ရန်ကုန်နှင့် မန္တလေးတွင် လူမျိုးရေးမုန်းတီးရေး လှုံ့ဆော်စာများဖြန့်
Dawei Watch
February 13, 2024ရန်ကုန်နှင့် မန္တလေးတို့တွင် လူမျိုးရေးမုန်းတီးရေးစာများ လိုက်လံဖြန့်ဝေနေသည်ကို တွေ့ရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရခိုင်ပြည်နယ်တွင် ကျောက်တော်မြို့မှ စစ်တွေမြို့သို့ ပြောင်းရွှေ့လာသည့် စစ်သင်္ဘောသုံးစင်း တိုက်ခိုက် နစ်မြှုပ်ခံရသည့် ဖြစ်စဉ်တွင် စစ်ကောင်စီတပ်မိသားဝင် ရာနှင့်ချီ သေဆုံးပြီး အသက်ရှင်သူများလည်း အသတ်ခံရသည်ဟုဆို ယင်းအပေါ် လက်တုံ့ပြန်ရန် ယင်းသို့ ဖြန့်ဝေနေကြခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ရက်တွင် စစ်သင်္ဘောတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်ကောင်စီ ထောက်ခံသူများ၏ လူမှုကွန်ရက်တွင် လူမျိုးရေးမုန်းတီးရေး စာများ စတင်ဖြန့်ဝေခဲ့ကြသည်ကို တွေ့ရသည်။ ရခိုင်လူမျိုးများ၏ ဆိုင်များတွင် စျေးမဝယ်ရန်၊ ရခိုင်မုန့်တီကို မစားကြရန်၊ ရန်ကုန်၊ မန္တလေးရောက် ရခိုင်လူမျိုးများကို လက်တုံ့ပြန်ရန် စသည့်စာများ ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ယင်းနောက်လေးရက်အကြာ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မန္တလေးမြို့ပေါ်တွင် လူမျိုးရေးမုန်းတီးရေးစာများ စတင်ဖြန့်ဝေလာ […]