လောင်းလုံးက CDM ဝန်ထမ်းတစ်ဦး၏နေအိမ် ဓားပြတိုက်ခံရ
diz_admin
June 2, 2022လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာရှိ CDM ဝန်ထမ်းတစ်ဦး၏နေအိမ် ဇွန်လ ၁ ရက် မွန်းလွဲ ၂ နာရီခန့်က ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ နှာခေါင်းစည်းတပ်ကာ ဦးထုပ်ဆောင်းထားသည့် လူငယ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး ဆိုင်ကယ်တစ်စီးဖြင့် လာရောက်ပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “အိမ်ထဲဝင်လာပြီးတာနဲ့ နင်တို့အိမ်မှာ လူဘယ်နှစ်ယောက်ရှိလဲဆိုပြီး မေးတယ်တဲ့။ အဲဒီကျမှ သေနတ်ကို မြင်လိုက်ရတာတဲ့။ သူတို့စီးလားတဲ့ ဆိုင်ကယ်ကိုက အိမ်ရှေ့မှာ ရပ်ထားခဲ့တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ဓားပြတိုက်ခံရသည့်နေအိမ်ရှိ အမျိုးသမီးတစ်ဦးမှာ လောင်းလုံးမြို့နယ် ရုံးတစ်ရုံးက ဝန်ထမ်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ထားသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ဓားပြတိုက်ချိန်တွင် နေအိမ်အတွင်း အခြားမိန်းကလေးများလည်း ရှိနေသည်ဟု ဒေသခံအချို့က ပြောဆိုသည်။ “အံဆွဲထဲမှာရှိတဲ့ ပိုက်ဆံတွေအကုန်ယူသွားတယ်။ ကိုယ်ထဲက […]


