ရေဖြူ နတ်တွင်းရွာ တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ပစ်သတ်ခံရ
diz_admin
June 25, 2022ရေဖြူမြို့နယ် နတ်တွင်း တွဲဖက်အုပ်ချုပ်ရေးမှူးဆိုသူ ဇွန်၂၄ နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၏ တွဲဖက်အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူထားသည့် အသက် ၅၀ ဝန်းကျင်အရွယ်ရှိ နွန်ဒဲ (ခေါ်) ဦးအောင်သန်းဆိုသူကို လောင်းလုံးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (LLPDF) နှင့် Dawei Guerrilla Revolutionary Force (DGRF) တို့က ပူးပေါင်းရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့နှစ်ဖွဲ့က ထုတ်ပြန်ထားသည်။ ဦးအောင်သန်းဆိုသူမှာ နာမည်ကြီး ဒလန်ဖြစ်သဖြင့် ရှင်းလင်းခြင်းသည်ဟု PDF အဖွဲ့များ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၁ နာရီခန့်က ယင်းကျေးရွာအလယ်တန်းကျောင်းအနီး မုန်းပြား (ခေါက်မုန့်) ဆိုင်တွင် ထိုင်နေစဉ် ဆိုင်ကယ်ဖြင့် အမျိုးသားလေးဦးရောက်ရှိလာပြီး ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ […]


