BREAKING
May 13, 2025

မြိတ်

ထိုင်းသို့ တရားမဝင် ဝင်သဖြင့် တစ်လလျှင် မြန်မာငါးရာနီးပါး အဖမ်းခံရ

diz_admin

January 5, 2022

တနင်္သာရီမြို့နယ် မောတောင်နယ်စပ်ဂိတ်တစ်ဘက်ရှိ ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင် ဝင်ရောက်သဖြင့် တစ်လလျှင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၅၀၀ နီးပါး ဖမ်းမိကြောင်း ထိုင်းတပ်မတော် ပြည်သူ့ဆက်ဆံရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံအတွင်းသို့ မောတောင်နယ်စပ်တစ်လျှောက်ရှိ တောလမ်းတို့မှ တရားမဝင် ဝင်ရောက်ကြသဖြင့် ထိုင်းအာဏာပိုင်တို့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလအတွင်းက ၄၅၁ ဦးနှင့် ဒီဇင်ဘာလတွင် ၄၇၀ ဦးတို့ကို ဖမ်းမိကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ထို့အပြင် ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၄၂ ဦးအား ထပ်မံဖမ်းမိကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနှင့် ကိုဗစ်တတိယလှိုင်း စတင်ဖြစ်ပေါ်ခဲ့သည့်အချိန်မှစပြီး လက်ရှိအချိန်အထိ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်နေကြဆဲဖြစ်သည်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် […]

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

diz_admin

January 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဇန်နဝါရီလ ၄ ရက်နေ့၌ ဝင်ရောက်တိုက်ခိုက်ရာတွင် ကျဆုံးခဲ့သည့် PDF ရဲဘော်ဖြူဖွေး၏ ရုပ်အလောင်းကို ယင်းနေ့ မွန်းလွဲပိုင်းတွင် မြေမြှုပ်သဂြိုဟ်ခဲ့သည်။ ဆက်စပ်သတင်း ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

ပုလော ကဒဲရွာတိုက်ပွဲတွင် PDF ရဲဘော်ဖြူဖွေး ကျဆုံး

diz_admin

January 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲရွာတိုက်ပွဲတွင် ပုလော PDF အဖွဲ့က ရဲဘော်ဖြူဖွေး ကျဆုံးကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီက ကဒဲရွာရှိ ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ပွဲ တစ်နာရီခန့်ကြာကြောင်း ဒေသခံရွာသားတစ်ဦးက ပြောသည်။ အဆိုပါတိုက်ပွဲတွင် ပျူစောထီးအဖွဲ့ဘက်က တစ်ဦးသေပြီး တစ်ဦး ဒဏ်ရာရကာ ဒဏ်ရာမှာ စိုးရိမ်ရကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။ ပုလော PDF ဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရကာ ဒဏ်ရာမှာ မစိုးရိမ်ရကြောင်း ထုတ်ပြန်ထားသည်။ ကျဆုံးခဲ့သည့် ရဲဘော်ဖြူဖွေးကို ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၂ နာရီတွင် မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်း […]

