ထားဝယ် မောင်မယ်ရှောင်တွင် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဖမ်းမိ
diz_admin
November 16, 2022ထားဝယ်မြို့နယ် မောင်မယ်ရှောင်ရွာ လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၁၃ ရက်နှင့် ၁၄ ရက်နေ့တို့တွင် ညီအစ်ကို ဝမ်းကွဲတော်စပ်သည့် အမျိုးသားနှစ်ဦးထံမှ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ဒေသခံများက ပြောသည်။ ဖမ်းဆီးခံရသူများမှာ မောင်မယ်ရှောင်ရွာသား ကိုသားထူးနှင့် ကိုစိုးစိုးဆိုသူတို့ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “သူတို့နှစ်ဦးက တစ်ဝမ်းကွဲ ညီအစ်ကိုတော်တယ်။ ရွာထဲမှာလည်း မူးယစ်ဆေး သုံးစွဲရောင်းဝယ်နေကြတယ်လို့ နာမည်ကြီးတယ်။ ကိုစိုးစိုးကတော့ မူးယစ်ဆေးအမှုနဲ့ ထောင်ကျခဲ့ဖူးတယ်။ အာဏာသိမ်းပြီးမှ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာတယ်” ဟု ၎င်းက ပြောသည်။ မူးယစ်ဂိုဏ်းအဖွဲ့ဝင် အဆိုပါ အမျိုးသားနှစ်ဦးကို ထားဝယ်အခြေစိုက် PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Dawei Guerrilla Revolutionary Force -DGRF အဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ထားချက်အရသိရသည်။ ဖမ်းဆီးရမိစဉ် ကိုစိုးစိုးထံမှ […]