ထားဝယ်မြို့ ကမ်းနားဈေးတွင် ဈေးသည်အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံး
diz_admin
May 24, 2022ထားဝယ်မြို့၊ ကမ်းနားဈေးတွင် ယနေ့ (မေ ၂၄) နံနက် ၉ နာရီခန့်က ပစ်ခတ်မှုဖြစ်ပွားပြီး အသက် ၆၀ကျော်အရွယ် ဈေးသည် အမျိုးသမီးတစ်ဦး သေဆုံးကြောင်း မြို့ခံအချို့က ပြောသည်။ သေဆုံးသူ အမျိုးသမီးမှာ အသက် ၆၀ ကျော်ခန့်ရှိ ဒေါ်ညွန့်လှိုင်ဖြစ်ပြီး ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက် ကာစတန်ဘက်ခြမ်းတွင် နေထိုင်သူဖြစ်ကြောင်း ကြက်စားပြင်ရပ်ကွက်မှ အမျိုးသမီးတစ်ဦးက ပြောသည်။ “ပစ်ခံရတာ ကိုအောင်ခိုင်ရဲ့ အမေလို့ပြောတယ်။ သူ့သားက PDF က။ အဲဒါကြောင့် ပျူစောထီးအဖွဲ့က သူ့အမေကို သတ်တာလိုလိုလည်း ပြောနေကြတယ်” ဟု အဆိုပါအမျိုးသမီးက ပြောဆိုသည်။ ၎င်းမှာ ကမ်းနားဈေးအနောက်ဘက်ခြမ်း ကားလမ်းမအနီးတွင် ငါးရောင်းနေသူတစ်ဦးဖြစ်ပြီး သေနတ်သံ နှစ်ချက်ကြားလိုက်ရသော်လည်း မည်သူတို့က ပစ်ခတ်ခဲ့သည်ကို အတိအကျ မသိလိုက်ကြောင်း ဈေးသည်အချို့က ပြောသည်။ “သေနတ်သံ နှစ်ချက်ကြား […]


