ထားဝယ်အရှေ့တောနယ်မှ အရေးပေါ်ကူညီရေးအဖွဲ့တစ်ဖွဲ့ လုပ်ငန်းရပ်နား
diz_admin
June 2, 2022တိုက်ပွဲဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောနယ် ကျေးရွာများတွင် အကူအညီပေးနေသော TTL အာယုဒါန အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမူအထောက်အကူပြုအဖွဲ့က လုပ်ငန်းရပ်နားလိုက်ကြောင်း ထုတ်ပြန်လိုက်သည်။ စက်သုံးဆီစျေးမြင့်တက်မှုအပြင် လမ်းပန်းဆက်သွယ်ရေးနှင့် အခြားအခက်အခဲများကြောင့် ဧပြီလ ၃၀ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ရပ်နားလိုက်ကြောင်း ယင်းအဖွဲ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လတ်တလောတွင် အဖွဲ့အတွင်း ရန်ပုံငွေနည်းပါးလာပြီး တစ်ဖက်တွင် နေ့ဖက် ဖုန်းဆက်သွယ်ရေး အခက်အခဲနှင့် စက်သုံးဆီဈေးကြီးသည့် အခက်အခဲတို့ကြောင့် လူနာကူညီသယ်ဆောင်ပေးခြင်းကို ယာယီရပ်နားရခြင်းဖြစ်ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ရှမ်းပြည်(ထိုင်းနိုင်ငံ) မှာရှိတဲ့သူတွေဆီအလှူခံပြီးရင်တော့ တစ်ပတ် နှစ်ပတ်အတွင်းပြန်ပြီလည်ပတ်ဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။ TTL အဖွဲ့သည် ဧပြီလကတည်းက တိုက်ပွဲများစတင်ဖြစ်ပွားနေသည့် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ တောင်သုံးကျေးရွာအခြေစိုက် အဖွဲ့တစ်ခုဖြစ်ပြီး ဒေသခံပြည်သူများ၏ အလှူငွေဖြင့် ရပ်တည်လည်ပတ်နေသည့် အဖွဲ့ဖြစ်သည်။ မေလ ၁၀ ရက်က တောင်သုံးလုံးရွာ၌ ဖြစ်ပွားခဲ့သည့် လက်နက်ကြီးပစ်ခတ်ခံရမူတွင် သေဆုံးလူနာနှင့် […]