ထားဝယ်တွင် မွေးမြူရေးကြက်ဥစျေးတက်၊ တစ်လုံး ၂၅၀ ကျပ်အထိရောက်ရှိ
diz_admin
May 30, 2022စက်သုံးဆီစျေးအပါအဝင် အထွေထွေစျေးနှုန်းများ မြင့်တက်လာမှုကြောင့် ထားဝယ်တွင် မွေးမြူရေးကြက်ဥတစ်လုံး ၂၅၀ ကျပ်နီးပါးဖြစ်လာသည်ဟု ဈေးကွက်အတွင်းမှသိရသည်။ ပြီးခဲ့သည်နှစ် ဇူလိုင်လ က ကြက်ဥတစ်လုံး နှစ်ရာကျပ်ခန့် ဖြင့်ပေးဝယ်နေခဲ့ရာမှ ယခု နှစ် မေလကုန်ပိုင်းတွင် နှစ်ရာငါးဆယ်ကျပ်သို့ မြင့်တက်လာခြင်းဖြစ်သည်။ ကြက်ဦးဈေးတက်ရခြင်းမှာ ကြက်စာဈေးတက်ခြင်း၊ မတက်ခြင်းနှင့် မသက်ဆိုင်ဘဲ ကြက်ဥအထွက်နှုန်းပေါ် မူတည်ကြောင်း ထားဝယ်မြို့ စည်ပင်သာယာဈေးအနီးရှိ ကြက်ဥ အရောင်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။ “ထားဝယ်မှာတော့ ကြက်ဥအထွက်နဲတယ်။ ထားဝယ်ထွက်ကြက်ဥက ထားဝယ်က စားမလောက်ဘူး အဓိက ရန်ကုန်မော်လမြိုင်ကနေ မှာယူရတာပေါ့။ ခုကျ စက်သုံးဆီဈေးတက်တော့ သက်ယူစရိတ်က ဈေးကွက်ကို သက်ရောက်တာပေါ့”ဟု ၎င်းကပြောသည်။ ယခင်နှစ်က အရောင်းဒိုင်တွင် ကြက်ဥတစ်လုံးပေါက်စျေးမှာ ၁၇၀ ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် ၁၉၀ အထိပေးရကြောင်း ရေဖြူမြို့နယ်မှာ စားသုံးကုန် ရောင်းချသူတစ်ဦးကပြောသည်။ ကြက်ဥပေါက်စျေးမှာ […]