တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်စခန်းတို့ နှစ်ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခံရ
Dawei Watch
May 15, 2024တနင်္သာရီမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တပ်စခန်းတို့ကို နှစ်ရက်အတွင်း လေးကြိမ်တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ပြောသည်။ မေလ ၁၃ ရက်က သိန္ဓောရွာဘက်သို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား ဘန်ကြုတ်ရွာအနီး တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို တောင်ပိုင်းညီနောင်စစ်ကြောင်းနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း-၁ ၏ တာဝန်ခံက ပြောဆိုသည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က သုံးဦးထက်မနည်း ဒဏ်ရာရသွားပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် လေးဦး မစိုးရိမ်ရ ဒဏ်ရာရသွားကြောင်း ၎င်းက ဆိုသည်။ “တိုက်ပွဲတွေအတွင်း ၄၀ မမ (လက်နက်ကြီး) နဲ့ အပြန်အလှန်ပစ်ခတ်တာမျိုးတော့ ရှိတယ်။ သူတို့ (စကစ) စစ်ကြောင်း သွားတဲ့ လမ်းတစ်လျှောက် လိုက်ပိတ်ပြီး တိုက်ခိုက်တာမျိုးပါ” […]


