BREAKING
May 12, 2025

မြိတ်

ပုလော CDM လက်ထောက်ပညာရေးမှူးနှင့် နှစ်ဦး ကားတိုက်ခံရပြီး သေဆုံး

diz_admin

December 13, 2021

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၏ CDM လက်ထောက်ပညာရေးမှူးနှင့် အမျိုးသမီးငယ်နှစ်ဦး ကားတိုက်ခံရပြီး သေဆုံးကာ အခြားအမျိုးသမီးငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများနှင့် ပုလောပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ပုလောမြို့နယ် လက်ထောက်ပညာရေးမှူး ဦးသာဝင်းနှင့် အသက် ၂ဝ မှ ၂၅ နှစ် ကြားအရွယ်ရှိ မိန်းကလေးငယ် သုံးဦးသည် ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၇ နာရီခန့်တွင် ကားတိုက် ခံရခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံများက ပြောသည်။ အသက် ၅၇ နှစ်အရွယ် ဦးသာဝင်းနှင့် မိန်းကလေးငယ် နှစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း ဒေသခံများထံမှ သိရသည်။ နောက်အမျိုးသမီးငယ်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ရသဖြင့် ပုလောဆေးရုံတွင် ဆေးကုသမှုခံယူ နေရပြီး […]

ပုလော KNUထိန်းချုပ်နယ်မြေတွင်PRDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်

diz_admin

December 11, 2021

ပုလောမြို့နယ် KNU ထိန်းချုပ်နယ်မြေ ဒူးရင်းပင်ရှောင်ရွာအနီးတွင် ပုလောဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် (PRDF) နှင့် စစ်ကောင်စီတပ်တို့ ယနေ့ (ဒီဇင်ဘာ ၁၁) ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း အနီးဝန်းကျင်က ဒေသခံများထံမှ သိရှိရသည်။ နံနက် ၇ နာရီခန့်တွင် တစ်ကြိမ်၊ နံနက် ၁၀ နာရီခန့်တွင် တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တစ်ကြိမ်လျှင် မိနစ် ၃၀ ခန့် ကြာမြင့်ကြောင်း ၎င်းတို့ထံမှ သိရသည်။ စစ်ကောင်စီတပ်သည် ဂျက်ဂါးရွာမှ မြို့ဟောင်းရွာသို့ စစ်ကြောင်းထိုးလာပြီးနောက် ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၄) ၊ တပ်ခွဲ (၇) ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ဒူးရင်းပင်ရှောင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိသည်ဟုကြားသိရပြီး […]

မောတောင်နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော်ကျဆင်း

diz_admin

December 10, 2021

မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် တနင်္သာရီမြို့နယ် မောတောင်(မြို့) နယ်စပ်တွင် အိမ်ခြံမြေ အရောင်းအဝယ် ထက်ဝက်ကျော် ကျဆင်းနေဆဲဖြစ်ကြောင်း ယင်းနယ်စပ်နေသူတစ်ချို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ် နှစ်လယ်ခန့်မှစပြီး ကိုဗစ်ကပ်ဘေးကြောင့် မောတောင်-စင်ခွန်းနယ်စပ်ဂိတ်အား ထိုင်းဘက်မှ ပိတ်ခဲ့ပြီးနောက် အိမ်ခြံမြေအရောင်းအဝယ် စတင် ကျဆင်းလာရခြင်းဖြစ်ကြောင်း မောတောင်မြို့တွင် အိမ်ခြံမြေ အရောင်းအဝယ်လုပ်ဖူးသူ မြို့ခံအမျိုးသားတစ်ဦးက ပြောပြသည်။ “အရောင်းအဝယ်ကတော့ ပါးပါးလေး‌တော့ ဖြစ်နေကြသေးတယ်” ဟု အထက်ပါအမျိုးသားက ပြောသည်။ မောတောင်-စင်ခွန်းနယ်စပ်ဂိတ် မပိတ်မီအချိန်က တစ်လလျှင် အိမ်ခြံမြေအရောင်းအဝယ် ပျမ်းမျှ ခုနှစ်ခုခန့် ရှိနေရာမှ လက်ရှိတွင် သုံးခုခန့်သာ အရောင်းအဝယ်ဖြစ်နေရကြောင်း မောတောင်နေသူအချို့က ဆိုသည်။ နယ်စပ်ဂိတ်ပိတ်ထားသဖြင့် ထိုင်းသို့ လည်ပတ်ခွင့် မရှိခြင်း၊ ဒေသခံတို့သည် မောတောင်ဂိတ် တစ်ဖက်ရှိ ထိုင်းနိုင်ငံ စင်ခွန်းဈေးတွင် ဒေသထွက်ကုန်တို့အား သွားရောက်ရောင်းချခွင့် မရှိခြင်းနှင့် […]

