BREAKING
May 4, 2025

ပြည်တွင်းသတင်း

ပုလောနှင့် တနင်္သာရီမြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာ

diz_admin

February 2, 2023

စစ်ကောင်စီက ယနေ့ ဖေဖော်ဝါရီလ ၂ ရက်တွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး (Martial Law) အမိန့်ထုတ်ပြန်ကြေညာခဲ့ရာ တနင်္သာရီတိုင်းက ပုလောနှင့် တနင်္သာရီမြို့နယ်တို့ ပါဝင်နေသည်။ ယင်းအတွက်ကြောင့် ပုလောနှင့် တနင်္သာရီမြို့နယ်တို့တွင် အရပ်ဘက်အုပ်ချုပ်ရေးမရှိတော့ဘဲ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ အမိန့်ဖြင့် တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်သည့်စနစ်မျိုးဖြစ်သည်။ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာတို့ကို တိုင်းမှူးထံ အပ်နှင်းလိုက်ခြင်းဖြစ်သည်။ ဒေသတွင်း အမှုအခင်းများကို စစ်ခုံရုံးဖြင့်သာ စစ်ဆေးတော့မည်ဖြစ်ပြီး အခြားလူမူရေးကိစ္စများ၊ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးကိစ္စများကိုလည်း စစ်တိုင်းမှူးအမိန့်ဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်သူ၊ အစိုးရအားအကြည်အညိုပျက်အောင်ဆောင်ရွက်မှု၊ တပ်မတော် သို့မဟုတ် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်း၏ ဆောင်ရွက်မှုကို နှောင့်နှေးစေခြင်း သို့မဟုတ် ပျက်ပြားစေရန် လုပ်ဆောင်မူ စသည့်ဖြင့် အမှုပေါင်း ၂၃ မှုကို […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

January 28, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ လူတစ်သိန်း၊ ကျပ်သိန်းတစ်ထောင်ရှိမှ ပါတီထောင်ခွင့်ရမည် ပါတီဝင်ဦးရေ တစ်သိန်း၊ ပါတီရန်ပုံငွေ ကျပ်သိန်းတစ်ထောင်ရှိရမှ နိုင်ငံရေးပါတီအဖြစ် ရပ်တည်ခွင့်ရမည်ဖြစ်ပြီး လက်ရှိတည်ဆဲပါတီများလည်း ပါတီမှတ်ပုံမတင်လျှင် အလိုအလျောက်ဖျက်သိမ်းခံရတော့မည်ဖြစ်သည်။ စစ်ကောင်စီက ဇန်နဝါရီလ ၂၆ရက်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေတွင် အထက်ပါကန့်သတ်ချက်များထည့်သွင်းလာခြင်းဖြစ်သည်။ ဥပဒေပြဋ္ဌာန်းပြီး ရက် ၆၀ အတွင်း နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ကြရမည်ဖြစ်ပြီး လက်ရှိတည်ဆဲ နိုင်ငံရေးပါတီများလည်း မှတ်ပုံ အသစ်ပြန်မတင်လျှင် အလိုလိုဖျက်သိမ်းခံရမည်ဟု ဖော်ပြသည်။ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုသည့်နေ့မှ စ၍ ရက်ပေါင်း ၉ဝအတွင်း ပါတီဝင် အနည်းဆုံး တစ်သိန်း စည်းရုံးရမည်ဖြစ်ပြီး ပါတီရန်ပုံငွေကို ကျပ်သိန်းတစ်ထောင် ပြရမည်ဟုဆိုသည်။ […]

ဦးထွန်းမင်းလတ်ကို စွဲချက်တင်ထားသောအမှုများ တရားရုံးလက်ခံ၊ ပူးပေါင်းပါဝင်သူများကို သေဒဏ်ချ

diz_admin

January 26, 2023

ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်အပေါ်တွင် စွဲချက်တင်ထားသော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ရာချဒါဖိဆက် ရာဇဝတ်မှုတရားရုံးမှ လက်ခံလိုက်ပြီဖြစ်ကြောင်း ထိုင်းတရားရေးကျွမ်းကျင်သူ Steven Sanyu က ရေးသားခဲ့သည်။ ယခင်က ဖမ်းမိခဲ့သော ဦးထွန်းမင်းလတ်နှင့် ဆက်နွယ်သူ ထိုင်းနိုင်ငံသား ၆ ဦးကိုလည်း မူးယစ်ဆေးဝါးမှုနှင့် ငွေကြေးခဝါချမှုများဖြင့် သုံးနှစ်ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။ လက်နက်ပွဲစားလည်းဖြစ်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ကို Allure Group မှလုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ပြီးခဲ့သောနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို၌ ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်။ အသက် ၅၃ နှစ်အရွယ် ဦးထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

