ထားဝယ် အရှေ့တောနယ် လျှပ်စစ်မီး ပုံမှန်မရသည့်အပြင် ဖုန်းနှင့် အင်တာနက်လိုင်းလည်း ပြတ်
diz_admin
May 25, 2022ထားဝယ်မြို့နယ် အရှေ့တောဒေသ ထားဝယ် ထီးခီးသွားလမ်းပေါ်ရှိ ကျေးရွာအချို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့် လျှပ်စစ်မီး ပုံမှန်မရဖြစ်နေကြောင်း ဒေသခံအချို့က ပြောသည်။ ဧပြီလ နောက်ဆုံးပတ်ကတည်းက ယနေ့အချိန်အထိ ၂၄ နာရီ လျှပ်စစ်မီးမရတော့ဘဲ ညအချိန် အချိန်ပိုင်းမျှသာ ရရှိတော့ကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကဲ့သို့ လျှပ်စစ်မီး ပုံမှန်မရဘဲဖြစ်နေရာမှ မေလတတိယအပတ်မှစပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပါ အဖြတ်ခံနေရကြောင်း ဒေသခံအချို့က ဆိုသည်။ ထားဝယ်- ထီးခီးလမ်းပေါ်ရှိ ပကာရီကျေးရွာ ရဲစခန်း တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် အထထ်ပါ အခြေအနေများကို ကြုံတွေ့လာရခြင်း ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းကို နေ့ဖက်တွင် တောက်လျှောက်ဖြတ်တောက်ခံထားရပြီး ညအချိန်ရောက်မှ ပြန်ဖွင့်ပေးကြောင်း ၎င်းတို့က ပြောဆိုကြသည်။ “ဒီနေ့ ည ၇ နာရီလောက်မှ ဖုန်းလိုင်းပြန်ရတယ်။ […]


