ကျွန်းစု ရေကန်တောင် NLD ရပ်ကျေးဥက္ကဋ္ဌ အပါအဝင် မိသားစုဝင် ငါးဦး အဖမ်းခံရ
diz_admin
December 5, 2021ကျွန်းစုမြို့နယ်၊ ရေကန်တောင်ကျေးရွာနေ NLD ရပ်ကျေးဥက္ကဋ္ဌနှင့် မိသားစုဝင် ငါးဦး ဖမ်းဆီးခံရကြောင်း ကာယကံရှင်၏ အသိုင်းအဝိုင်းနှင့် ဒေသခံများထံမှသိရသည်။ ရေကန်တောင်ရပ်ကျေးဥက္ကဋ္ဌ ဒေါ်ခင်နီဝင်း (ခ) မနီ အပါအဝင် မိသားစု လေးဦးအား စစ်တပ်နှင့် ရဲများက ဒီဇင်ဘာ ၃ ရက်နေ့ ည ၉ နာရီကျော်တွင် မြိတ်မြို့ရှိ ရွှေပြည်တန်ရပ်ကွက်တွင် လာရောက် ဖမ်းဆီးသွား ကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။ ဒေါ်ခင်နီဝင်းနှင့်အတူ ၎င်း၏ ခင်ပွန်း၊ သမီးနှင့် သားဖြစ်သူတို့ ဖမ်းဆီးခံရကြောင်း ကာယကံရှင် မိသားစု အသိုင်းအဝိုင်းထံမှ သိရသည်။ ဒေါ်ခင်နီဝင်း ခင်ပွန်း၏ ညီလည်းဖြစ်သူ ဦးမောင်နိုင်ကိုလည်း ယင်းနေ့၌ပင် ရေကန်တောင်ရွာတွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ရွာသားများ ထံမှသိရသည်။ “လာဖမ်းတာက စစ်သားနဲ့ ရဲ နှစ်ဆယ်နီးပါးရှိတယ်။ […]