အမျိုးသမီးလစဉ်သုံးပစ္စည်းဈေးနှစ်ဆတက်
diz_admin
October 18, 2022မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး အထွေထွေကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုနှင့်အတူ အမျိုးသမီးလစဉ်သုံး ပစ္စည်းများလည်း ဆက်တိုက်စျေးတက်လာပြီး ယခင်ကထက် ဈေးနှစ်ဆခန့်တက်သွား ပြီဖြစ်သည်။ ထားဝယ်ဒေသတွင် လူသုံးများသည့် Blue အမှတ်တံဆိပ် လစဉ်သုံးဂွမ်းထုပ် တစ်ထုပ်လျှင် ၆၀၀ ကျပ်မှ ၁၂၀၀ ကျပ်အထိ လည်းကောင်း၊ ပျိုမေ အမှတ်တံဆိပ်မှာ ၈၀၀ ကျပ်မှ ၁၅၀၀ ကျပ်အထိလည်းကောင်း၊ Eva အနီမှာ ၁၂၀၀ ကျပ်မှ ၁၈၀၀ ကျပ်အထိဈေးတက်သွားပြီး ဈေးကွက်အတွင်းရှိ အခြားအမှတ်တံဆိပ်များလည်း ဈေးတက်သွားသည်။ အခြားကုန်ပစ္စည်းများ ဈေးတက်ချိန်တွင် အမျိုးသမီးသုံးလစဉ်သုံးပစ္စည်းများလည်း တဖြည်းဖြည်း ဈေးတက်လာခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လူသုံးကုန်ပစ္စည်း အားလုံးနီးပါးမှာ ပြည်တွင်း၌ ထုတ်လုပ်နိုင်ခြင်းမရှိဘဲ ပြည်ပမှသာ တင်သွင်းကြရသဖြင့် မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ လမ်းပန်းဆက်သွယ်ရေးမကောင်းသဖြင့် သယ်ယူစရိတ်များ မြင့်တက်လာခြင်းတို့ကြောင့် သွင်းကုန်ပစ္စည်းများ အဆမတန်မြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိ ကုန်ဈေးနှုန်းတက်နေချိန်တွင် စားဝတ်နေရေးအသုံးစရိတ် ပိုမိုကုန်ကျနေသည့်အပြင် လစဉ်သုံးပစ္စည်း ဝယ်ရန်အတွက်ပါ […]


