BREAKING
May 13, 2025

မြိတ်

မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းတွင် ပြည်သူများ ကားမှန်ချမောင်းရန် PDF စာထုတ်

diz_admin

January 2, 2022

မြိတ်-တနင်္သာရီ-ကော့သောင်းလမ်းတစ်လျှောက် သွားလာနေကြသည့် မော်တော်ယာဉ်များ မှန်ချပြီး မောင်းနှင်သွားလာကြရန် တနင်္သာရီ ရိုးမပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တနင်္သာရီမြို့နယ် TYF-PDF) ထုတ်ပြန်ကြေညာထားသည်။ ဇန်နဝါရီလ ၂ ရက်နေ့မှ စ၍ မည်သည့်အဖွဲ့အစည်းပိုင် မော်တော်ယာဉ်မဆို မှန်ချပြီးမောင်းနှင်ကြရန်၊ စစ်ယာဉ်တန်းနှင့် နီးကပ်စွာ မလိုက်ကြရန် ထုတ်ပြန်ထားသည်။ အကယ်၍ ကားမှန်မချဘဲ သွားလာလျှင် စစ်ကောင်စီတပ်က အသုံးပြုနေသည့် ယာဉ်များနှင့် မှားယွင်း ပစ်ခတ်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက်ကြောင့် ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်များသည် ကျေးရွာအချို့သို့ တပ်ချိန်း တပ်ပြောင်းလုပ်ရာတွင်လည်းကောင်း၊ တပ်အင်အား ဖြည့်တင်းခြင်းနှင့် တပ်ရိက္ခာသယ်ဆောင်ရာတွင်လည်းကောင်း ယင်းလမ်းမကြီးကို အသုံးပြုနေကြသဖြင့် ထုတ်ပြန်ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ လျော့ကျ

diz_admin

December 31, 2021

တနင်္သာရီတိုင်းအတွင်း ကိုဗစ်ကြောင့် သေဆုံးသူ ယခင်လကထက် လျော့ကျလာကြောင်း တိုင်းကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရသိရသည်။ ထားဝယ်ခရိုင်တွင် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ကိုဗစ်ကြောင့် သေဆုံးရသူ ၁၈ ဦးရှိခဲ့ရာက ယခုဒီဇင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ လေးဦးသာ ရှိတော့ကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် စာရင်းအရ သိရသည်။ အလားတူ မြိတ်ခရိုင်တွင်လည်း ပြီးခဲ့သည့် နိုဝင်ဘာလက သေဆုံးသူ လေးဦးရှိခဲ့ပြီး ယခုဒီဇင်ဘာလ ၃၀ ရက်နေ့အထိ သေဆုံးသူ သုံးဦး ရှိတော့ကြောင်း အထက်ပါစာရင်းအရ သိရသည်။ ထားဝယ်ခရိုင်အတွင်း ယခုလ သေဆုံးသူ လေးဦးစလုံးမှာ ထားဝယ်မြို့နယ်တွင် နေထိုင်ကြသူများ ဖြစ်သည်။ အလားတူ မြိတ်ခရိုင်အတွင်း ယခုလ သေဆုံးသူ သုံးဦးစလုံးသည်လည်း မြိတ်မြို့နယ်အတွင်း နေထိုင်ကြ သူများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ […]

ဂျလန်းကျွန်းဆရာတော်၏ အရိုးပြာအား အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင် ကျင်းပမည်

diz_admin

December 30, 2021

မော်ကင်း (ခေါ်) ဆလုံသာသနာပြု ဂျလန်းကျွန်းဆရာတော် အရှင်ကုသလဇောတိ၏ ဥတုဇရုပ်ကလာပ်မှ ကြွင်းကျန်ရစ်သော အရိုးပြာအား အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင် ကျင်းပမည်ဖြစ်ကြောင်း ဂျလန်းကျွန်း လက်ရှိကျောင်းထိုင်ဆရာတော်ဖြစ်သော ဒေါက်တာအရှင်ပညာသီရိက မိန့်ကြားသည်။ မြန်မာပြည်တောင်ဘက်စွန်း ကော့သောင်းမြို့နယ်အတွင်းရှိ ဂျလန်းကျွန်းတွင် သာသနာပြုခဲ့သည့် ဂျလန်းကျွန်းဆရာတော်၏ အန္တိမ အဂ္ဂိဈာပနာ သာဓုကီဠနပူဇာသဘင်ကို ဆရာတော်၏ မွေးရပ်ဇာတိ ဖြစ်သည့် မန္တလေးတိုင်း သာစည်မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။ သာစည်မြို့နယ် အင်းဝင်းကျေးရွာရှိ ဆရာတော် ဦးစီးတည်ထောင်ခဲ့သည့် ကျောက်တောင် ကျောင်းတိုက်တွင် ဇန်နဝါရီလ ၉ ရက်နေ့ ကျင်းပမည်ဖြစ်ကြောင်း ဆရာတော် ဒေါက်တာအရှင် ပညာသီရိက မိန့်ကြားသည်။ ဂျလန်းကျွန်းဆရာတော်၏ မွေးရပ်မြေဖြစ်သည့် သာစည်မြို့နယ် ဘိုကုန်းကျေးရွာမှ ဆရာတော်၏ အရိုးပြာအား ကရဝိတ်ယာဉ်ဖြင့် အင်းဝကျေးရွာရှိ ကျောက်တောင်ကျောင်းတိုက်သို့ ပင့်ဆောင်မည် ဖြစ်ကြောင်း […]

