တနင်္သာရီတွင် တိုက်ပွဲသုံးရက်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးကျဆုံး
diz_admin
January 27, 2023မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲသုံးရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ရဲဘော်သုံးဦး ကျဆုံးခဲ့ရကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်အတွင်း မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦးနှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦး တိုက်ပွဲတွင်ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက် ဖော်ပြသည်။ တိုက်ပွဲသုံးရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက စစ်ကောင်စီတပ်အား မိုင်းဆွဲခြင်း၊ အပြန်အလှန်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင်လည်း ၃၀ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲဖော်ဆောင်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောကြီးမြွေဟောက်အဖွဲ့နှင့် မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂) တို့က လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ တနင်္သာရီမြို့နယ်အတွင်း ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဇန်နဝါရီ ၂၆ ရက်နေ့အထိ […]