January 21, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မြန်မာစစ်ကောင်စီ လက်နက်ထုတ်လုပ်မှုကို နိုင်ငံတကာကုမ္ပဏီများထောက်ပံ့နေ မြန်မာစစ်ကောင်စီက ပြည်တွင်းတွင် စစ်လက်နက်ထုတ်လုပ်မှုကို အမေရိကန် အပါအဝင် ဥရောပနှင့် အာရှနိုင်ငံများရှိ ကုမ္ပဏီများက ထောက်ပံ့နေကြောင်း ကုလသမဂ္ဂအရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဇန်နဝါရီလ ၁၅ရက်တွင် အစီရင်ခံစာထုတ်ပြန်သည်။ အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ ယူကရိန်း၊ အိန္ဒိယ၊ အစ္စရေး၊ ဂျပန်၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဩစတြီးလျ၊ စင်ကာပူတို့တွင် အခြေစိုက်သည့် နိုင်ငံတကာကုမ္ပဏီ ၄၀ ကျော်က ထောက်ပံ့နေခြင်းဖြစ်သည်ဟု ဖော်ပြသည်။ အစီရင်ခံစာတွင် နိုင်ငံ […]

စိန်ခေါ်ပွဲ ထပ်ထိုးဖို့ လက်မှတ်ထိုးလိုက်ပြီလို့ အောင်လအန်ဆန်း အသိပေး

diz_admin

January 20, 2023

ကချင်တိုင်းရင်းသား ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲ ထပ်မံထိုးသတ်ဖို့အတွက် One Championship နဲ့ လက်မှတ်ရေးထိုးလိုက်ပြီလို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထားပြီ ဖြစ်ပါတယ်။ မြန်မာ့ စပါးအုံးလို့ နာမည်ပေးအပ်မှည့်ခေါ်ခံထားရတဲ့ အောင်လအန်ဆန်းဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ပွဲစဉ်နှစ်ပွဲဆက်တိုက် ပထမပွဲချီတွေမှာတင် ပြိုင်ဘက်တွေကို အလဲထိုးရလဒ်တွေနဲ့ အနိုင်ရရှိထားသူ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတုန်းက ဂျပန်ကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ယူရှင်း အိုကာမီ၊ ယခု ဇန်နဝါရီလ ၁၄ ရက်နေ့တုန်းက ဘရာဇီးကိုယ်ခံပညာစုံတိုက်ခိုက်ရေးသမား ဂယ်လ်ဗာအို တို့ကို အောင်လအန်ဆန်းက ဆက်တိုက်ပဲ အနိုင်ယူပြခဲ့ပါတယ်။ အောင်လအန်ဆန်းဟာ သူလက်လွှတ်ခဲ့ရတဲ့ ကမ္ဘာ့ချန်ပီယံရွှေခါးပတ် ၂ ခုကို ပြန်လည်ရယူပြနိုင်ဖို့ စိတ်အားထက်သန်နေပြီး လက်ရှိမှာ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံရွှေခါးပတ်ဆုကို ပြန်လည်ရယူနိုင်ရေးက အောင်လအန်ဆန်းရဲ့ဦးစားပေးပစ်မှတ် ဖြစ်လို့နေပါတယ်။ အောင်လအန်ဆန်းဟာ စိန်ခေါ်ပွဲ ထပ်မံထိုးသတ်ဖို့ […]