မြိတ် မြကမ်းသာရွာက ပြောင်းရွှေ့ခံရသူများ ယာယီအိမ်ဆောက်ရေးနှင့် သွားလာရေးခက်ခဲနေ

diz_admin

December 29, 2021

မြိတ်မြို့တွင် မြကမ်းသာရွာဟု ခေါ်ကြသည့်နေရာမှ ပြောင်းရွှေ့ခံလိုက်ရသည့် လူရှစ်ရာကျော်အတွက် အစားထိုးပေသည့်မြေမှာ ဓနိတောမြေဖြစ်နေပြီး ယာယီအိမ်ဆောက်ရန်နှင့် လမ်းပန်းသွားလာရေး အခက်အခဲရှိနေကြောင်း အကူအညီပေးနေသူများနှင့် ရွာသားများထံမှ သိရသည်။ ကလွင်ကျေးရွာအုပ်စု၊ MFD အိမ်ရာအနီးရှိ မြကမ်းသာကျေးရွာဟု အမည်တပ်ခေါ်သည့် မြေပေါ်တွင် နေထိုင်သည့် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းအပါအဝင် အိမ် ၁၅၂ ဆောင် အိမ်ထောင်စုအားဖြင့် ၁၆၀ နီးပါးကို မြိတ်အနာဂတ်ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သောကုမ္ပဏီ (MDF) က ပြောင်းရွှေ့ခိုင်းခြင်း ဖြစ်သည်။ ကုမ္ပဏီက အစားထိုးနေရာချပေးသည့် နေရာကို ပြောင်းရွှေ့လာသူအချို့မှာ ယာယီအိမ်များ စတင်ဆောက်လုပ်နေကြပြီဖြစ်ကြောင်း အကူအညီပေးနေ သူများနှင့် ရွာသားများထံမှ သိရသည်။ သို့သော် ငွေကြေးအခက်အခဲရှိသဖြင့် အများစုမှာ ယာယီအိမ်ဆောက်ရန် အခက်အခဲ ကြုံနေရကြောင်း ၎င်းတို့က ဆိုသည်။ ကုမ္ပဏီက အစားထိုးချထားပေးသည့် မြေနေရာသည် ရှမ်းချောင်းကြီးရွာနှင့် […]

ဓနိပျား လုပ်ကိုင်ကြသူနည်းလာ

diz_admin

December 28, 2021

ထင်းအခက်အခဲကြောင့် ဓနိပျား ကျိုချက်လုပ်ကိုင်ကြသူ နည်းလာကြောင်း ဒေသခံများထံမှ သိရသည်။ ဓနိပျား ကျိုချက်ရာတွင် အသုံးပြုသည့် ထင်းများ ဝယ်ရန်ခက်ခဲခြင်း၊ ဈေးကြီးပေးကာ ဝယ်ယူရခြင်း တို့ကြောင့် လုပ်ကိုင်သူ နည်းလာခြင်း ဖြစ်ကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်ကြသူများက ပြောသည်။ “ရွာမှာတော့ လုပ်တဲ့သူ နည်းနည်းပဲ ကျန်ပြီ။ ထင်းတွေ ဈေးကြီးလို့ မလုပ်ကြတော့ဘူး” ဟု မြိတ်မြို့နယ်၊ တောင်ရှည်ကျေးရွာနေ ဦးတင်က ဆိုသည်။ တောင်ရှည်ကျေးရွာတွင် ယခင်က ပုံမှန်ဓနိပျားကျိုချက်သူ နှစ်ဆယ်ဦးခန့်ရှိပြီး ငါးနှစ်ခန့်အတွင်း လုပ်ကိုင်သူတဖြည်းဖြည်း လျော့ကျလာကာ လက်ရှိ ငါးဦးခန့်သာ ကျန်တော့ကြောင်း အဆိုပါလုပ်ငန်း လုပ်ကိုင်သူအချို့ထံမှ သိရသည်။ အလားတူ ပသောင်းကျေးရွာတွင်လည်း ယခင်ကဓနိပျားကျိုချက်သူ တစ်ရာနီးပါးရှိခဲ့သော်လည်း ယခုအခါ ဆယ်ဂဏန်းပင် မပြည့်တော့ကြောင်း ဒေသခံများက ပြောသည်။ “အဓိက က […]

