ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပြည်တွင်းသတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

March 4, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ မှ မတ်လ ၄ ရက်နေ့အထိ စစ်ကိုင်းတိုင်းတွင် လူအစုလိုက်သတ်ဖြတ်ခံရမှု ယခုသီတင်းပတ်အတွင်း စစ်ကိုင်းတိုင်းတွင် လူအစုလိုက်သတ်ဖြတ်ခံရမှုနှစ်ခု ဖြစ်ပွားခဲ့သည်။ စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာတွင် အမျိုးသမီးသုံးဦးအပါအဝင် ဒေသခံ ၁၅ဦးကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။ ယင်းနောက် မတ်လ ၂ရက်တွင် တာတိုင်ရွာသား ရုပ်အလောင်း ၁၅ လောင်းကို မြင်းမူမြို့နယ် ညောင်ရင်းရွာ အနီးဝန်းကျင်က ကျွန်းများတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ တာတိုင်နှင့် ညောင်ရင်းတို့မှာ မူးမြစ်ခြားထားသည်။ ညောင်ရင်းရွာသားအမျိုးသားတစ်ဦး၏ အလောင်းကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး တာတိုင်ရွာတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ခေါင်းဆောင်တစ်ဦးလည်း သတ်ဖြတ်ခံခဲ့ရသေးသဖြင့် […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

February 25, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မှ ၂၅ ရက်နေ့အထိ စစ်ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၊ လက်နက်ပွဲစားများကို EU ထပ်မံအရေးယူ စစ်ဗိုလ်ချုပ်ကြီးများ၊ ဝန်ကြီးများ၊ လက်နက်ပွဲစားများအပါအဝင် လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်းခုနစ်ခုတို့ကို ဥရောပသမဂ္ဂက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထပ်မံဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်သည်။ မြန်မာစစ်ကောင်စီတွင် ပါဝင်ဆက်နွှယ်သူများကို ခြောက်ကြိမ်မြောက်အဖြစ် ဥရောပသမဂ္ဂက အရေးယူခြင်း ဖြစ်သည်။ အရေးယူခံရရာတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ရန်ကုန်တိုင်းစီးပွားရေးဝန်ကြီး ဒုဗိုလ်မှူးကြီး မျိုးမြင့်အောင်၊ မြောက်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် […]

သရုပ်ဆောင် သီဟတင်စိုး ကွယ်လွန်

diz_admin

February 21, 2023

ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် သီဟတင်စိုး နှလုံးရောဂါဖြင့် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။ နှလုံးရောဂါဖောက်လာသဖြင့် သင်္ဃန်းကျွန်းမြို့နယ် ဆေးရုံသို့ အရေးပေါ်ပို့ဆောင်စဉ် လမ်းခရီးတွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်များက မီဒီယာများတွင် ပြောဆိုထားသည်။ သီဟတင်စိုး ကွယ်လွန်ချိန်တွင် အသက် ၅၅ နှစ်ရှိပြီဖြစ်သည်။ သရုပ်ဆောင် သီဟတင်စိုးသည် ငရဲသား ရုပ်ရှင်ဇာတ်ကားဖြင့် သရုပ်ဆောင်နှင့် ဒါရိုက်တာ အကယ်ဒမီဆုတို့ကို ၂၀၀၀ ပြည့်နှစ်တွင် ရရှိခဲ့သည်။ ၎င်းသည် တော်လှန်ရေးဇာတ်ကားများဖြင့် နာမည်ကျော်ကြားခဲ့သည့် ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်သည်။ သရုပ်ဆောင် သီဟတင်စိုး၏ဇနီး အကယ်ဒမီဇင်မာဦးမှာလည်း ၂၀၂၁ ခုနှစ်တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

February 18, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မှ ၁၈ ရက်နေ့အထိ အာဏာသိမ်းမှုကြောင့် ငြိမ်းချမ်းရေးရပ်ပြီး ပိုကျယ်ပြန့်သည့်ပြည်တွင်းစစ်ပုံစံသစ်သို့ ဦးတည်သွားပြီ မြန်မာနိုင်ငံတွင် အရှိန်ရနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အာဏာသိမ်းမှုကြောင့် ရပ်ဆိုင်းသွားသည့်အပြင် ပိုမိုကျယ်ပြန့်သည့် ပြည်တွင်းစစ်ပုံသဏ္ဍာန်အသစ်သို့ ဦးတည်နေပြီဟု စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးနေသည့် အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့က ပြောသည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်ကော်မတီ (PPST) ၏ ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ဖော်ပြခြင်းဖြစ်သည်။ အရှိန်ရနေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ရပ်ဆိုင်းသွားပြီး အာဏာသိမ်းမှု အကျိုးဆက်ကြောင့် နိုင်ငံတကာက အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများအပါအဝင် အထွေထွေအကျပ်အတည်းများ နှင့် ရင်ဆိုင်နေရကြောင်း ဆိုသည်။ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

February 11, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ မှ ၁၁ ရက်နေ့အထိ အာဏာသိမ်းကာလတွင် အမျိုးသမီး ၄၀၀ကျော်သေဆုံး၊ ၂၇၀၀ကျော်ဖမ်းဆီးခံရ မြန်မာနိုင်ငံတွင် အာဏာသိမ်းကာလ ၂နှစ်အတွင်း အမျိုးသမီး ၄၁၄ဦး သေဆုံးပြီး ၂၇၇၈ဦး ဖမ်းဆီးခံရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ၏ အစီရင်ခံစာတွင် ဖော်ပြသည်။ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျေးရွာထဲ ကျရောက်ပေါက်ကွဲသဖြင့် သေဆုံးမှုအများဆုံး ဖြစ်ကာ ၁၀၇ ဦးရှိကြောင်း ဖော်ပြသည်။ ရွာထဲစီးနင်းဝင်ရောက်ချိန် ပစ်ခတ်မှုကြောင့် ၇၈ဦး၊ ဖမ်းဆီးထိန်းသိမ်းခံရစဉ် ၅၃ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၂၆ဦး သေဆုံးခဲ့သည်။ ဆန္ဒပြနေချိန်ပစ်ခတ်ဖြိုခွဲမှု၊ မီးရှို့သတ်ဖြတ်မှု၊ ဦးခေါင်းကျည်ထိမှန်မှုတို့ကြောင့် သေဆုံးသူ ၂၀ ကျော်စီ ရှိသည်ဟုလည်း ဖော်ပြသည်။ […]