စစ်တပ်က ဖမ်းထားသည့် ပဝတ်ကုန်းရွာသား ၂၇ဦးအနက် ရှစ်ဦး ပြန်လွတ်

diz_admin

December 9, 2021

စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ပုလောမြို့နယ် ပဝတ်ကုန်းရွာသား ၂၇ ဦးအနက် ရှစ်ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါကျေးရွာ ဒေသခံများထံမှ သိရသည်။ ပဝတ်ကုန်းရွာသား ၂၇ ဦးကို ဒီဇင်ဘာလ ၃ ရက်နေ့ နံက် ၁ နာရီခန့်တွင် စစ်တပ်က ရွာသို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး လေးရက်အကြာ ဒီဇင်ဘာလ ၇ရက်နေ့တွင် ရှစ်ဦးကို ပြန်လွှတ် ပေးလိုက်ခြင်း ဖြစ်သည်။ “ခံဝန်တွေထိုးပြီး ပြန်လွတ်လာတယ်လို့ပဲ သိရသေးတယ်။ ဘယ်လိုလဲဆိုတာတော့ အသေးစိတ် မသိရသေးဘူး” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။ ပြန်လွတ်လာသူများအနက် အမျိုးသမီးများအပြင် အမျိုးသားအချို့ပါဝင်သည်သာ သိရသေးပြီး အမျိုသား၊ အမျိုးသမီးဦးရေ အတိအကျကိုမူ အတိအကျ မသိရသေးကြောင်း ပဝတ်ကုန်း ဒေသခံအချို့က ဆိုသည်။ ဖမ်းဆီးခံရသည့် ရွာသား ၂၇ […]

မြိတ်တွင် ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချ

diz_admin

December 9, 2021

မြိတ်မြို့တွင် ကျပ်ငါးရာတန် ရွေ့လျားထမင်းဆိုင် စတင်ရောင်းချနေပြီဖြစ်ကြောင်း ရောင်းချသူထံမှ သိရသည်။ အဆိုပါထမင်းဆိုင်ကို ကားနှစ်စီးအသုံးပြု၍ မြိတ်မြို့ကမ်းနားလမ်းတစ်လျှောက် သင်္ဘောဆိပ်နှင့် ဈေးကြီးအနီးတစ်ဝိုက်တွင် ပါဆယ်စနစ်ဖြင့် ရောင်းချပြီဖြစ်ကြောင်း စီစဉ်သူ ဦးကျော်ကျော်လွင်က ပြောသည်။ ငါးရာတန် ပါဆယ်ထမင်းတွင် ကြက်ဥ၊ ဘဲဥ၊ ကြက်သား၊ ငါး၊ ပဲကုလားဟင်း စသည့် ဟင်းတစ်မယ်နှင့် အသီးအရွက်ကြော်၊ ဗာလချောင်တို့ ပါဝင်မည်ဖြစ်ပြီး တစ်နေ့လျှင် ပွဲငါးရာရောင်းချပေးရန် စီစဉ်ထားကြောင်း ၎င်းက ဆိုသည်။ “ဘယ်အရောင်အသွေး ဘယ်အဖွဲ့အစည်းရဲ့ ထောက်ပံ့မှုမှ မပါဘူး။ ရောင်းချသူရဲ့ ကိုယ်ကျိုးအတွက်လည်း မပါဘူး။ အခက်အခဲဖြစ်နေသူတွေအတွက် စေတနာသန့်သန့်နဲ့ လုပ်တာပါ” ဟု ဦးကျော်ကျော်လွင်က ပြောသည်။ ကိုဗစ်ကာလအတွင်း အလုပ်အကိုင်အခက်အခဲ ဖြစ်နေသူများစွာရှိနေသဖြင့် ၎င်းတို့၏ အခက်အခဲကို နိုင်သလောက်ကူညီရန် သူငယ်ချင်းမိတ်ဆွေများနှင့် တိုင်ပင်ကာ ယခုကဲ့သို့ […]

