ဧရာဝတီတိုင်း လူမှုရေးဝန်ကြီးနှင့် မန္တလေးမြို့တော်ဝန်အပါအဝင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာပြန်လွတ်
Dawei Watch
January 4, 2024စစ်ကောင်စီက လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်သည်။ စစ်ကောင်စီက နိုင်ငံတဝန်းရှိ အကျဉ်းသား၊ အကျဉ်းသူ ၉၆၀၀ ကျော်ကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ (၁) အရ လွှတ်ပေးလိုက်ရာတွင် ဧရာဝတီတိုင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးနှင့် မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် အပါအဝင် နိုင်ငံသားအကျဉ်းသား အနည်းငယ်သာ ပါဝင်ကြောင်း ဖော်ပြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် လူမှုရေးဝန်ကြီး တာဝန်ယူခဲ့သည့် ဒေါက်တာလှမြတ်သွေးမှာ ပုသိမ်အကျဉ်းထောင်မှ ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။ ဒေါက်တာလှမြတ်သွေးကို စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ် ၂နှစ် ချမှတ်ထားခြင်းဖြစ်သည်။ […]