တကူနှင့် သရဘွင်တွင် တိုက်ပွဲပြင်းထန်၊ အင်တာနက် စတင်ပြတ်တောက်
diz_admin
May 21, 2022တနင်္သာရီမြို့နယ် တကူနှင့် သရဘွင်ကျေးရွာတို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ယနေ့နံနက်မှစကာ အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံများ ထံမှသိရသည်။ တကူကျေးရွာအုပ်စုနှင့် သရဘွင်ကျေးရွာအုပ်စုများရှိရာ ဒေသအတွင်း စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်များက မေလ ၁၉ ရက်ညဦးမှစတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်ခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ လက်နက်ကြီးများ ကျရောက်ပေါက်ကွဲ နေကြောင်း ဒေသခံများကပြောသည်။ “လက်နက်ကြီးကတော့ မိုးသီးမိုးပေါက်လိုပဲပစ်ကြတာ အခုအစောကြီးလည်း ထပစ်နေတယ် သရဘွင်ဘက်မှာ”ဟု စစ်ဘေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသား တစ်ဦးက ယနေ့နံနက်ပိုင်းကပြောသည်။ ယင်းအပြင် တကူ၊သရဘွင်နှင့် သိန္ဒောရွာများတွင်လည်း ယနေ့နံနက်မှစတင်ကာ အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု ဒေသခံများကဆိုသည်။ “ဖုန်းကတော့ ဆက်လို့ရနေသေးတယ် အင်တာနက်ကတော့ လုံးဝမရတော့ဘူး”ဟု သိန္ဒောကျေးရွာ ဒေသခံတစ်ဦးကပြောသည်။ မေလ ၁၉ ရက်ည ၆ နာရီဝန်းကျင်က လက်နက်ကြီးများဖြင့် […]


