ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

KIA ပစ်ချသည့် စစ်ရဟတ်ယာဉ် စက်ချို့ယွင်းပြီးပျက်ကျဟု စစ်ကောင်စီပြော

Dawei Watch

May 21, 2025

ကချင်တပ် KIA က ပစ်ချခဲ့သည့် စစ်ရဟတ်ယာဉ် ပျက်ကျမှုကို စက်ချို့ယွင်းပြီးပျက်ကျခြင်းသာ ဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ မေလ ၂၁ရက်တွင် သတင်းထုတ်ပြန်သည်။ ဗန်းမော်မြို့ရှိ စစ်ကောင်စီစခန်းများကို ထောက်ပို့သွားသည့် ရဟတ်ယာဉ်တစ်စင်း ဗန်းမော်မြို့ အနောက်တောင်ဘက် မီတာ ၁၄၀၀ ခန့် အကွာတွင် ရုတ်တရက် စက်ချို့ယွင်းကာ ပျက်ကျခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ရဟတ်ယာဉ်ပျက်ကျသည့်နေရာတစ်ဝိုက်ကို စစ်ကောင်စီတပ်သွားရောက်ပြီး ရှာဖွေကယ်ဆယ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်နေသည်ဟုလည်း ဆိုသည်။ မေလ ၂၀ ရက် မွန်းလွဲပိုင်းက ဗန်မော်မြို့ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ စစ်ကူလာပို့သည့် Mi17 ရဟတ်ယာဉ် သုံးစင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းတော်လှန်ရေးတပ်များက ပစ်ခတ်ရာ နှစ်စင်းထိမှန်ခဲ့ကြောင်း KIA ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက […]

စစ်ရဟတ်ယာဉ်နှစ်စင်းကို KIA ပစ်ချ

Dawei Watch

May 20, 2025

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ စစ်ကောင်စီတပ်စခန်းကို ယနေ့ မွန်းလွဲပိုင်းက စစ်ကူလာပို့သည့် ရဟတ်ယာဉ် သုံးစင်းအနက် နှစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတင်းမီဒီယာများသို့ အတည်ပြုပြောဆိုသည်။ ဗန်းမော် စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် စကခ ၂၁ အနီးသို့ စစ်ကူလာပို့စဉ် ပစ်ခတ်တိုက်ခိုက်ရာ နှစ်စင်းကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထိမှန်သည့် ရဟတ်ယာဉ်နှစ်စင်းအနက် တစ်စင်းမှာ ရွှေကူမြို့သို့ မရောက်မီ ၁၅ မိုင်ခန့်အကွာ တောထဲတွင် ပျက်ကျသွားပြီး နောက်တစ်စင်းမှာ ရွှေကူလေဆိပ်တွင် အရေးပေါ်ဆင်းသက်နိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။ ပစ်ခတ်မှု မထိမှန်ခဲ့သည့် ကျန်ရဟတ်ယာဉ်တစ်စင်းမှာ မြစ်ကြီးနား နမ့်ပေါင်လေတပ်သို့ ဆင်းသက်ခဲ့ ကြောင်း ၎င်းက ဆိုသည်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှစတင်ကာ KIA နှင့် ပူးပေါင်းတပ်များက […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 17, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၁၁ ရက်မှ ၁၇ ရက်အထိ စစ်ကိုင်းနဲ့ ရခိုင်မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အစုလိုက်အပြုံလိုက်သေဆုံး စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းသားကျောင်းသူ ကလေးငယ်တွေ၊ ဆရာမတွေ၊ အမျိုးသမီးတွေအပါအဝင် အစုလိုက်အပြုံလိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။  စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းကို မေလ ၁၂ရက်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းတက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ ၂၂ဦးနဲ့ ဆရာမနှစ်ဦး စုစုပေါင်း ၂၄ ဦး သေဆုံးပြီး တစ်ရာကျော်ဒဏ်ရာရခဲ့ပါတယ်။ အိုးတိန်တွင်းရွာ စာသင်ကျောင်းဟာ NUG ရဲ့ ကြားကာလ ပညာသင်ကျောင်း ဖြစ်ပြီး ပုံမှန်ကျောင်းဖွင့်ချိန် မဟုတ်ပေမယ့် စစ်ဘေးရှောင်ရင်း အတန်းနောက်ကျသူတွေအတွက် […]

