တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
July 8, 2022မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၂ ရက်နေ့မှ ၈ ရက်နေ့ အထိ ဆဲဗင်းဂျူလိုင်နေ့သပိတ် ကားဖြင့်ဝင်တိုက်ဖြိုခွင်းခံရ ဆဲဗင်းဂျူလိုင် (ဇူလိုင်)နေ့အရေးတော်ပုံ နှစ် ၆၀ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း လှိုင်မြို့နယ် သုခမှတ်တိုင်အနီးတွင် ပြုလုပ်နေသည့် စစ်အာရှင်ဆန့်ကျင်ရေးသပိတ်တစ်ခုမှာ ကားဖြင့်ဝင်တိုက်ဖြိုခွင်းခံလိုက်ရသည်။ ယင်းဖြစ်ရပ်တွင် ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်းအရ နံပတ်ပြား 7J 5050 တပ်ထားသည့် တိုယိုတာ ဘယ်လ်တာ အဖြူရောင် အိမ်စီးကားတစ်စီး အရှိန်ပြင်းပြင်းဖြင့် ဆန္ဒပြလူငယ်များကို ဝင်တိုက်ရာ လူငယ်အမျိုးသားတစ်ဦး လွှင့်စင် သွားသည်ကို တွေ့ရသည်။ ယင်းကားမှာ မှတ်ပုံတင်ထားခြင်း မရှိသည့် ကားဖြစ်နေသည်။ ယင်းလုပ်ရပ်မှာ စစ်ကောင်စီလက်ချက်ဖြစ်သည်ဟု သပိတ်ဆင်နွှဲသူများက ပြောဆိုထားသည်။ ဆဲဗင်းဂျူလိုင်နေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး […]