စစ်ကောင်စီတပ်ထံမှ ဆိုင်ကယ်နှစ်စီးကို သိမ်းပြီး ပြည်သူထံပြန်ပေးဟု PDF ထုတ်ပြန်

diz_admin

January 4, 2022

တနင်္သာရီမြို့နယ်၊ တကူကျေးရွာတွင် စစ်ကောင်စီတပ်များ အသုံးပြုနေသည့် ဆိုင်ကယ် ငါးစီးအား သိမ်းပိုက်ပြီးနောက် ပိုင်ရှင်ပေါ်ပေါက်သည့် နှစ်စီးကို မူလပိုင်ရှင် ပြည်သူများထံ ပြန်လည်ပေးအပ်ခဲ့ ကြောင်း တနင်္သာရီဘက်မလိုက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။ ဘက်မလိုက်ပြောက်ကျားအဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် တကူရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ပြီး တကူဘုန်းကြီးကျောင်းတွင် ထားရှိသည့် စစ်ကောင်စီတပ်၏ ဆိုင်ကယ်များကို သိမ်းယူခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဆိုင်ကယ်ငါးစီးအနက် နှစ်စီးမှာ ပိုင်ရှင်ပေါ်ပေါက်သဖြင့် ပြန်လည်ပေးအပ်လိုက်ပြီး စစ်ကောင်စီတပ် အသုံးပြုနေသည့် စက်လှေတစ်စီးနှင့် စက်နှစ်လုံးကိုမူ ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တကူကျေးရွာတွင် ယခင်နေ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိခဲ့သော်လည်း ဇန်နဝါရီလ ၃ရက်နေ့တွင်မူ မရှိကြဘဲ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် သရဘွင်ရွာဘက်သို့ ရောက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့က […]

ပုလောတွင် ပျူစောထီးအဖွဲ့ကို PDF တိုက်ခိုက်

diz_admin

January 4, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ပျူစောထီးအဖွဲ့ကို ပုလော PDF ပူးပေါင်းအဖွဲ့က ယနေ့ တိုက်ခိုက်ကြောင်း ပုလောဒေသခံများက ပြောသည်။ ယနေ့ (ဇန်နဝါရီ ၄) နံနံက် ၅ နာရီခွဲခန့်က ပုလော PDF ပူးပေါင်းအဖွဲ့က ကဒဲကျေးရွာရှိ ပျူစောထီးအဖွဲ့ကို လာရောက် ပစ်ခတ်တိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွင် နှစ်ဖက်အကျအဆုံးရှိသည်ဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။ “ပျူစောထီးဖက်က တစ်ယောက်သေပြီး တစ်ယောက်ဒဏ်ရာရတယ်။ PDF ဖက်ကလည်း တစ်ယောက် ကျသွားတယ်လို့တော့ ကြားရတယ်” ဟု ပဝတ်ကုန်းရွာသားတစ်ဦးက ပြောသည်။ ပဝတ်ကုန်းရွာနှင့် ကဒဲရွာတို့မှာ ရွာနီးစပ်ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ ကဒဲရွာနှင့် ပဝတ်ကုန်းရွာတွင် နေထိုင်သည့် ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံများက ပြောသည်။ ပုလောမြို့နယ်၊ […]

တနင်္သာရီ တကူရဲစခန်းကို PDF များ ဖျက်ဆီး

diz_admin

January 4, 2022

တနင်္သာရီမြို့နယ်၊ တကူသံတိုက်ရွာ ရဲစခန်းကို တနင်္သာရီ PDF များက လာရောက် ရိုက်ချိုးဖျက်ဆီးသွားကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ယနေ့ (ဇန်နဝါရီ ၃) မွန်းလွဲ ၃ နာရီခန့်က PDF အများအပြား ရွာထဲသို့ ဝင်ရောက်လာပြီး ရဲစခန်းကို ဝင်ရောက်ရိုက်ချိုး ဖျက်ဆီးသွားကြောင်း ရွာသားများက ပြောသည်။ “ရဲတွေက ဒီစခန်းမှာ မရှိတာကြာပြီ” ဟု ယင်းရွာနေအမျိုးသားတစ်ဦးက ပြောသည်။ တကူကျေးရွာသံတိုက်တွင် ယခင်နေ့များက စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိခဲ့သော်လည်း ယနေ့တွင်မူ မရှိကြဘဲ သရဘွင်ရွာဖက်သို့ ရောက်နေကြကြောင်း ရွာသားများကဆိုသည်။ “မီးရှို့တာ မဟုတ်ပါဘူး။ ဒီအတိုင်း ဝင်ပြီး ရိုက်ဖျက်သွားကြတယ်လို့ ကြားရတယ်” ဟု တကူကျေးရွာဒေသခံ အမျိုးသမီးတစ်ဦးကလည်း ပြောဆိုသည်။ PDF များက ရဲစခန်းအား ရိုက်ချိုးဖျက်ဆီးပြီးနောက် ရွာအတွင်း လှည့်လှည်သွားလာပြီး […]