မလွဲတောင်စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးထပ်မံဖမ်းမိဟုဆို

diz_admin

February 8, 2023

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအစပ် မလွဲတောင်စစ်ဆေးရေးဂိတ်တွင် ဖေဖော်ဝါရီလ ၇ ရက်က မူးယစ်ဆေး ထပ်မံ ဖမ်းမိကြောင်း စစ်ကောင်စီ၏ မူးယစ်ဆေးဝါးအလွဲအသုံးချမှုထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်သည်။ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ မလွဲတောင်ပူး‌ပေါင်းစစ်ဆေးရေးဂိတ်တွင် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့လာသည့် ခရီးသည်တင်ကားတစ်စီးအား ရပ်တန့်စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ ကားပေါ် လိုက်ပါလာသည် အသက် ၃၀ အရွယ်ရှိ ခရီးသည် ကိုမင်းဇော်ဆိုသူ၏ ကျောပိုးအိတ်အတွင်းမှ အိုက်စ် မူးယစ်ဆေး အလေးချိန် ၂ ကီလို ခန့်မှန်းကာလပေါက်ဈေး ငွေကျပ် သိန်း ၅၄၀ ခန့်တန်ဖိုးဖမ်းမိကြောင်း ဖော်ပြသည်။   ဖေဖော်ဝါရီ ၃ ရက်ကလည်း အဆိုပါစစ်ဆေးရေးဂိတ်၌ ခရီးသည်ကားအား စစ်ဆေးရာ ဦးထွန်းရွှေမြင့်ဆိုသူနှင့် ဆက်စပ်သူတစ်ဦးထံတွင် အိုက်စ် ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၂၈၇ တန်ဖိုး ဖမ်းမိခဲ့သေးကြောင်း […]

MPT Exchange ရုံးမီးလောင်သဖြင့် ဆက်သွယ်ရေးပြတ်တောက်

diz_admin

February 7, 2023

ရန်ကုန်မြို့ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အိပ်ချိန်းရုံး (MPT Exchange) မီးလောင်မှုဖြစ်ပွားသဖြင့် တစ်နိုင်ငံလုံးရှိ MPT လိုင်းများဆက်သွယ်ရေး ပြတ်တောက်လျက်ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ် အမှတ်(၅) ရပ်ကွက် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ MPT အိတ်(ပ်)ချိန်းရုံးသည် ယနေ့ ဖေဖော်ဝါရီလ ၇ ရက် နံနက် ၁၀ နာရီကျော်အချိန်က မီးလောင်မှုဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ “ကျွန်တော်တို့လည်း အဲလိုပဲကြားထားပါတယ်။ မီးလောင်နေလို့ server တွေအကုန် ရပ်ထားရတယ်ပေါ့နော်” ဟု တနင်္သာရီတိုင်းအတွင်း MPT ထုတ်ကုန် ဝန်ဆောင်မှုပေးနေသူတစ်ဦးက ဆိုသည်။ တနင်္သာရီတိုင်းတွင်လည်း ယနေ့နံနက် ၁၀ နာရီဝန်းကျင်အချိန်မှစပြီး MPT ဖုန်းလိုင်း၊ အင်တာနက်လိုင်းများအားလုံး ပြတ်တောက်သွားခဲ့သည်။ “ဆင်းကတ်မှတ်ပုံတင်ကိစ္စကြောင့်ပဲ ဖြတ်ပစ်ခံရတာလားလို့ တွေးနေတာ။ ရုတ်တရက်ကြီး ပြတ်သွားတာဆိုတော့လေ” ဟု ထားဝယ်ဒေသခံတစ်ဦးကဆိုသည်။ MPT Exchange မှာ ယနေ့နံနက် ၁၀ နာရီ ၂၃ မိနစ်ခန့်တွင် စတင်မီးလောင်ခဲ့ပြီး နံနက် ၁၀ နာရီ ၄၅ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

February 4, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ တိုက်ပွဲကြိမ်ရေ ရှစ်ထောင်ကျော်လာ၊ အာဏာမသိမ်းခင် ၁၀နှစ်တာထက် နှစ်ဆများလာ အာဏာသိမ်းကာလ ၂နှစ်အတွင်း တိုက်ပွဲအကြိမ်ရေ ရှစ်ထောင်ကျော်ရှိလာကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) က ထုတ်ပြန်သည်။ အာဏာသိမ်းသည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂ဝရက်အတွင်း တိုက်ပွဲအကြိမ်ရေ ၈၁၀၀ ကျော်ရှိလာကြောင်း ဖော်ပြသည်။ ယင်းပမာဏသည် အာဏာမသိမ်းမီ ၁၀နှစ်တာအတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲအရေအတွက်ထက် နှစ်ဆနီးပါးရှိလာ သည်ဟု ဆိုသည်။ အာဏာမသိမ်းမီ ၁၀နှစ်တာကာလအတွင်း တိုက်ပွဲအကြိမ်ရေ ၄၆၀၀ ကျော်သာ ရှိခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ မှ ၂၀၂ဝအထိ […]