ကင်းမွန် ဖမ်းဆီးရရှိမှုနည်းသဖြင့် ကုန်ကျစရိတ် မကာမိဟုဆို
diz_admin
December 22, 2021မြိတ်ခရိုင်အတွင်း ကင်းမွန်ဖမ်းဆီးရမိမှု နည်းသည့်အတွက် ကုန်ကျစရိတ် မကာမိကြောင်း ကင်းမွန်လှေရှင်များက ပြောသည်။ တနင်္သာရီပင်လယ်ပြင်အတွင်း ရာသီပေါ်ကင်းမွန်များကို နိုဝင်ဘာလဆန်းက စတင်ဖမ်းဆီးနေကြပြီး လက်ရှိအချိန်အထိ ဖမ်းဆီးရမိမှုနည်းကာ လှေအချို့ စရိတ်မကာမိကြကြောင်း လှေပိုင်ရှင်များက ဆိုသည်။ “(စက်သုံး) ဆီစရိတ်၊ အစားသောက်စရိတ်ကကြီးပြီး ကင်းမွန်အရနည်းတော့ မကျန်ဘူးပေါ့” ဟု မြိတ်မြို့မှ ကင်းမွန်လှေပိုင်ရှင် ဦးလှိုင်ဖူးက ပြောသည်။ ပြီးခဲ့သည့်နှစ်က စက်သုံးဆီ တစ်ပေပါ တစ်သိန်းနှစ်သောင်းသာ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် တစ်ပေပါ သုံးသိန်းနီးပါးဖြင့် ဝယ်သုံးနေကြရသလို အခြေခံစားသောက်ကုန်များသည်လည်း ထက်ဝက်ခန့် ဈေးနှုန်းမြင့်တက်နေသည်။ နှစ်စဉ်တစ်လကို လှေတစ်စီးလျှင် နှစ်ဆယ်ကီလိုဝင် ကင်းမွန်ဘန်းရေ တစ်ရာရရှိနေသည့်လှေသည် ယခုအခါ ကင်းမွန်ဘန်းရေ လေးဆယ်မှ အများဆုံး ခြောက်ဆယ်အထိသာ ဖမ်းယူရရှိနေကြကြောင်း ကင်းမွန်လှေရှင် ကိုအေးမင်းက ပြောသည်။ “လှေတော်တော်များများက အရင်ကလောက် […]