ပုလော PDF ဒုတပ်ရင်းမှူးက လက်အောက်ငယ်သားကို သေနတ်ချိန် ခြိမ်းခြောက်၊ လာညှိနှိုင်းသူကို ပါးရိုက်ဟုဆို
Dawei Watch
January 3, 2024မြိတ်ခရိုင်တပ်ရင်း (၁) ပုလော PDF တာဝန်ခံ ဒုတပ်ရင်းမှူးတစ်ဦးက မွမ်းမံသင်တန်း မတက်သော တပ်သားကို လုပ်ထုံးလုပ်နည်းအတိုင်း အပြစ်မပေးဘဲ သေနတ်ချိန် ခြိမ်းခြောက်ခဲ့ပြီး ကိုယ်ထိလက်ရောက်ပြုမူသည့်အပြင် လာရောက်ညှိနှိုင်းသူကိုပါ ပါးရိုက်ကြောင်း တပ်ရင်းနှင့် နီးစပ်သူများထံမှ သိရသည်။ ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရဲဘော်ရောင်နီသည် မွမ်းမံသင်တန်း မတက်လိုသဖြင့် မည်သူ့ကိုမျှ တိုင်ကြား ခွင့်တောင်းခဲ့ခြင်းမရှိဘဲ ဘဏ္ဍာရေးရုံးကို ပြန်လာခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ ညနေပိုင်းတွင် ဒုတပ်ရင်းမှူး ကျော်ထင်အောင်နှင့်အပေါင်းအပါများက ဘဏ္ဍာရေးရုံးကို ရောက်လာခဲ့ပြီး ရဲဘော်ရောင်နီကို သေနတ်ဖြင့်ချိန်ကာ ကိုယ်ထိလက်ရောက် အပြစ်ပေးခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။ အပြစ်ပေးရာတွင် လုပ်ထုံးလုပ်နည်းအတိုင်းမလုပ်ပဲ ခေါင်းကို သေနတ်ဒင်နှင့် ရိုက်နှက်ခဲ့ကာ သေနတ်ဖြင့် ချိန်ရွယ်၍ ခြိမ်းခြောက်ခဲ့ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ “ပုံမှန်ဆိုရင် […]


