ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

သရဘွင်အရှေ့ကမ်းတွင် တိုက်ပွဲဖြစ်၊ တကူတွင် ဒေသခံအချို့ ဖမ်းဆီးခံရဟုဆို

diz_admin

May 20, 2022

တနင်္သာရီမြို့နယ်၊ သရဘွင်အရှေ့ကမ်းတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ ယနေ့ (မေ ၂၀) နံနက်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့နံက် ၁၁ နာရီဝန်းကျင်ကစပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ “လက်နက်ကြီးတွေရော လက်နက်ငယ်တွေပါ ဆက်တိုက်ပစ်ခဲ့တယ်။ အထိအခိုက်တော့ မကြားရ သေးဘူး” ဟုတကူကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ ဒေသခံ အမျိုးသမီးက တစ်ဦးက ပြောသည်။ ယင်းသို့အပြန်အလှန် ပစ်ခတ်ခဲ့ကြပြီးနောက် မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ ရပ်သွားကြောင်း ဒေသခံများကပြောသည်။ နံက်နက် ၇ နာရီဝန်းကျင်ကလည်း တကူကျေးရွာ သံတိုက်ရပ်ကွက်မှ မြစ်တစ်ဖက်ကမ်းရှိ တကူတိုက်ကမ်းသို့ လက်နက်ကြီး ၆ ချက်ခန့် ပစ်ခတ်ခဲ့သေးသည်ဟု တကူဒေသခံများကပြောသည်။ တကူနှင့် သရဘွင်တို့မှာ နီးနီးကပ်ကပ် […]

တနင်္သာရီ တကူကျေးရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် ရွာလုံးကျွတ်ထွက်ပြေး

diz_admin

May 19, 2022

တနင်္သာရီမြို့နယ်၊ တကူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း ရွာသားများထံမှ သိရသည်။ ယနေ့ညနေ ၅ နာရီခွဲခန့်တွင် လက်နက်ကြီးများ ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ် ရွာထဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အနည်းဆုံး နေအိမ်နှစ်လုံး လက်နက်ကြီးကျည် ထိမှန်ပြီး ဒေသခံများ ထွက်ပြေးသည့် ကားရှေ့သို့လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကားမှန်များ ကွဲကြေပျက်စီးသွားကြောင်း ရွာသားများက ပြောသည်။ “(တကူကျေးရွာအုပ်စုထဲက) အင်းရှည်ကုန်းတို့ ခြောက်အိမ်စုတို့ဖက် သူတို့ (စစ်ကောင်စီ) တပ် ဝင်စီးလိုက်ပြီ။ သံတိုက်ဖက်က လူတွေလည်း အကုန်ထွက်ပြေးကုန်ကြပြီ” ဟု တကူရွာသားတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်ဝင်ရောက်လာပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကိုမူ စုံစမ်းနေဆဲဖြစ်သည်။ တကူကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်နှင့် […]

ဆင်ဖြူတိုင် ရပ်ကျေးစာရေး လောင်းလုံးတွင် ပစ်သတ်ခံရ

diz_admin

May 18, 2022

လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေးရွာနှင့် တောင်မင်းပြောင်ရွာကြားတွင် မေ ၁၇ ညနေ သုံးနာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ သေဆုံးသူမှာ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆင်ဖြူတိုင်ကျေးရွာ ရပ်ကျေး စာရေးဖြစ်သူ ဦးဝေစိုးဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးဝေစိုးသည် ဇနီးဖြစ်သူနှင့် ဆိုင်ကယ်အတူစီးလာစဉ် ယင်းကျေးရွာ နှစ်ရွာကြားတွင် ဆိုင်စီးလူနှစ်ယောက် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအချို့ ဆိုသည်။ “ရွာနဲ့ဝေးတယ်။ တံတားနားမှာဆိုတော့ သေနတ်သံက မကြားဘူး။ သူဇနီး ထွက်ပြေးလာပြီး ရွာထိပ်မှာ (ရွာသားတွေကို လာအကူအညီတောင်း) လာခေါ်တော့မှ သိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဦးဝေစိုးသည် စစ်ကောင်စီအား သတင်းပေးဖြစ်ပြီး CDM ဝန်ထမ်များအား ခြိမ်းခြောက်ဖိနှိပ်သည်ဟု […]

တနင်္သာရီ ဘန်းပြည့်ရွာတွင် တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေး

diz_admin

May 18, 2022

တနင်္သာရီမြို့နယ်၊ ဘန်းပြည့်ကျေးရွာတွင် ယနေ့ (မေ ၁၈) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် သိန္ဒောရွာဖက်ကမ်းမှ စစ်ကောင်စီတပ်သားများ လှေဖြင့် ကူးလာပြီး နောက် ဘန်းပြည့်ရွာသို့အရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သတင်းကြားရကြောင်း ဘန်းပြည့်ရွာသားတစ်ဦးက ပြောဆိုသည်။ တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး ယင်းသို့ရှောင်တိမ်းစဉ် ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ နံနက် ၇နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာသွားပြီး ၎င်းတို့ဆုတ်ခွာရာဖက်သို့ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ […]

