မြိတ်တွင် ရော်ဘာဈေး ဆက်တိုက်ကျ
diz_admin
November 21, 2022မြိတ်မြို့ရှိ ရော်ဘာဈေးကွက်တွင် ဈေးနှုန်းများ ဆက်တိုက်ကျဆင်းနေကြောင်း ရော်ဘာခြံလုပ်ငန်းလုပ်ကိုင်နေသူတို့မှ သိရသည်။ ရော်ဘာ ဈေးစဖွင့်သည့် စက်တင်ဘာလအတွင်းက ရော်ဘာမှိုင်းခံ တစ်ပိဿာလျှင် ၅၅၀၀ ကျပ်ကျော် ရရှိခဲ့ရာမှ အောက်တိုဘာလတွင် ၅၀၀၀ ကျပ်သို့ ဈေးကျဆင်းလာခဲ့ကြောင်း ရော်ဘာခြံလုပ်ကိုင်နေသူအချို့က ပြောသည်။ နိုဝင်ဘာလအစမှစပြီး ၄၅၀၀ ကျပ်သို့ ကျဆင်းလာပြီးနောက် တဖြေးဖြေးကျဆင်းလာရာ လက်ရှိတွင် ၄၂၀၀ ကျပ်သာ ဈေးရှိတော့ကြောင်း ဒေါရွာရှိ ရော်ဘာခြံရှင်တစ်ဦးက ဆိုသည်။ “လေးထောင်ကျော်ဖြစ်နေတာ တစ်ပတ်ကျော်လောက်ရှိနေပြီ။ ရော်ဘာဈေးက သူတို့ (အဝယ်ဒိုင်များ) ပဲ ဈေးကစားနေကြတာ” ဟု ၎င်းက ပြောသည်။ ထို့အပြင် ဂေါ်လီချေး၊ ခွက်ကပ် (အခြောက်) တစ်ပိဿာလျှင် ၂၅၀၀ ကျပ်ကျော်မှ ၂၀၀၀ ကျပ်ဝန်းကျင်ခန့်သာ ဈေးရတော့ကြောင်း ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်နေသူအချို့က ပြောဆိုသည်။ […]