စစ်ကောင်စီက စျေးကျရန် ဖိအားပေးနေသော်လည်း ပြည်တွင်းရွှေဈေး ဆက်တက်မည်

diz_admin

January 18, 2023

ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်လာမည်ဆိုသော သုံးသပ်ချက်များနှင့်အတူ ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်လာသည့်အတွက် ပြည်တွင်းရွှေဈေးမှာ လက်ရှိဈေးထက် ဆက်တက်လာမည်ဟု စျေးကွက်လေ့လာသူများကဆိုသည်။ စစ်ကောင်စီက ပြည်တွင်းရွှေစျေးတက်လာမှုကြောင့် စျေးပြန်ကျစေရန် ဖိအားပေးစေခိုင်းနေသော်လည်း ကမ္ဘာ့ရွှေစျေးတက်လာမှုနှင့်အတူ ပြည်တွင်းရွှေစျေးလည်း မြင့်တက်လာမည်ဖြစ်သည်။ စစ်ကောင်စီက ဈေးကစားသူများကို ဖော်ထုတ် ဖမ်းဆီးအရေးယူမည်ဟုဆိုကာ ရွှေလုပ်ငန်းရှင်အချို့ကို ဖမ်းဆီးစစ်မေးခြင်းများရှိနေကြောင်း ပြည်တွင်းသတင်းအချို့တွင် ဖော်ပြသည်။ စစ်ကောင်စီက ထိုကဲ့သို့လုပ်ဆောင်ပြီးနောက် ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် ငွေကျပ်ခြောက်သောင်း ပြန်ကျသွားပြီး နှစ်ဆယ့်ခုနှစ်သိန်းခြောက်သောင်း (၂၇၆၀၀၀၀ ကျပ်) ဖြင့် ဈေးဖွင့်နေကြသည်။ စစ်ကောင်စီက ယင်းကဲ့သို့လုပ်ဆောင်နေသော်လည်း ကမ္ဘာ့ရွှေဈေးတက်နေသည့် အနေအထားကြောင့် မြေပြင်ပေါက်ဈေးကို ရေရှည်ထိန်းညှိရန်မဖြစ်နိုင်ကြောင်း ထားဝယ်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ “ဝင်ဖမ်းရင်တော့ ကမ္ဘာ့ပေါက်ဈေးထက် လျော့သွားတာတော့ အမှန်ပဲ။ အခိုက်အတန့်လောက်ပေါ့ရှင်။ ထိန်းဖို့ဆိုတာကတော့ ကမ္ဘာ့ရွှေဈေးကို သူတို့(စစ်ကောင်စီ) ထိန်းနိုင်တာမဟုတ်တော့လေ”ဟု ၎င်းက […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

January 15, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင်ရှိသည့် ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် Camp Victoria ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းတွင် စတင်ဗုံးကြဲတိုက်ခိုက်ခံရခြင်းပြီး ရဲမေ နှစ်ဦးနှင့် ရဲဘော်သုံးဦး ထိခိုက်ကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ ဌာနချုပ်နှင့် မိသားစုအိမ်ရာတို့ကို ဗုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲလည်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသတွင်းသတင်းအချို့တွင် ဖော်ပြသည်။ ယင်းတိုက်ခိုက်မှုကို ဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် ဇန်နဝါရီလ ၁၁ရက်က ဟားခါးမြို့တွင် ဈေးဆိုင်များမဖွင့်ဘဲ အသွားအလာတိတ်ဆိတ်ငြိမ်သက်ကာ […]

ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ဇန်နဝါရီ ၁၂ ရက်တွင် ထိုင်းဘက်က ဖွင့်မည်

diz_admin

January 10, 2023

ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မဲဆောက်ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများက ထုတ်ပြန်သည်။ နယ်စပ်ဂိတ်ဖွင့်ပွဲကို တက်ရောက်ရန်အတွက် မဲဆောက်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရုံးအဖွဲ့အစည်းများထံသို့ ဖိတ်ကြားစာများ ပေးပို့ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ပြီးနောက် ၃ နှစ်နီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘက်က နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့သော ၂၀၂၂ ခုနှစ် မေလအစောပိုင်းတွင်လည်း မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကိုလည်း ပြန်လည်ဖွင့်လှစ်ရန် ထိုင်းဘက်က ကြေညာခဲ့သော်လည်း မြန်မာဘက်က ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ လုံခြုံရေးအခြေအနေအရ ညှိနှိုင်းမှုအဆင်မပြေဟု […]