တစ်ပတ်အတွင်း မြန်မာ့ရေးရာ
diz_admin
October 1, 2022မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ စက်တင်ဘာလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ မြန်မာပြည်သူများအရေး မမေ့ကြရန် ပုပ်ရဟန်းမင်းကြီးပြော အာဏာသိမ်းပြီးနောက် လက်နက်ကိုင်ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု၊ နေရပ်စွန့်ခွာထွက်ပြေးရမှုများ ဆက်လက်ဖြစ်ပွားနေသည့် မြန်မာပြည်သူများအရေးကို ကမ္ဘာကြီးက မေ့မထားကြရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် တိုက်တွန်းလိုက်သည်။ အီတလီနိုင်ငံတောင်ပိုင်း Matera မြို့တွင် စက်တင်ဘာလ ၂၅ ရက် တနင်္ဂနွေနေ့က ကျင်းပသည့် ဆုတောင်းပွဲအပြီး မိန့်ခွန်းပြောရာတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝမ်းနည်းပူဆွေးရသည့် ဖြစ်ရပ်များ ထပ်မံမဖြစ်ပွားရန်လည်း ဆုတောင်းပေးခဲ့သည်။ ယခုသီတင်းပတ်တွင် စာသင်ကျောင်း ဗုံးကြဲခံရသဖြင့် ကလေးငယ်များ သေကြေမှုအတွက် ဝမ်းနည်းပူဆွေးသံများ ကြားရပြီး ယင်းငိုကြွေးသံများကို မမေ့ကြရန် […]


