သရက်ချောင်း ရငဲရွာတွင် အမျိုးသားတစ်ဦး၏ နေအိမ်နှင့်ဆိုင် မီးရှို့ခံရ
diz_admin
June 14, 2022သရက်ချာင်းမြို့နယ်၊ ရငဲရွာတွင် ဇွန်လ ၁၃ ရက်က ဒေသခံအမျိုးသားတစ်ဦး၏ နေအိမ်နှင့်ဆိုင် မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ ဇွန်လ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လက်နက်ကိုင် လူနှစ်ဆယ်ခန့် ရောက်ရှိလာပြီး ဦးဖိုးထော် (ခေါ်) ဦးညီညီမင်းဆိုသူ၏ နေအိမ်နှင့်ဆိုင်ကို မီးရှို့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါအမျိုးသား၏နေအိမ်တွင် အိမ်ဆောက်ပစ္စည်းများ ရောင်းချနေပြီး မီးရှို့ခံရမှုကြောင့် နေအိမ်နှင့် ကပ်လျက် တွဲဖွင့်ထားသော ဆိုင်နှင့် နေအိမ်တစ်ခြမ်း မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများပြောကြားချက်အရသိရသည်။ “ဦးဖိုးထော်ကတော့ ရွာထဲ စစ်တပ်လာရင် ရွာထိပ်သွားသွားကြိုတယ်။ အဲဒီစစ်ကားတွေကိုလည်း ကိုယ်တိုင်မောင်းပြီး လမ်းပြပေးနေတာတွေ့ရတယ်။ နောက်ပြီးသူ့အိမ်မှာ စားတာသောက်တာတွေ ဧည့်ခံကျွေးမွေးနေတာတွေ ရှိတယ်” အထက်ပါဒေသခံက ပြောဆိုသည်။ အခြားဒေသခံ အမျိုးသားတစ်ဦးကလည်း ဦးဖိုးထော်သည် အာဏာသိမ်းကာလတွင် စစ်ကောင်စီသတင်းပေး […]