ထိုင်း ခရိုင်နှစ်ခုတွင် တရားမဝင်ဝင်ရောက်လာသော မြန်မာလုပ်သား ၈၀ကျော် အဖမ်းခံရ
diz_admin
July 7, 2022ထိုင်းနိုင်ငံ တာခ့်နှင့် ချင်းရိုင်ခရိုင်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၈၁ ဦးကို ဇူလိုင်လ ၆ ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း နယ်စပ်ထောက်လှမ်းရေးတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။ တာခ့်ခရိုင် ထာ့ဆောင်ယန်ဒေသရှိ လမ်းမပေါ်တွင် ကားနှစ်စီးကို မသင်္ကာသဖြင့် ရဲတပ်ဖွဲ့က တားဆီးစစ်ဆေးရာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၅ ဦးကို ဇူလိုင်လ ၆ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးရမိကြောင်း အမှတ် (၃၅) ထိုင်းထောက်လှမ်းရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မြန်မာအလုပ်သမား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၇ ဦးတို့ ပါဝင်ပြီး ထိုင်းနိုင်ငံသား ပွဲစား ၃ဦးကိုပါ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ အများစုမှာ ကရင်ပြည်နယ် ဘားအံမြို့နယ်မှ ဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းရှိ စမူပရာကန်၊ ချွန်ဘူရီ […]


