွင် စစ်ကြောင်း မိုင်းဆွဲခံရ၊ ပစ်ခတ်တိုက်ခိုက်မှုများဆက်ဖြစ်

diz_admin

November 7, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၇ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ပုလောမြို့မှ မြိတ်မြို့ဖက်သို့ ခြေလျင်လာသည့် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံ ရကြောင်း ဒေသခံများက ပြောသည်။ မြိတ်ဖက်သို့ ခြေလျင်ဆင်းလာသည့် ၂၈၅ တပ်မှ တပ်သားများအား မင်းထိန်ကျေးရွာအနီးတွင် မိုင်းခြောက်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ နံနက် ၆ နာရီခွဲတွင် ပစ်ခတ်မှုများ ငြိမ်သက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၁၀ ဦးဝန်းကျင် သေဆုံးပြီး ငါးဦးခန့်မှာ ဒဏ်ရာရရှိသွားသည်ဟု ယင်းတပ်ဖွဲ့က […]

မြိတ်ခရိုင်၌ တစ်ရက်တည်း ကျေးရွာငါးရွာတွင် ပစ်ခတ်မှုဖြစ်၊ အုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရ

diz_admin

November 7, 2022

မြိတ်ခရိုင် မြိတ်နှင့် တနင်္သာရီမြို့နယ်တို့ရှိ ကျေးရွာငါးရွာအနီးတွင် နိုဝင်ဘာလ ၆ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၆ ရက်နေ့က တနင်္သာရီမြို့နယ်ရှိ ထုံမခါကျေးရွာ၊ တမုတ်ချုံးကျေးရွာ၊ တားပလတ်ကျေးရွာ၊ ဘန်းလမွတ် ကျေးရွာနှင့် မြိတ်မြို့နယ် တုံးဗျောကျေးရွာတို့တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။ “တမုတ်ချုံးမှာက စောစောပိုင်းဖြစ်တယ်။ ထုံခါနဲ့ တားပလတ်မှာက ညနေ ၄ နာရီနဲ့ ၅ နာရီလောက်မှာ စစ်ကား မိုင်းဆွဲခံရပြီး သေပျောက်မှုရှိတယ်လို့ ကြားရတယ်” ဟု တမုတ်ချုံး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းနေ့ နံနက်ကလည်း ဘန်းလမွတ်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံရသည်ဟု ကြားသိရကြောင်း ဒေသခံများက […]

ပုလောတိုက်ပွဲအတွင်း အရပ်သားနှစ်ဦးသေဆုံးပြီးငါးဦးထက်မနည်း ဒဏ်ရာရဟုဆို

diz_admin

November 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အရပ်သားနှစ်ဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ပိတပ်ကျေးရွာတွင် နိုဝင်ဘာ ၄ ရက်နေ့တိုက်ပွဲကြောင့် ပင်လယ်အတွင်း ငါးဖမ်းရာမှပြန်လာသည့် အရပ်သားတစ်ဦးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူမှာ တိုကျေးရွာနေ အသက် ၂၀ ဝန်းကျင်ရှိ ကိုဖြိုးငွေစိုးနှင့် ပိတပ်ရွာနေ သုံးဘီးဆိုင်ကယ်မောင်းသူ အသက် ၃၀ ကျော်အရွယ် ကိုဇေယျာလင်း တို့ဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ ယင်းအပြင်နေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် ယင်းနေအိမ်နေ မိသားစုငါးဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “သားအဖနှစ်ဦး လှေမောင်းပြီး ဝင်လာတဲ့အချိန် ပစ်ခံထိတာ သားမှာထိပြီး သေသွားတယ်။ သူတို့နဲ့အတူတူ ဝင်လာတဲ့လှေကတော့ မောင်းပြေးတာ လွတ်သွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ အလားတူသုံးဘီးဆိုင်ကယ်မောင်းသူ ကိုဇေယျာလင်းသည်လည်း သုံးဘီးမောင်းလာစဥ်လမ်း၌ […]

ပုလော၊ ပိတပ်ရွာတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျသဖြင့် ရွာသားလေးဦး ဒဏ်ရာရဟုဆို

diz_admin

November 4, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပိတပ်ကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားလေးဦး ဒဏ်ရာရရှိသွားကြောင်း ဒေသခံများထံမှ သိရသည်။ နှစ်ဖက်တိုက်ပွဲဖြစ်ကာ ပိတပ်ရွာအတွင်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အနည်းဆုံးအရပ်သား လေးဦးခန့် ဗုံးစထိမှန် ဒဏ်ရာရသွားသည်ဟု ဒေသခံများကပြောသည်။ “ဒဏ်ရာရသူတွေကိုတော့ သွားမသယ်ရသေးဘူးလို့ ကြားရတယ်။ အခုထိလည်း နှစ်ဖက် တိုက်ပွဲဖြစ်နေတုန်းပဲ”ဟု ဒေသခံအမျိုးသားက ယနေ့ မွန်းလွဲ ၂ နာရီ ကပြောသည်။ ပိတပ်ကျေးရွာသို့ ယနေ့နံနက်က ပြည်သူ့ကာကွယ်ရေးတပ်များ ရောက်ရှိလာပြီး လက္ကူးဘက်မှ ပုလောမြို့ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ကားကို လမ်းမှဖြတ်တိုက်ရာ နှစ်ဖက်တိုက်ပွဲ စတင်ဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ကပြောသည်။ ယင်းသို့တိုက်ပွဲဖြစ်နေစဥ် ပုလော ၂၈၅ တပ်နှင့် လက္ကူးကျေးရွာတပ်ဘက်မှ ပိတပ်ရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ကူသဖြင့် လက်နက်ကြီးများ ရွာအတွင်း ကျရောက်ပြီး […]