ထိုင်းတွင် မြန်မာလုပ်သားတစ်ဦး အသတ်ခံရ

diz_admin

January 3, 2022

မောတောင်နယ်စပ်မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ သွားရောက်လုပ်ကိုင်သည့် နေရာ တစ်ခု ဖြစ်သည့် ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ဇန်နဝါရီလ ၂ ရက်နေ့က မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး အသတ်ခံရကြောင်း ကန်ချနဘူရီဒေသတွင်းသတင်းများက ရေးသားဖော်ပြ သည်။ ကန်ချနဘူရီခရိုင် စံခဘူရီမြို့နယ်ရှိ အပန်းဖြေစခန်းတခု၏ ရေချိုးခန်းတွင် အသက် ၂၉ နှစ်ရှိ မြန်မာ ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးတစ်ဦး အသတ်ခံရခြင်းဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြသည်။ အဆိုပါ မြန်မာအမျိုးသမီးသည် ၎င်း၏သမီး၊ မောင်ဖြစ်သူနှင့် အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးတို့နှင့်အတူ လွယ်အစ်ခရိုင်တွင် အလုပ်လုပ်ကိုင်ကြပြီး စံခဘူရီမြို့နယ်ရှိ အပန်းဖြေစခန်းသို့ အလည်အပတ်ရောက်ရှိလာခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ အပန်းဖြေစခန်း၏ အခန်းတစ်ခုတွင် အတူပါလာသည့် အသက် ၃၁ နှစ်ရှိ မြန်မာနိုင်ငံသား အမျိုးသားက အမျိုးသမီး၏ […]

တနင်္သာရီ သရဘွင်ကျေးရွာရှိ မိုင်တဲတာဝါတိုင် ဗုံးခွဲခံရ

diz_admin

January 3, 2022

တနင်္သာရီမြို့နယ် သရဘွင်ကျေးရွာရှိ မိုင်တဲတာဝါတိုင် ဇန်နဝါရီလ ၂ ရက်ညတွင် ဗုံးခွဲခံရကြောင်း ယင်းကျေးရွာနေ ဒေသခံပြည်သူများထံမှ သိရသည်။ တနင်္သာရီမြို့နှင့် ၁၀ မိုင်ခန့်ဝေးကွာသည့် အဆိုပါကျေးရွာရှိ မိုင်တဲဆက်သွယ်ရေးတာဝါတိုင်အား ဇန်နဝါရီ ၂ ရက်ည ၇ နာရီခွဲခန့်က အမည်မသိ အဖွဲ့တစ်ဖွဲ့က လာရောက်ဗုံးခွဲသွားကြောင်း ဒေသခံရွာသားများက ပြောသည်။ “ဆိုင်ကယ်တွေနဲ့ လာပြီးခွဲသွားတာ။ ဘယ်သူတွေမှန်းတော့ မသိရဘူး” သရဘွင်ရွာနေ အမျိုးသားတစ်ဦး က ပြောသည်။ ဗုံးခွဲခံရမှုကြောင့် တာဝါတိုင် အောက်ခြေရှိ စက်ယန္တယားများ မီးလောင် ပျက်စီးသွားခဲ့ပြီး အင်တာနက်လိုင်းများလည်း ပြတ်တောက်သွားကြောင်း ရွာသားများက ပြောပြသည်။ ဗုံးခွဲခံရပြီးနောက် တာဝါတိုင်အား စစ်ကောင်စီတပ်ဖွဲ့များ လာရောက်စစ်ဆေးခဲ့ကြောင်း ဒေသခံများက ပြောသည်။ လက်ရှိ ဇန်နဝါရီ ၃ ရက်နံနက်အထိ စစ်ကောင်စီတပ်ဖွဲ့က ရွာသားများအား […]