တနင်္သာရီ လယ်သစ်ရွာအနီးတွင် တိုက်ပွဲဖြစ်
diz_admin
June 15, 2022မြိတ်ခရိုင် တနင်္သာရီမြို့နယ်၊ လယ်သစ်ကျေးရွာအနောက်ကမ်းတွင် ယနေ့ (ဇွန် ၁၅) ညနေ ၃ နာရီဝန်းကျင်က တိုက်ပွဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လယ်သစ်အနောက်ကမ်းသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်နှင့် တိုက်ပွဲဖြစ်ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “လက်နက်ကြီး ပစ်သံတွေလည်း ကြားခဲ့ရတယ်။ လက်နက်ငယ်သံရောပဲ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ညနေ ၅နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ရပ်သွားကြောင်း ဒေသခံများကို မေးမြန်းချက်အရ သိရသည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖက်က နှစ်ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ကလည်း လက်လုပ်သေနတ် ယမ်းမတော်တဆဖြစ်ကာ တစ်ဦးဒဏ်ရာရသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောဆိုကြသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ လယ်သစ်ကျေးရွာအနောက်ကမ်းသို့ ဇွန်လ ၅ ရက်နေ့ကလည်း စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာပြီး လယ်သစ်အရှေ့ကမ်းသို့ […]


