ဒီဇယ်ဈေးကျသလောက် မြိတ်မီတာခ ဈေးပြန်မကျ
diz_admin
November 16, 2022မြိတ်မြို့တွင် ဒီဇယ်ဆီဈေးနှုန်း သိသိသာသာ ကျဆင်းနေသော်လည်း လျှပ်စစ်မီတာခဈေး သိသိသာသာမကျဘဲ တစ်ယူနစ်လျှင် ၂၅ ကျပ်သာ ကျဆင်းကြောင်း မြိတ်မြို့မှ လျှပ်စစ်မီးသုံးစွဲသူတို့က ပြောသည်။ ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်ငါးသိန်းနီးပါးရှိခဲ့သည့် ဇူလိုင်လက မီတာခ တစ်ယူနစ်လျှင် ၉၄၇ ကျပ် ကောက်ခံခဲ့သည်။ ယင်းနောက် ဩဂုတ်လတွင် ဒီဇယ်ဈေး ကျပ်ရှစ်သိန်းအထိ မြင့်တက်သဖြင့် တစ်ယူနစ်လျှင် ၁၁၅၃ ကျပ်အထိ တိုးမြှင့်ကောက်ခဲ့ကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့က ပြောသည်။ စက်တင်ဘာနှင့် အောက်တိုဘာလတို့တွင် ဒီဇယ်တစ်ပီပါလျှင် ကျပ်ခြောက်သိန်းခုနှစ်သောင်းအထိ ဈေးပြန်ကျဆင်း ခဲ့ချိန်တွင်လည်း တစ်ယူနစ်လျှင် ၁၁၂၈ ကျပ် ကောက်ခံနေဆဲဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ဒီဇယ်ဆီ တစ်ပီပါလျှင် ကျပ်တစ်သိန်းသုံးသောင်းအထိ ဈေးကျခဲ့သော်လည်း မီတာခ တစ်ယူနစ်လျှင် ၂၅ ကျပ်သာ ဈေးကျဆင်းခြင်းဖြစ်သည်။ […]