ပုလောတွင် နှစ်ရက်အတွင်း လူသုံးဦး ပစ်သတ်ခံရ

diz_admin

December 27, 2021

မြိတ်ခရိုင် ပုလောမြို့နယ်တွင် နှစ်ရက်အတွင်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ပုလောဒေသခံများထံမှ သိရသည်။ ကျောင်းနိမ့်ကျေးရွာတွင် ဒီဇင်ဘာလ ၂၆ ရက် ည ၆ နာရီခန့်က ဦးဖိုးတိုနှင့် ဒေါ်လုံးငယ်ဆိုသူ ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၎င်းတို့နှင့် အတူရှိနေသူ အမျိုးသားတစ်ဦးသည်လည်း ပစ်ခတ်ခံရသည့် ဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများကပြောသည်။ ယနေ့ (ဒီဇင်ဘာ ၂၇) ရက် နေ့လယ်ကလည်း ပဝတ်ကုန်းကျေးရွာ ရာအိမ်မှူး ဦးကြွက်နီအား အမည်မသိ အဖွဲ့တစ်ဖွဲ့က လာရောက် ဖမ်းဆီးသွားပြီး ရွာအပြင်တွင် သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ဒေသခံများ ကပြောသည်။ အသတ်ခံရသည့် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသည် စစ်ကောင်စီတပ်အား သတင်းပေးနေသည့် ဒလန်ဟု သတင်းထွက်နေကြောင်း ရွာသားတစ်ချို့က ပြောဆိုခဲ့ကြသည်။ […]

မြိတ် လျှပ်စစ်မီတာခ လတိုင်းနီးပါး ဈေးတက်၊ ၁၁လအတွင်း ဈေးတစ်ဆကျော်ခုန်တက်

diz_admin

December 26, 2021

ယခုနှစ်အစက စပြီး မြိတ်မြို့ရှိ လျှပ်စစ်မီတာခဈေးနှုန်းမှာ ကျဆင်းခြင်းမရှိဘဲ လတိုင်းနီးပါး တက်မြဲအတိုင်း တက်နေကြောင်း လျှပ်စစ်မီတာသုံးစွဲသူတို့ထံမှ သိရသည်။ မီတာခဈေးနှုန်းများမှာ ယခုနှစ်အစ ဇန်နဝါရီလတွင် တစ်ယူနစ်လျှင် ၂၃၅ ကျပ်မှ ဖေဖော်ဝါရီလတွင် ၂၅၈ ကျပ်၊ မတ်လတွင် ၂၈၀ ကျပ်၊ ဧပြီလ ၂၉၅ ကျပ်၊ မေ၊ ဇွန်၊ ဇူလိုင်လတို့တွင် ၃၈၅ ကျပ်၊ ဩဂုတ်လတွင် ၃၉၈ ကျပ်၊ စက်တင်ဘာလတွင် ၄၂၀ ကျပ်၊ အောက်တိုဘာလတွင် ၄၇၀ ကျပ်အထိ ပေးဆောင်ခဲ့ ရကြောင်း ၎င်းတို့ထံမှ သိရသည်။ လျှပ်စစ်မီတာခ ဈေးမကျသည့်အပြင် နိုဝင်ဘာလအတွက် တစ်ယူနစ်လျှင် ‌၄၇၈ ကျပ်အထိ တိုးမြှင့်ကောက်ခံနေကြောင်း မီးသုံးစွဲသူတို့မှ သိရသည်။ နိုဝင်ဘာလ ဈေးနှုန်းသည် နှစ်အစ […]

တကူကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PDF တို့ ပစ်ခတ်မှုဖြစ်

diz_admin

December 25, 2021

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တနင်္သာရီ PDF တို့ ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဒီဇင်ဘာ ၂၅) နေ့လယ် ၁၂ နာရီခန့်က တကူကျေးရွာ၊ အနောက်ကမ်း မျှော့အင်းခေါ်ထိကပုံးကွမ်းတော အရပ်တွင် ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် အတူလိုက်ပါလာသူ အရပ်သားတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။ တကူကျေးရွာနေ ဦးဗေဒါဆိုသူမှာ စစ်ကောင်စီတပ်သားများအား ဆိုင်ကယ်သုံးစီးဖြင့် ခေါ်လာပြီး သူနှင့် မြေယာကိစ္စ စကားများဖူးသည့် ဦးလူပုအား လာရောက်ဖမ်းဆီးစဉ် တွေ့ရှိရခြင်းမရှိဘဲ အပြန်တွင် PDF များက လိုက်လံပစ်ခတ်ကြောင်း ရွာသားများက ပြောသည်။ “PDF တွေကို ဦးလူပုက သေနတ်လုပ်ပေးနေတယ်ဆိုပြီး သွားတိုင်တော့ ဟိုကလာဖမ်းတာ အဲဒီမှာ PDF တွေက လာပစ်ကြတာပေါ့” ဟု တကူကျေးရွာနေသူတစ်ဦးက […]