ငလျင်ဒဏ်သင့် ကိုယ်ဝန်ဆောင်မြန်မာအမျိုးသမီး တစ်သိန်းခွဲကျော် ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်
Dawei Watch
April 7, 2025ငလျင်ဒဏ်သင့်ဒေသရှိ မြန်မာကိုယ်ဝန်ဆောင်အမျိုးသမီး တစ်သိန်းခွဲကျော် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် မဂ္ဂနီကျု ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပြီး သန်းနှင့်ချီသော ပြည်သူများ၏ဘဝ ထိခိုက်ပျက်စီးသွားခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။ ငလျင်ဘေးသင့် ပြည်သူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး အနည်းဆုံး ၁၇၃,၈၅၅ ဦး ပါဝင်ပြီး တော်တော်များများမှာ အသက်ကယ်ဆယ်ရေး၊ သားဖွားကျန်းမာရေးဝန်ဆောင်မှုများ ဆုံးရှုံးလျက်ရှိသည်ဟု ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့က ဆိုသည်။ “သားဖွားခြင်းဆိုတာက ငလျင်ဖြစ်နေတဲ့အချိန်မှာတောင် ရပ်ထားလို့ ရတာ မဟုတ်ပါဘူး” ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ ကိုယ်စားလှယ် Jaime Nadal Roig က […]