တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
September 3, 2022မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဩဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၃ရက်အထိ မီးရှို့ခံရသည့် နေအိမ်သုံးသောင်းနီးပါးရှိသွားပြီ စစ်အာဏာသိမ်းကာလတွင် မြန်မာနိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် နှစ်သောင်းရှစ်ထောင်ကျော်ရှိသွားပြီ ဖြစ်ကြောင်း မီးရှို့ဖျက်ဆီးခံရမှုအခြေအနေကို သုတေသနလုပ်နေသည့် Data for Myanmar အဖွဲ့က ထုတ်ပြန်သည်။ ယင်းစာရင်းမှာ ဩဂုတ်လ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ခဲ့သဖြင့် ပျက်စီးမှု အခြေအနေဖြစ်ကြောင်း ယင်းအဖွဲ့က ဆိုသည်။ ယင်းအနက် စစ်ကိုင်းတွင် အများဆုံး မီးရှို့ခံရပြီး နေအိမ်နှစ်သောင်းကျော် (၂၀,၁၅၃လုံး) ၊ ဒုတိယ အများဆုံး မကွေး တိုင်းတွင် ငါးထောင်ကျော်၊ တတိယအများဆုံး ချင်းပြည်နယ်တွင် ၁၄၀၀ ကျော် […]