ငလျင်အပြီး လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၁၈၀ ကျော်သေဆုံးကြောင်း NLD ထုတ်ပြန်

Dawei Watch

May 15, 2025

ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၁၈၀ ကျော်ရှိခဲ့ပြီး အရပ်သားပြည်သူ ၁၈၂ ဦး သေဆုံးကာ သုံးရာနီးပါးဒဏ်ရာရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ယနေ့ မေလ ၁၅ရက်တွင် ထုတ်ပြန်သည်။ ငလျင်လှုပ်ပြီးနောက် စစ်ကောင်စီက ဧပြီလ ၂ရက်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့သော်လည်း ငလျင်ဒဏ်သင့် ဒေသများအပါအဝင် ဒေသအသီးသီးတွင် လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ အကျဉ်းထောင်အတွင်း အကျဉ်းသားများကို ညှဉ်းပမ်းနှိပ်စက်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ အပစ်ရပ်ကာလ ဧပြီလ ၃ရက်မှ မေလ ၁၃ရက်အထိ တိုင်းနှင့် ပြည်နယ် ၁၁ ခုတွင် စစ်ကောင်စီက လေကြောင်း တိုက်ခိုက် ခဲ့ပြီး သေဆုံးသူများတွင် အသက် ၁၈နှစ်အောက် ၃၄ ဦးနှင့် ဒဏ်ရာရသူများတွင် […]

ရခိုင် ရသေ့တောင်မြို့နယ်တွင် လေယာဉ်ဖြင့်ဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် ၁၀ကျော်သေဆုံး

Dawei Watch

May 13, 2025

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ထွန်းရဝေရွာဟောင်းကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၃ဦး၏ ရုပ်အလောင်းများကို ရရှိထားပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိကြောင်း အာရက္ခတပ်တော် (AA) ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာများတွင် အတည်ပြုပြောဆိုထားသည်။ စစ်တွေ-ရသေ့တောင် ကားလမ်းပေါ်တွင်တည်ရှိသည့် ထွန်းရဝေရွာဟောင်းကို ယနေ့ မေလ ၁၃ ရက် နံနက် ၁၀ နာရီခန့်တွင် ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ကာ ပေါင်း ၅၀၀ ဗုံး နှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေအိမ် ၁၀ ကျော်လည်း ပျက်စီးကြောင်း ဆိုသည်။ ထိခိုက်သေဆုံးသူများတွင် ကလေးငယ်များ၊ အမျိုးသမီးများပါဝင်ပြီး အပျက်အစီးကြားထဲတွင် သေဆုံးနေသူများ ထပ်မံရှိနိုင်သေးကြောင်းလည်း ဒေသတွင်း သတင်းများတွင် ဖော်ပြချက်များအရ သိရသည်။ ရသေ့တောင်မြို့နယ်မှာ AA […]