မောတောင်နယ်စပ်အနီး ထိုင်းတွင် ငါးရက်အတွင်း မြန်မာလုပ်သား ၄၀၀ နီးပါး ဖမ်းဆီးခံရ

diz_admin

December 7, 2021

တနင်္သာရီမြို့နယ်ရှိ မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဂိတ်ဖြစ်သည့် မောတောင်နယ်စပ်ဂိတ်၏ တစ်ဘက်ကမ်း ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် ဒီဇင်ဘာ ၂ ရက်မှ ၆ ရက်အထိ ငါးရက်တွင်း မြန်မာရွှေ့ပြောင်း အလုပ် သမား ၄၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ ဒီဇင်ဘာလ ၂ ရက်နေ့က ပရာကျွတ်ခီရီခန်ခရိုင်နှင့် ကန်ချနပူရီခရိုင်တို့တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၆၉ ဦးတို့အား ဖမ်းမိခဲ့သည်။ ယင်းနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပရာကျွတ်ခီရီခန်ခရိုင်အတွင်း နေရာ သုံးနေရာတွင် စုစုပေါင်း အလုပ်သမား ၁၃၀ ဦး ထပ်မံဖမ်းမိကြောင်း အဆိုပါဌာနက ထုတ်ပြန်ထားသည်။ ပရာကျွတ်ခီရီခန်ခရိုင်းအတွင်းပင် ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း ၄၉ ဦး (အမျိုးသား ၃၃ ဦး၊ […]

မြိတ်တွင် အမျိုးသားတစ်ဦး အဖမ်းခံရပြီး နှစ်ရက်အကြာ သုသာန်တွင် အလောင်းလာကြည့်ရန် မိသားစုကို ခေါ်

diz_admin

December 7, 2021

မြိတ်မြို့၊ နောက်လယ်ရပ်ကွက်တွင် ထမင်းဆိုင်ရောင်းချသူ အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် ရုပ်အလောင်းကို သုသာန်၌ လာရောက်ကြည့်ရှုရန် မိသားစုကို ခေါ်ကြောင်း ယင်းရပ်ကွက် အသိုင်းအဝိုင်းထံမှ သိရသည်။ နောက်လယ်ရပ်ကွက် (၁) လမ်းတွင် ထမင်းဆိုင်ရောင်းချသူ အသက် ၄၀ နှစ်အရွယ်ရှိ ဦးပြည့်စုံဦး (ခေါ်) တီးတီကို ဒီဇင်ဘာလ ၄ ရက်နေ့ နံက် ၇ နာရီခွဲ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် လက်နက်များကိုင်ကာ ကားနှစ်စီးဖြင့် လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းနောက် ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၅ နာရီတွင် တီးတီ၏ ရုပ်အလောင်းကို ကလွှင်သုသာန်တွင် လာ ရောက် ကြည့်ရှုရန် မိသားစုကို အကြောင်းကြားလာကြောင်း ယင်းရပ်ကွက်တွင် နေထိုင်သူများက […]

ပုလောတွင် ပုဂ္ဂလိက အမှိုက်သိမ်းခလစဉ်ကြေး တိုးကောက်မည်

diz_admin

December 7, 2021

ပုလောမြို့တွင် အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်နေသည့် မြရတနာ ပုဂ္ဂလိကအမှိုက်သိမ်းလုပ်ငန်းသည် ဒီဇင်ဘာလကုန်မှ စတင်ပြီး အမှိုက်သိမ်းခ လစဉ်ကြေး ငါးရာကျပ် တိုးမြှင့်ကောက်ယူတော့မည်ဖြစ်ကြောင်း ကြေညာထားသည်။ ယခင် ၁၅၀၀ ကျပ်ကောက်နေသည့်နေရာမှ ယခု ၂၀၀၀ ကျပ် ကောက်ခံမည်ဖြစ်ပြီး ၂၅၀၀ ကျပ် ကောက်ခံနေသည့် စားသောက်ဆိုင်လုပ်ငန်းများကို ၃၀၀၀ ကျပ် စသည်ဖြင့် တိုးကောက်မည်ဖြစ်ကြောင်း မြရတနာအမှိုက်သိမ်းလုပ်ငန်း မန်နေဂျာက ပြောသည်။ လုပ်ငန်းအရှုံးပေါ်နေသဖြင့် လစဉ်ကြေး တိုးမြှင့်ကောက်ခံရခြင်းဖြစ်ပြီး အမှိုက်ထွက် နည်းသည့် နေအိမ်၊ ‌ဆိုင်တို့ကိုမူ ညှိနှိုင်းကောက်ခံသွားပြီဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ “ကားပြင်စာရိတ်၊ အလုပ်သမားငှားခတွေနဲ့ဆို တစ်လကို ဆယ်ပုံး (ဆယ်သိန်းကျပ်) လောက် ရှုံးနေတာပါ။ ဒီလိုတိုးကောက်လိုက်ရင်တော့ အရင်းလောက်ရရင်ကို အဆင်ပြေပါတယ်” ဟု ၎င်းမန်နေဂျာက ပြောသည်။ ပုလောမြို့ပေါ်ရှိ ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးက အမှိုက်သိမ်းခ […]