တောက်ပျောက်တိုက်နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်

diz_admin

May 17, 2022

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု ပိုမိုမြင့်တက် လာကြောင်း တိုက်နယ်အတွင်း ဆေးဝါးကုသမှုပေးနေသည့် အဖြူရောင်မေတ္တာ ဆေးဝါးအထောက်အကူပြု အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တောင်ပျောက်တိုက်နယ်တွင် ကျေးရွာဆယ်ရွာရှိသည့်အနက် ဝမ်းကဖော်၊ ရေဗျတ်၊ မယ်ကဲ၊ ကျွဲခြံ၊ အလယ်စု၊ ကျောက်အိုင် စသည့်ကျေးရွာရှိ ဒေသခံများ နေမကောင်းဖြစ်၍ စစ်ဆေးကြည့်ရာ လူတစ်ရာတွင် ခုနစ်ဆယ်ဦးခန့်မှာ ငှက်ဖျားပိုးရှိနေသည်ကို တွေ့ရကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။ “ဆေးဝါးက မလုံလောက်၊ ရှိတဲ့ဆေးနဲ့ ကုပေးနေရတာဆိုတော့ (ငှက်ဖျား) ဖြစ်ပြီးတဲ့ သူတွေလည်း ပြန်ပြန်ဖြစ်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။ မတ်၊ ဧပြီလကတည်းက တောင်ပျောက်တိုက်နယ်အတွင်း ငှက်ဖျားပိုးတွေ့သူ ဆယ်ဂဏန်းခန့်ရှိရာမှ ယခုမိုးဦးကျစအချိန်ဖြစ်သည့် မေလလယ်တွင် ရာဂဏန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုက်နယ်အပြင်ထွက်ပြီး […]

မြိတ်-ကော့သောင်း သွားမည့်ကားများ လိုက်နာရမည့်အချက်များ ထုတ်ပြန်

diz_admin

May 17, 2022

မြိတ်-ဘုတ်ပြင်း-ကော့သောင်းမြို့သို့ သွားလာမည့် ကားများ လိုက်နာရမည့်အချက်များကို ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် KDDF (T4 ဇုံ) က မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။ အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားများသည် စစ်ယာဉ်တန်းနှင့် နီးကပ်စွာ မသွားလာကြရန်၊ မှန်ချပြီး မောင်းနှင်ပေးရန်၊ ညအချိန်ခရီးသွားခြင်း တတ်နိုင်သမျှရှောင်ရှားပေးရန်၊ ကားပေါ်ပစ္စည်းများ တင်ဆောင်ရာတွင် အမိုးအကာ (တာလပတ်) အပြည့်ဖုံးအုပ်ခြင်း မလုပ်ရန် အချက်များကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။ လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေအရ ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း KDDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လက်ရှိတွင် မြိတ်-ကော့သောင်းသို့ သွားနေသည့် ခရီးသည်တင်ကားနှင့် ကုန်ကားများ နေ့ဘက်တွင်သာ ခရီးသွားကြပြီး ညဘက်တွင် ရပ်နားထားကြကြောင်း ကားသမားအချို့က ပြောသည်။ “အရေးတကြီး သွားလာတဲ့ ကားတချို့တော့ရှိတယ်။ ကျွန်တော်တို့က […]

မြိတ်တွင် လျှပ်စစ်မီတာခ ၃၅ ကျပ် ဈေးပြန်ကျ

diz_admin

May 17, 2022

မြိတ်မြို့တွင် ဧပြီလအတွက် လျှပ်စစ်မီတာခဈေးနှုန်း တစ်ယူနစ်လျှင် ၃၅ ကျပ် ဈေးပြန်ကျဆင်းကြောင်း လျှပ်စစ်မီးသုံးစွဲသူတို့ထံမှ သိရသည်။ မတ်လသုံးစွဲခအတွက် တစ်ယူနစ်လျှင် ၇၆၅ ကျပ် ပေးဆောင်ရပြီး ဧပြီလအတွက် တစ်ယူနစ် ၇၃၀ ကျပ် ပေးဆောင်ရကြောင်း ၎င်းတို့ထံမှ သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလအတွက် တစ်ယူနစ် ၄၇၈ ကျပ်၊ ဖေဖာ်ဝါရီလအတွက် ၅၆၅ ကျပ်၊ မတ်လအတွက် ၇၆၅ ကျပ်အထိ ပေးဆောင်ခဲ့ရခြင်းဖြစ်သည်။ “ဈေးတက်တုန်းက ခုန်တက်တယ်။ ဈေးကျတော့ ၃၀ တည်း။ များများကျမှပဲ မီးဖိုးသက်သာမယ်” ဟု မြိတ်တောင်ရပ်နေ လျှပ်စစ်မီးသုံးစွဲသူတစ်ဦးက ပြောသည်။ မြိတ်မြို့ ရွှေပြည်တန်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးကလည်း မီတာခ ရှစ်သောင်းကျပ်ဝန်းကျင် ပေးသွင်းနေရပြီး ဧပြီလတွင် တစ်ယူနစ် […]

ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ် ထပ်ချ

diz_admin

May 16, 2022

မွန်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက ယနေ့ (မေ ၁၆) ထောင်ဒဏ် ၂၁ နှစ် အမိန့် ထပ်မံချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ် တာဝန်ယူစဉ်က လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်ထံမှ ငွေကြေးရယူခဲ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှု ၉ မှု တရားစွဲဆိုခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် စွဲဆိုထားသည့်အမှုအတွက် ယနေ့ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်ကြောင်း ဒေါက်တာအေးဇံ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “အဂတိမှုနဲ့ စွဲဆိုထားတာကို ဒီနေ့ ကျိုက်မရောအကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်” ဟု […]