တစ်ပတ်အတွင်း မြန်မာ့ရေးရာ
Dawei Watch
May 3, 2025မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဧပြီ ၂၇ ရက်မှ မေ ၃ ရက်အထိ သိမ်းထားတဲ့မြို့တွေကနေ ပြန်ဆုတ်ဖို့ စစ်ကောင်စီပြန်တောင်းဆိုမှု တအာင်းတပ်ငြင်း သိမ်းယူထားတဲ့ မြို့တွေကနေ တအာင်းတပ် TNLA ပြန်ဆုတ်ပေးဖို့ စစ်ကောင်စီဘက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ ပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တောင်းဆိုခဲ့ပြီး တအာင်းတပ်ဘက်က ငြင်းပယ်တာကြောင့် ဆွေးနွေးပွဲ သဘောတူညီမှုမရဘဲ ပြီးဆုံးခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်မှုနဲ့ စစ်ကောင်စီနဲ့ တအာင်းတပ်တို့ဟာ ဧပြီလ ၂၈ရက်နဲ့ ၂၉ ရက်တွေမှာ ဆွေးနွေးခဲ့ကြတာပါ။ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းတပ် သိမ်းယူထိန်းချုပ်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်မြို့တွေကနေ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်၊ မန်တုံမြို့နယ်အထိ […]