ဒီပဲယင်းတွင် စာသင်ကျောင်းကို လေယာဉ်ဖြင့်ဗုံးကြဲ၊ ကလေးငယ်များအပါအဝင် ၁၇ ဦးသေဆုံး

Dawei Watch

May 12, 2025

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ယနေ့ နံနက် ၁၀နာရီခန့်တွင် ဗုံးကြဲတိုက်ခိုက်သောကြောင့် ကျောင်းသား၊ ကျောင်းသူ အများစု အပါအဝင် ၁၇ ဦးသေဆုံးကြောင်း စစ်ကိုင်းအခြေစိုက် S&C မီးဘေး၊ စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ပေးရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ မေလ ၁၂ရက်တွင် မိတ္ထီလာမြို့ရှိ ရှမ်းတဲလေတပ်စခန်းက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများ၊ ကျောင်းသားကျောင်းသူများ အများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိကြောင်း ဒီပဲယင်းမြို့နယ်အခြေစိုက် အဖြူရောင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုထားကြသည်။ လတ်တလောတွင် သေဆုံးသူ ၁၇ဦးကို အတည်ပြုထားနိုင်ပြီး သေဆုံးသူ ထပ်တိုးလာနိုင်သေးကာ ဒဏ်ရာရရှိသူ ၅၀ခန့်ရှိကြောင်းလည်း S&C မီးဘေး၊ စစ်ဘေး […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

Dawei Watch

May 11, 2025

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်aများထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ မေ ၄ ရက်မှ ၁၀ ရက်အထိ မြန်မာစစ်ခေါင်းဆောင် ရုရှားခရီးစဉ်မှာ တရုတ်သမ္မတနဲ့ တွေ့ခွင့်ရ နှစ် ၈၀ပြည့် ဒုတိယကမ္ဘာစစ်အောင်ပွဲဖြစ်တဲ့ ရင်ပြင်နီချီတက်ပွဲကို တက်ဖို့ ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင်နဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ မေလ ၉ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်သမ္မတနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခွင့်ရခဲ့တာပါ။ ငလျင်ကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်သေဆုံး ပျက်စီးမှုအပေါ် တရုတ်နိုင်ငံက အကူအညီပေးနေတဲ့ အခြေအနေကို ရှီကျင့်ဖျင်က ဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တည်ငြိမ်သင့်လျော်စွာနဲ့ ပြည်တွင်း နိုင်ငံရေးလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်မှုကို​ ထောက်ခံအားပေးတယ်လို့လည်း ဆိုပါတယ်။ […]

ငလျင်ကြောင့် ရပ်နားထားသည့် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲများ ဇွန်လဆန်းတွင် ပြန်ကျင်းပမည်

Dawei Watch

May 9, 2025

မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် ငလျင်ကြောင့် ဆိုင်းငံ့ခဲ့သည့် ဓမ္မာစရိယစာမေးပွဲနှင့် ကျင်းပရန်စီစဥ်ထားသော ပထမပြန်စာမေးပွဲများကို ဇွန်လဆန်းတွင် ပြန်ကျင်းပမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနက ယနေ့ မေလ ၉ ရက်တွင် ထုတ်ပြန်ကြေညာသည် ။ ဖြေဆိုဆဲ ဓမ္မာစရိယစာမေးပွဲကို ဇွန်လ ၂ ရက်မှ ၆ ရက်အထိ ပြန်ကျင်းပမည်ဖြစ်ပြီး ငလျင်မတိုင်မီ ဖြေဆိုထားသည့် ကျမ်း ၂ ကျမ်းကို ပြန်လည်ဖြေဆိုရန် မလိုတော့ကြောင်း စာမေးပွဲကြီးကြပ်ဆရာတော်များထံမှ သိရသည်။ “ငလျင်လှုပ်ပေမယ့် စာဖြေဌာနတော်တော်များများက စာမေးပွဲအချိန် ပြီးသွားကြတယ်။ စစ်ကိုင်းနဲ့ မန္တလေးလို ငလျင်ထိတဲ့ ဒေသတွေတော့ ဖြေရင်းတန်းလန်း ပိတ်မိတာမျိုးဖြစ်ကြတယ်။ ငလျင်ဒဏ်သင့် စာဖြေဌာနတွေအတွက် ကုစားအနေနဲ့ ဒုတိယကျမ်း ပထမရက်အောင်ရင် တစ်ကျမ်းလုံးအအောင်ပေးဖို့ စီစဥ်ထားတယ်လို့ သိရတယ်” […]