ထောက်ပို့ထီ တတိယဆု ကျပ်သိန်းတစ်ရာကို ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦး ကံထူး
Dawei Watch
June 3, 2025တော်လှန်ရေးအင်အားစုများ စီစဥ်သည့် ထောက်ပို့ထီ၏ ၁၇ ကြိမ်မြောက် ထီဖွင့်ပွဲတွင် ဆုကြီးသုံးဆုအနက် တတိယဆု ကျပ်သိန်းတစ်ရာဆုကို ထားဝယ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၁ တပ်ရင်း ၏ ထီကိုယ်စားလှယ် အဖွဲ့တွင် ကံစမ်းမဲ ထိုးထားသူတစ်ဦး ကံထူးခဲ့ကြောင်း ယင်းတပ်ရင်းထံမှသိရသည်။ ထီလက်မှတ်နံပါတ် ၀၃၂၀၅၀၀ ဖြင့် ကံထူးခဲ့ခြင်းဖြစ်ပြီး ကံထူးသူသည် ထိုင်းရောက်ရွှေ့ပြောင်းမြန်မာလုပ်သားတစ်ဦးဖြစ်သည်ဟု ထားဝယ်ခရိုင်၊ အမှတ် တပ်ရင်း ၏ ဘဏ္ဍာရေးရှာဖွေရေး လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် ဝိုင်းတွန်းဇို့ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ထီပေါက်တဲ့သူက ထားဝယ်ဒေသခံတော့မဟုတ်ဘူး။ ထိုင်းရောက်မြန်မာတစ်ဦးပါပဲ။ ကျန်တဲ့အချက်အလက်ကတော့ လုံခြုံရေးအရ ပြောလို့မရသေးဘူး။ ကံထူးသူနဲ့တော့ အဆက်အသွယ်ရပြီးပါပြီ” ဟု ၎င်းကပြောဆိုသည်။ ဝိုင်းတွန်းဇို့ အဖွဲ့တွင် ထီထိုးထားသည့် ထီလက်မှတ်များမှ တတိယဆုအပြင် ဆုငယ်လေးဆယ်နီးပါးလည်း ကံထူးခဲ့သေးသည်ဟု ယင်းအဖွဲ့က ကြေညာထားသည်။ […]


