မောင်းမကန်တွင် ဇနီးမောင်နှံနှစ်ဦး ပစ်သတ်ခံရ
diz_admin
June 10, 2022လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦး ယနေ့ (ဇွန် ၁၀) မွန်းလွဲပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ မောင်းမကန်ရွာ ၁၃ ရက်ကွက်၊ ကွက်သစ်ပိုင်းတွင် နေထိုင်သူ ဦးအောင်မင်းထွန်းနှင့် ဒေါ်စန်းစန်းဌေးတို့ ဇနီးမောင်နှံကို ဆိုင်ကယ်နှစ်စီးဖြင့် အမျိုးသားများက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ပေါက်ကွဲသံတစ်ချက်ကြားတယ်။ သေနတ်သံတွေလည်း ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းဇနီးမောင်နှံမှာ နေအိမ်နှင့် တွဲလျက်ဖွင့်ထားသည့် လက်ဖက်ရည်ဆိုင်အတွင်း သေဆုံးနေသည်ကိုတွေ့ရကြောင်း အခြားဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ကျွန်တော်တို့ကြားရသလောက်တော့ သူတို့လင်မယားနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တယ်ဆိုပြောတယ်။ ပြီးမှ ဗုံးကွဲတယ်ဆို ပြောတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ ပစ်ခတ်မှုနှင့် ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် […]


