စစ်တွေမြို့မစျေး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး လူ ၁၀ကျော်သေဆုံး
Dawei Watch
February 29, 2024ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့မစျေးတွင် ယနေ့ နံနက်ပိုင်းက စျေးဝယ်သူများဖြင့် စည်ကားနေချိန် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် လူ ၁၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရကြောင်း ဒေသတွင်းသတင်းများတွင် ဖော်ပြချက်နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၉ ရက် နံနက် ၈နာရီခွဲတွင် စစ်ကောင်စီ ရေတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်သည် စစ်တွေ မြို့မစျေး ကိုရီးယာဆိပ်ကမ်းပျံကျစျေးတန်းတွင် ကျရောက်ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းတို့က ဖော်ပြသည်။ လက်နက်ကြီးကျည်စထိမှန်ကာ သေဆုံးသူ ၁၂ ဦးအထိ ရှိနေပြီး ဒဏ်ရာရသူ ၃၁ ဦး ဆေးရုံတွင် ဆေးကုသမှုခံယူနေ ရကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦး၏ ပြောဆိုချက်ကို ကိုးကားကာ ဒေသတွင်းသတင်းဌာန တစ်ခုဖြစ်သည့် Narinjara သတင်းတစ်ရပ်တွင် ဖော်ပြသည်။ သေဆုံးသူများတွင် အမျိုးသမီးများနှင့် […]